အခန်း (၁၂၈) ပျော်ရွှင်သော ဘဝ

281 15 0
                                    

လောလောဆယ် ရဲ့ချန်က အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသည်။ သူသည် အလွန်တရာ နုညံ့သာ နေရာတစ်ခုတွင် ခေါင်းအုံးအိပ်နေကြောင်း ခံစားလိုက်ရ​၏။

ရဲ့ချန် မျက်လုံးကို ဖွင့်လိုက်သောအခါ ဖူလန်လင်း​၏ယုန်ကြီးနှစ်ကောင်ကို မြင်လိုက်ရသည်။ ဖူလန်လင်းက ရဲ့ချန်​၏ဦးခေါင်းကို တင်းကြပ်စွာ ဖက်ထားသည် မဟုတ်ပါလား။

ရဲ့ချန်သည် သူ​၏ဦးခေါင်းကို ဖူလန်လင်း​၏တောင်ဘို့ နှစ်လုံးကြားတွင် နှစ်မြှပ်ပြီး သာယာကြည်နူးနေ​၏။

ယခုက ရဲ့ချန်နှင့်ပေါင်မန်တို့​၏ တိုက်ပွဲအပြီး နှစ်ရက်ပင် ကြာညောင်းသွားပြီ ဖြစ်​၏။ ကုန်ဆုံးခဲ့သော ရက်ပိုင်းအတွင်း ရဲ့ချန်က သူ​၏ဘဝကို စိတ်အေးလက်အေးဖြင့် ငြိမ်းချမ်းစွာ ဖြတ်သန်းခဲ့သည်။

ရဲ့ချန်သည် နေ့စဉ် နတ်သမီးတံခါးဝအတွင်း ချောင်ယမ်ယမ်၊ ဖူလန်လင်းနှင့် လျှို့ယွဲ့တို့ဖြင့် အတူတကွ အချိန်များ ကုန်ဆုံးခဲ့သည်။

ရဲ့ချန်နှင့် ဖူလန်လင်းသည် ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့တို့ကို အင်အားများ ပိုမို သန်မာလာစေရန် လေ့ကျင့်ပေးခဲ့ကြသည်။

လေ့ကျင့်ခန်းများ ပြီးဆုံးပြီးနောက် ရဲ့ချန်နှင့် မိန်းမဖြစ်သူများအတွက် ပျော်ရွှင်စရာ အချိန်များသာ ရှိတော့သည်။ ထို့ကြောင့် သူတို့က ယင်ယန်ကျင့်ကြံရင်းဖြင့်သာ မွေ့လျော်နေကြ​၏။

ရဲ့ချန်​၏ အင်အားများအောက်တွင် ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့တို့​၏ ညည်းညူသံများက ယင်ယန်ကျင့်ကြံခင်း ခန်းမထဲတွင် လွင့်ပျံခဲ့ရ​၏။ ရဲ့ချန်ဆီက သနားညှာတာမှုအား တောင်းခံသည့်အခါမှသာ ရဲ့ချန်က သူမတို့နှစ်ယောက်ကို လွှတ်ပေးသည်။

မိန်းကလေး သုံးယောက်ထဲတွင် ဖူလန်လင်းတစ်ယောက်သာ ရဲ့ချန်နှင့် အပြိုင်ကြဲနိုင်ခြင်း ဖြစ်​၏။

သူမက ရဲ့ချန်နှင့် ယင်ယန်ကျင့်ကြံရာတွင် လေးနာရီမှ ငါးနာရီအထိပင် ကြာအောင် အချစ်ပွဲ နွှဲနိုင်သည် မဟုတ်ပါလား။

ဖူလန်လင်းသည် အစက ယောက်ျားနှင့် မိန်းမကြားက ဆက်ဆံရေးများကို လုံးလုံး မသိချေ။ သို့သော် ရဲ့ချန်​၏သွန်သင် ဆုံးမမှုအောက်တွင် သူမက အလွန်တရာ ပြည့်စုံသော အိပ်ရာပေါ်က မိန်းကလေးတစ်ယောက် ဖြစ်နေပြီ ဖြစ်​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now