အခန်း (၁၆၃) ညီမငယ်ကို လိုက်ရှာနေသော စုယုယာ

278 13 0
                                    

ရဲ့ချန်သည်လည်း ဤနေရာတွင် လုပ်စရာ မရှိတော့သည့်အတွက် အခန်းထဲမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် ရဲ့ချန်က ချောင်ယမ်ယမ်နှင့် တွေ့ဆုံရန် ကျောင်းပေါက်၀ဆီသို့ ထွက်လာခဲ့တော့သည်။
ရဲ့ချန် ကျောင်းပေါက်၀ဆီသို့ ရောက်လာသောအခါ ချောင်ယမ်ယမ့်ကို ရှာမတွေ့တော့ပေ။
ထို့ကြောင့် ရဲ့ချန်က သူ၏ဝိညာဉ်အသိကို အသုံးပြုပြီး ရှာဖွေလိုက်သောအခါ ချောင်ယမ်ယမ်တို့က ကျောင်းက ခန်းမတစ်ခုထဲတွင် ရှိနေကြောင်း မြင်လိုက်ရ၏။
လောလောဆယ် ချောက်ယမ်ယမ်က စုယုယုနှင့် အတူရှိနေသည်။ သူမက စုယုယုကို သိုင်းပညာသင်ပေးနေပုံ ပေါ်သည်။
“ ရဲ့ချန် နင်လား “ တစ်စုံတစ်ယောက်က ရဲ့ချန်၏နာမည်ကို ခေါ်လိုက်၏။
ရဲ့ချန်က တစ်ဖက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သောအခါ လမ်းလေးတွင် ရပ်နေသော စုယုယာကို မြင်လိုက်ရ၏။
ယနေ့ စုယုယာက အပြာရောင် တောက်ပနေသော ၀တ်စုံတစ်ထည်ကို ၀တ်ဆင်ထား၏။ သူမက ထို၀တ်စုံလေးကို ၀တ်ထားသောကြောင့် သူမ၏ဖွံ့ဖြိုးနေသော ခန္ဓာကိုယ် အချိုးအစားများက အထင်းသား ပေါ်လွင်နေတော့သည်။ စုယုယာ၏ခန္ဓာကိုယ်က ယောက်ျားသားများကို အာရုံကို အမှန်တကယ် ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။ အထူးသဖြင့် သူမ၏မျက်နှာလေးက အသက် ၃၅ နှစ်တိုင်အောင် အရေးအကြောင်း မရှိဘဲ လှပနေသေးသည် မဟုတ်ပါလား။ ယင်းသည် စုယုယာက သူမ၏ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်တတ်ကြောင်း ပေါ်လွင်နေပေသည်။
“ မစ်စု ခင်ဗျား ဒီကျောင်းကို ဘာလာလုပ်တာလဲ “ ရဲ့ချန်က စုယုယာအား ကျောင်းသို့လာရသည့် အကြောင်းရင်းကို မေးမြန်းလိုက်၏။
“ ငါ့ကို ကြီးကြီးကျယ်ကျယ်တွေ ခေါ်နေစရာ မလိုပါဘူး၊ စုယုယာလို့ခေါ်ရင် ရပြီး “ စုယုယာသည် ရဲ့ချန်က သူမ၏နာမည်ကို မစ်တပ်ခေါ်နေသောကြောင့် မခံချိမခံသာ ဖြစ်သွားလေသည်။ သူမ၏သက်က ၃၅ နှစ် နီးပါးပင် ရှိသေးသည် မဟုတ်ပါလား။ ထို့ကြောင့် နာမည်ကို မစ်တပ်ခေါ်ရလောက်အောင်ထိ မထိုက်တန်သေးချေ။
“ ငါ ငါ့ရဲ့ညီမငယ်လေးကို လိုက်ရှာနေတာ၊ သူမက အမြဲတမ်း ငါ့ကိုဆို အလေးကို မထားဘူးဟာ “ စုယုယာသည် ညီမငယ်လေးကို မည်သည့်နေရာမှာမှ ရှာမတွေ့သောကြောင့် အနည်းငယ် စိတ်ပူနေပုံ ပေါ်နေသည်။
စုယုယာက ညီမဖြစ်သူ၏အဆောင်တွင်လည်း စစ်းဆေးကြည့်ပြီးပြီ ဖြစ်၏။ အဆောင်တွင်လည်း ညီမငယ်လေးကို ရှာမတွေ့ခဲ့ပေ။
စုယုယာသည် ညီမငယ်လေး တစ်ခုခုဖြစ်မည်ကို တွေးတွေးပြီး ရတက်မအေးနိုင်အောင် ဖြစ်နေတော့သည်။
“ စုယုယာ ခင်ဗျား ညီမလေးရဲ့နာမည်ကို သိလို့ရမလား “ ရဲ့ချန်ကလည်း စုယုယာ၏ညီမ နာမည်ကို သိချင်စိတ် ပေါက်လာ၏။
“ ညီမလေး နာမည်က စုယုယုတဲ့ “ စုယုယာက ညီမဖြစ်သူ၏နာမည်ကို ပြောပြလိုက်သည်။
“ ဝိုး … ကြည့်စမ်း၊ ခင်ဗျား ညီမလေး ဘယ်မှာရှိတယ်ဆိုတာ ကျုပ်သိတယ်၊ လာ ကျုပ်နဲ့လိုက်ခဲ့ “ ရဲ့ချန်က စုယုယာကို စုယုယု ရှိသော နေရာဆီသို့ ခေါ်လာခဲ့သည်။
စုယုယာက ရဲ့ချန်၏နောက်က လိုက်ပါလာခဲ့သည်။ သူတို့နှစ်ယောက် ခန်းမထဲသို့ ရောက်လာသောအခါ ထိုနေရာတွင် ချောင်ယမ်ယမ် နှင့် စုယုယုတို့က သိုင်ပညာများ လေ့ကျင့်နေသည်ကို မြင်လိုက်ရ၏။
လောလောဆယ် ချောင်ယမ်ယမ်က တိုက်ပွဲတွင် အဓိက လိုအပ်သော အခြေခံလှုပ်ရှားမှုများကို သင်ကြားပြသ ပေးနေသည်။
“ ယုယု ညည်းကို ကျောင်းပေါက်၀မှာ ဘာဖြစ်လို့ ချက်ချင်း ရှာမတွေ့ရတာလဲ “ စုယုယာက ရောက်ရောက်ချင်း ဆူပူတော့သည်။
စုယုယုက လေ့ကျင့်နေသည်ကို ရပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ဒေါသထွက်နေသော အမူအရာဖြင့် မတ်တပ်ရပ်နေသော အမဖြစ်သူကို မြင်လိုက်ရ၏။
“ မမ ဒီကို ဘာလာလုပ်တာလဲ “ စုယုယုသည် အမဖြစ်သူက ကျောင်းသို့ ရုတ်တရက် ရောက်လာသောကြောင့် မေးမြန်းလိုက်၏။
“ ညည်းက မေးနေသေးတယ်၊ မနေ့ညက ငါမက်ဆေ့ပို့လိုက်တယ် မဟုတ်လား၊ အိမ်ပြန်ချိန်ကျရင် ငါလာကြိုပါမယ်လို့၊ ညည်း ငါ ပို့တဲ့မက်ဆေ့ကို မဖတ်ဘူးနဲ့တူတယ် ဟုတ်လား “ စုယုယာ၏ပုံစံက ညီမငယ်လေး စုယုယုအား ပို၍ ပို၍ပင် စိတ်ဆိုးလာသည့်ပုံ ပေါက်နေတော့သည်။
စုယုယု၏ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်သွားလေသည်။ သူမက အမဖြစ်သူ ဆူလိုက်သောအခါ အတော်လေး ထိတ်လန့်သွားသည် မဟုတ်ပါလား။
“ ယုယု နင် ဒီလိုနေရာကြီးမှာ ဘာလုပ်နေတာလဲ “ စုယုယာသည် စုယုယုက ဤနေရာတွင် မည်သည့်အရာများ လုပ်နေမှန်း သိချင်စိတ် ပေါက်သွား၏။
“ တကယ်တော့ အမကြီးယမ်ယမ်က ညီမလေးကို သိုင်းပညာ သင်ပေးနေတာပါ “ စုယုယုသည် သူမတို့က ယခု သိုင်းသင်နေကြောင်း စုယုယာအား ချက်ချင်း ပြန်ဖြေလိုက်သည်။
“ သိုင်းပညာ … ယုယု နင် ဒီလိုမျိုး ဟာတွေကို သင်ဖို့ တစ်ယောက်ယောက်ကို ဖိအားခဲ့တယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော် “ စုယုယာက ညီမဖြစ်သူ၏ စိတ်နေသဘောထားကို ကောင်းကောင်း သိထားသည် မဟုတ်ပါလား။
စုယုယုက တိုက်ပွဲတစ်ခုတွင် လူတစ်ယောက်၏ သိုင်းကွက်များကို မြင်လျှင် သူမကို သိုင်းပညာသင်ပေးရန် ထိုလူ့အား ချက်ချင်း တောင်းဆိုမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
စုယုယာသည် စုယုယု၏ဝါသနာကြောင့် အကူညီမဲ့ခဲ့ရ၏။ မိန်းကလေးတစ်ယောက်ဖြစ်သော စုယုယုက အဘယ်ကြောင့် ဤသို့သော ဝါသနာမျိုး ရှိနေရသနည်း။ ယင်းက စုယုယု လုပ်ဆောင်နိုင်သော သာမန်ဝါသနာတစ်ခု မဟုတ်ပေ။
စုယုယာသည် စုယုယုကို ထိုထူးဆန်းသော ဝါသနာအား မေ့သွားစေရန် အဆောင်တစ်ခုတွင် နေစေလိုက်သည်။ သို့သော် လအနည်းငယ်ခန့် ကြာပြီးသည့်တိုင် သူမ၏ပုံစံက ဘာမျှ ထူးထူးခြားခြား ပြောင်းလဲမသွားပေ။ ကံကောင်းထောက်မစွာ သူမ၏အခန်းဖော်က ထိုထူးဆန်းသော ဝါသနာကို လက်ခံပေးခဲ့သည်။ သို့မဟုတ်လျှင် စုယုယာသည် ညီမငယ်လေးကို မည်သို့ အဆင်ပြေအောင် လုပ်ပေးရမှန်းပင် သိတော့မည် မဟုတ်ချေ။
“ ဟင့်အင် … ညီမလေး ဘာကိုမှ တွန်းအားမပေးပါဘူး၊ အမယမ်ယမ် ကိုယ်တိုင်က ညီမလေးကို လိုလိုလားလားနဲ့ သင်ပေးတာ၊ နော့ မမရာ “ စုယုယုက စုယုယာ၏စကားများကို ငြင်းဆန်လိုက်၏။
“ ဘာမှမဟုတ်ဘူး သူလိမ်နေတာ၊ သူ့ကို သိုင်းသင်ပေးဖို့ လူတစ်ယောက်ကို ဖိအားပေးခဲ့တယ် “ တစ်ဖက်တွင် ရပ်နေသော ရဲ့ချန်က ကြားဖြတ်ပြောလိုက်သည်။
“ ရှင် … “ စုယုယုက စိတ်ဆိုးမာန်ဆိုးဖြင့် ရဲ့ချန်ကို လက်ညှိုးထိုးပြီး ဘာမျှ မပြောနိုင် ဖြစ်နေလေသည်။
စုယုယာ၏ခန့်မှန်းချက်က မှန်ကန်သွားပုံ ရ၏။ ထို့ကြောင် ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့ကို စိတ်အနှောက်အယှက် မဖြစ်စေရန် စုယုယုကို အိမ်သို့ မြန်မြန် ပြန်ခေါ်သွားမှ ဖြစ်ချိမ့်မည်။
“ လာ အိမ်ပြန်မယ် “ စုယုယာက စုယုယု၏နားရွက်တစ်ဖက်ကို ဆွဲပြီး အိမ်ပြန်ရန် ပြင်လိုက်သည်။
“ ေဩာ် … ရဲ့ချန် နဲ့ ချောင်ယမ်ယမ်၊ ငါ့ညီမလေးက နင်တို့နှစ်ယောက်ကို အနှောက်အယှက် ပေးခဲ့တဲ့အွက် တောင်းပန်ပါတယ် “ စုယုယာက တောင်းပန်လိုက်သည်။ ညီမဖြစ်သူကြောင့် သူတို့နှစ်ယောက်က သက်သက်မဲ့ စိတ်အနှောက်အယှက် ဖြစ်သွားရသည် မဟုတ်ပါလား။
“ မမ ဒါ ညီမလေး အမှားမဟုတ်ဘူး၊ ညီမလေးကို မြန်မြန် လွှတ်ပေးပါ “ စုယုယုက စုယုယာ၏လက်က လွတ်ရန် အတင်းရုန်းကန်နေလေသည်။
စုယုယာက စုယုယုကို ထွက်ပြေးခွင့် မပြုချေ။ သူမက စုယုယုကို ထွက်မပြေးနိုင်ရန် သူမ၏လက်တစ်ဖက်ကိုပင် ထပ်မံ ဆုပ်ကိုင်ထားလိုက်သေး၏။ ထို့နောက် သူမက ညီမဖြစ်သူကို ကျောင်းပေါက်၀ဆီသို့ ဆွဲခေါ်သွားလေသည်။
“ အရူး … ဟားဟားဟား “ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့သည် ထိုမြင်ကွင်းကို ကြည့်ပြီး သဘောကျနေကြလေသည်။
“ အင်း … စုယုယုက စုယုယာရဲ့ ညီမလေးဖြစ်နေမယ်လို့ ငါ တကယ် ထင်မထားတာ သိလား “ ချောင်ယမ်ယမ်က စုယုယာတွင် ညီမငယ်လေးတစ်ယောက် ရှိမှန်း မသိခဲ့ပေ။
“ အင်း … လုံး၀ သေချာတာပေါ့၊ ငါ သူ့မျက်နှာကို မြင်ကတည်းက တစ်ယောက်ယောက်နဲ့ တူပါတယ်လို့ အောက်မေ့နေတာ၊ အမှန်တော့ စုယုယာရဲ့ ညီမလေး ဖြစ်နေတာကိုး “ ယခု ရဲ့ချန်က စုယုယုက မည်သူနှင့်တူကြောင်း သိသွားပြီ ဖြစ်၏။ သိရသရွေ့ စုယုယု နှင့် စုယုယာတို့က မိသားစုများ ဖြစ်ပုံ ပေါ်၏။
“ ရဲ့ချန် အိမ်ပြန်ရအောင်လေ “ ချောင်ယမ်ယမ်က ရဲ့ချန်ကို အိမ်ပြန်ရန် ခေါ်လိုက်သည်။
“ ကောင်းပြီလေ၊ ပြန်တာပေါ့ “ ရဲ့ချန်က ခေါင်းညိတ်လိုက်ပြီး ချောင်ယမ်ယမ်နှင့်အတူ ကားပါကင်သို့ ထွက်လာခဲ့သည်။
ထိ်ု့နောက် ရဲ့ချန်က ကားကို အဘိုးချောင်ဂျင်ချမ်း၏အိမ်သို့ မောင်းလာခဲ့သည်။ ထိုအိမ်တွင် စုမန်ချီကို ၀င်ခေါ်ရန် ကိစ္စက ရှိနေသေးသည် မဟုတ်လား။
ထိုအချိန်တွင် အဘိုးချောင်ဂျင်ချမ်း၏ အိမ်ရှေ့က မျက်နှာစာတွင် စစ်သားတစ်ရာခန့်က နိုးနိုးကြားကြားဖြင့် စောင့်ကြပ်နေသည်။ သူတို့က အိမ်ပေါက်၀တွင် ရပ်နေသော စုမန်ချီကို စောင့်ရှောက်နေကြခြင်း ဖြစ်သည်။
စုမန်ချီသာ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် ချောင်ဂျင်ချမ်းက သေချာပေါက် အပြစ်တင် ခံရမည် ဖြစ်သည်။ ထို့ကြောင့် ချောင်ဂျင်ချမ်းက တာ၀န်ချိန်မရှိသော စစ်သားတစ်ရာကို စုမန်ချီအား အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်၏။
စုမန်ချီက ရဲ့ချန် ရောက်လာမည့် အချိန်ကို စောင့်စားနေခြင်း ဖြစ်သည်။ အဘိုးချောင်ဂျင်ချမ်း၏ ပြောပြချက်အရဆို ရဲ့ချန်တို့က စောစောစီးစီးကတည်းက ရောက်လာသင့်နေပြီ ဖြစ်၏။ သို့သော် ရဲ့ချန်တို့က သူမကို ယခုချိန်ထိ လာမခေါ်သေးပေ။
နောက်ဆုံးတော့ အချိန်ကြာအောင် စောင့်စားပြီးသော် စုမန်ချီက ရဲ့ချန်၏ကားကို လှမ်းမြင် လိုက်ရတော့သည်။
ရဲ့ချန်က ကားကို စုမန်ချီ၏ရှေ့တွင် ချက်ချင်း ရပ်ပေးလိုက်သည်။ ထို့နောက် စုမန်ချီက ကားတံခါးကို ဖွင့်ပြီး ကားထဲတွင် ချက်ချင်း ၀င်ထိုင်လိုက်သည်။ “ မန်ချီ ငါတို့ကို စောင့်ရတာ ကြာသွားလား “ ရဲ့ချန်က မေးလိုက်၏။
“ ငါ နင်တို့ကို တစ်နာရီနီးပါးလောက် စောင့်လိုက်ရတယ်၊ နင်တို့နှစ်ယောက်က ဘယ်နေရာမှာ ဘာတွေလုပ်နေကြတာလဲ “ စုမန်ချီက မျက်နှာဆူပုပ်ပုပ်ဖြင့် ပြောလိုက်သည်။
“ တောင်းပန်ပါတယ်ဟာ၊ ငါတို့ ကျောင်းမှာ ပြဿနာ နည်းနည်းတက်နေလို့ပါ၊ အဲဒါကြောင့် အဲမှာ နည်းနည်း ကြာအောင် နေနေရတာ “ ရဲ့ချန်က လာခေါ်ရန် နောက်ကျနေသည့်အတွက် စုမန်ချီကို တောင်းပန်လိုက်သည်။
“ မေ့လိုက်တော့၊ တောင်းပန်စရာ မလိုပါဘူးဟာ၊ လုပ်လုပ် နင့်အိမ်ကို သွားရအောင်လုပ် “ စုမန်ချီ၏ပုံစံက ရဲ့ချန်၏အိမ်သို့သာ သွားချင်စော လောကြီးနေဟန် ရ၏။
စုမန်ချီသည် ရဲ့ချန်၏ တခြားမိန်းမနှစ်ယောက်နှင့် ပတ်သက်ပြီး အတော်လေး သိချင်စိတ် ပြင်းပြနေ၏။ စုမန်ချီသည် ရဲ့ချန်၏ တခြားမိန်းမ နှစ်ယောက်က ချောင်ယမ်ယမ်ကဲ့သို့ အတူတကွ ရှေ့ဆက်လို့ရမည့် မိန်းမဖြစ်စေရန် အမှန်တကယ် မျှော်လင့်မိ၏။
“ ကောင်းပြီ သွားကြစို့ “ ရဲ့ချန်က အရှိန်မြှင့်တင်ပြီး တပ်မတော်နယ်မြေမှ ထွက်ခွာသွားတော့သည်။
ချောင်ဂျင်ချမ်းသည် တာ၀န်ထမ်းဆောင်နေသော စစ်သားများကို သူတို့၏တာ၀န်များ ပြီးဆုံးပြီဖြစ်ကြောင်း ပြောလိုက်သည်။ သူတို့သည် သူတို့ကာကွယ်ပေးရမည့် အရေးပါသော လူတစ်ဦး ရှိနေသောကြောင့် အတော်လေးကို စိတ်မသက်မသာ ဖြစ်နေ၏။ စုမန်ချီသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူတို့၏အလုပ်ကလည်း ဤနေရာတွင်ပင် နိဌိတံသွားမည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now