အခန်း (၃၂) အမှောင်သည် တားမြစ် စွမ်းအင် ဖြစ်သည်

375 39 0
                                    

ချူးယွဲ့ချန် " အိုး ဟုတ်ပြီ။ ဆရာငယ် အဲလေ ရဲ့ချန်လို့ ပြောတာ။ ရှင်က ဒဏ္ဍာရီထဲက ပညာရှင်နတ်ဘုရားရဲ့ အမွေဆက်ခံသူလို့ ကျွန်မ တကယ်ကို ထင်မထားတာ သိလား "

" ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ " ရဲ့ချန် ထိုစကားကိုကြားပြီး အနည်းငယ်ထိန့်လန့်သွားသည်။ ဤလျှို့ဝှက်ချက်က ဂူရွှမ်းနှင့်သူက လွဲရင် မည်သူမှ မသိသော အရာဖြစ်သည်။

ချူးယွဲ့ချန် " ဟဟဟ ရဲ့ချန် ဒါက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။ သိပ်ပြီးလည်း လန့်မသွားနဲ့အုံး။ ရှင်နဲ့ ကျွန်မက စိတ်ချင်းဆက်သွယ်ထားတယ်လေ။ ကျွန်မသခင်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ကျွန်မ မြင်နိူင်တယ်။ ဆရာသင်ခဲ့တဲ့ ကျင့်စဉ်ရဲ့စွမ်းရည်တွေအကုန်လုံးနဲ့ ပတ်သက်ပြီး အသေးစိတ်တောင် မြင်နိူင်တယ် "

" ဘာ.." ထိုချူးယွဲ့ချန်က ဤမျှလောက် စွမ်းရည်ရှိလိမ့်မည်ဟု ရဲ့ချန် မျှော်လင့်မထားချေ။

" ယွဲ့ချန် ခင်ဗျားက ပညာရှင်နတ်ဘုရားကိုလည်း သိတာပဲလား " ရဲ့ချန် မေးလိုက်သည်။

ချူးယွဲ့ချန် " ပညာရှင်နတ်ဘုရားနဲ့ပတ်သက်ပြီး ကျွန်မ နည်းနည်းတော့သိတယ်။ သူက ရှေးရှေးတုန်က မီး၊ ရေ၊ လေ၊ အလင်း၊ မိုးကြိုး၊ မြေ နှင့် ဒိုင်မေးရှင်းဆိုတဲ့ သဘာဝအင်အားစု ၇ မျိုးကိုထိန်းချုပ်တဲ့ ကြီးမြတ်သောနတ်ဘုရားငါးယောက်ထဲက တစ်ယောက်ပဲ "

" ခင်ဗျား ဘာပြောလိုက်တယ် သဘာဝအင်အားစုက မီး၊ အလင်း၊ ရေ၊ လေ၊ မြေ၊ မိုးကြိုး၊ ဒိုင်မေးရှင်းနဲ့ အမှောင်ဆိုပြီး  ၈ မျိုး ရှိတာမဟုတ်ဘူးလား " ရဲ့ချန် ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

ချူးယွဲ့ချန် " ရဲ့ချန် ရှင်ဘာစကားပြောလိုက်တာလဲ။ ရှေးတုန်းက နတ်ဘုရားတွေနဲ့ နတ်ဖုရားမတွေက ပညာရှင်နတ်ဘုရားမှာ အမှောင်စွမ်းအင်သာရှိမယ်ဆိုရင် ဘာဖြစ်လို့ အလွန်အမင်း ရိုသေလေးစားနေမှာလဲ "

ရဲ့ချန် " ဒါပေမယ့် ပညာရှင်နတ်ဘုရားကိုယ်တိုင်က ကျုပ်ကို ပြောခဲ့တာ။ သူက သွေးကြောရှစ်ခုကိုလည်း အပိုထည့်ပေးခဲ့တယ်။ အဲ့ဒီ့သွေးကြောတစ်ခုချင်းစီက သဘာဝအင်အားစုတစ်ခုချင်းစီကို ကိုယ်စားပြုတယ် "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now