အခန်း (၁၂၀) ကျုပ်တို့ကို ရွေးခိုင်းလို့လား

229 15 0
                                    

ရဲ့ချန်၊ ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့တို့သည် သူတို့၏ထိုင်ခုံများ ရှိရာသို့ ရောက်ရှိလာကြသည်။ VVIP ထိုင်ခုံများက ရှေ့ဆုံးတန်းတွင် ရှိသည်။ ထို့ကြောင့် ဤနေရာက စင်ပေါ်က လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

“ သခင်လေးနဲ့ သခင်မလေးတို့ ဒါက ခင်ဗျားတို့ ထိုင်ခုံတွေပါ “ လုံခြုံရေးက ရဲ့ချန်တို့၏ထိုင်ခုံအား ညွှန်ပြလိုက်သည်။

ထိုင်ခုံသုံးခုံက ဘေးချင်း ကပ်ရပ် ထိုင်ခုံများ ဖြစ်သည်။ ရဲ့ချန်က အလယ်တွင် နေရာယူပြီး ချောင်ယမ်ယမ်က ဘယ်ဘက်၊ လျှို့ယွဲ့က ညာဘက်တွင် အသီးသီး နေရာယူလိုက်ကြသည်။

VVIP ထိုင်ခုံများတွင် ချမ်းသာသော သခင်လေးများ သခင်မလေးများသာ နေရာယူထားကြသည်။ ရဲ့ချန်​၏ဘေးတွင် ခြံရံထိုင်နေသော ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့ကို လူများစွာက စိုက်ကြည့်နေကြသည်။

ထိုချမ်းသာသော သခင်လေးများက ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့ကို စိတ်ဝင်စားနေဟန် ရသည်။

ထိုအရာကို ကြည့်ရင်း ရဲ့ချန်က သူတို့ကို ခြိမ်းခြောက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့ကို ငမ်းနေကြသော လူများက သူတို့​၏မျက်လုံးများကို ချက်ချင်း လွှဲလိုက်ကြသည်။

အဆောက်အဦးထဲတွင် လူများစွာဖြင့် ပြည့်နေပြီ ဖြစ်သည်။ ဤအဆောက်အဦး​၏ အရွယ်အစားက လူတစ်ထောင်လောက်သာ ဝင်ဆံ့နိုင်သည်။ ထို့ကြောင့် အဆောက်အဦးထဲတွင် ရှိနေကြသူများက ဖန်းရွှယ်​၏ အမာခံ ပရိတ်သတ်များပင် ဖြစ်ကြသည်။

အချိန်အတန်ကြာအောင် စောင့်ဆိုင်းပြီး နောက်ဆုံးမှာတော့ ပွဲက စတင်ပြီ ဖြစ်​၏။ ဖန်းရွှယ်ကလည်း စင်မြင့်ပေါ်သို့ တက်လာပြီ ဖြစ်သည်။

" ဖန်းရွှယ် ... ဖန်းရွှယ် ... ဖန်းရွှယ် ... "

" ဖန်းရွှယ် ... ဖန်းရွှယ် ... ဖန်းရွှယ် ... "

အဆောင်အအုံထဲတွင် ဖန်းရွှယ်​၏နာမည်ကို အော်ဟစ် အားပေးနေသော အသံများက လှိုင်သံရိုက်သွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now