အခန်း (၇၂) သကြားလုံး ကျွေးလိုက်တာပါ

316 19 0
                                    

" ရဲမေလော့ဘင်... ရှင့်လူတွေ ပိုင်ချုံးအိမ်သွားပြီး သက်သေသွားရှာတာ ရပြီလား၊ မရသေးဘူးလား " လျှို့ယွဲ့က လော့ဘင်အား နောက်ထပ်တစ်ကြိမ် ထပ်မံမေးလိုက်တော့သည်။

" ခဏလေး... ခဏလေး... ကျွန်မ သူတို့ကို ဖုန်းခေါ်လိုက်မယ် " လော့ဘင်က သူမ​၏စမတ်ဖုန်းကို ထုတ်ယူပြီး တစ်စုံတစ်ယောက်​၏နံပါတ်ကို ရိုက်နှိပ်လိုက်တော့သည်။

" တူ... တူ... တူ... " ကံမကောင်းစွာပင် အခြားတစ်ဘက်က လူက ရဲမေလော့​၏ဖုန်းကောကို ပြန်လည်ဖြေကြားခြင်း မရှိပေ။

" ထူးဆန်းလိုက်တာ... ဖုန်းကိုင်ဖို့ကို ဘာဖြစ်လို့ ဒီလောက်ထိ ကြာနေတာလဲ " ရဲမေလော့ ထူးထူးဆန်းဆန်း ဖြစ်နေသည်ဟု ခံစားမိသည်။ ထိုလူနှစ်ယောက်​၏တာဝန်က ပိုင်ချုံးနှင့် ရှယ်ယာရှင်များ​၏အိမ်များတွင် သက်သေတစ်ခုခု သွားရှာရန်သာ ဖြစ်လေသည်။ ယခုဆို အချိန်တောင် အတော်ကြာနေပြီဖြစ်သည့်အတွက် ပြန်ရောက်ရန် သင့်ချေပြီ။ အထူးသဖြင့် သူတို့ဟာ သူမ​၏ဖုန်းကောကိုတောင် မဖြေကြားသည့်အတွက် လော့ဘင်တစ်ယောက် တဖြည်းဖြည်း သံသဝင်လာတော့သည်။

ထို့ကြောင့် လော့ဘင်က ဌာနချုပ်ဆီဖုန်းခေါ်ပြီး ထိုကိစ္စကို စစ်ဆေးခိုင်းလိုက်တော့သည်။ " မစ် လျှို့... ကျွန်မလူတွေမှာ အခက်အခဲ နည်းနည်းလေး ရှိနေတယ်ထင်တယ်၊ ဒီတော့ ခဏလောက် စောင့်ပေးပါ " လော့ဘင်က လျှို့ယွဲ့ကို သူ့လူများ​၏ကြန့်ကြာမှုအတွက် တောင်းပန်သည်။

လျှို့ယွဲ့ " ရပါတယ်... ရဲတွေက သက်သေကို မကြာခင် ရှာနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် "

" ဒါရိုက်တာ လျှို့... ခင်ဗျား ဘာပြောချင်တာလဲ၊ ဘာကို ဆိုလိုတာလဲ၊ ပိုင်ချုံးရဲ့အစီအစဉ်တွေကိုကြည့်ပြီး ကျုပ်တို့ကိုပါ သံသယဝင်နေတာလား " ရှယ်ယာဝင်များထဲက တစ်ယောက်က လျှို့ယွဲ့အား သဘောမကျသောလေသံဖြင့် ပြောလိုက်တော့သည်။

" လျှို့ယွဲ့... ကျုပ်တို့က ဒီကုမ္မဏီက ရှယ်ယာဝင်တွေဆိုတာ မမေ့ပါနဲ့၊ ခင်ဗျားမကျေနပ်ဘူးဆိုရင် ကျုပ်တို့ရှယ်ယာတွေကို ဖြတ်သိမ်းလိုက်ကြတာပေါ့ " တခြားရှယ်ယာဝင်တစ်ဦးကလည်း လျှို့ယွဲ့ကို စတင် ခြိမ်းခြောက်လာသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now