အခန်း (၅၀) နတ်ဆိုးဝိညာဉ်

303 28 2
                                    

ရဲ့ချန်နှင့် လျှို့ယွဲ့တို့လည်း လေလံနိုင်ခဲ့သော ပစ္စည်းများအား သွားယူရန် ထွက်လာလိုက်သည်။ သူတို့ ထိုနေရာသို့ ရောက်လာသောအခါ လေလံနိုင်သောသူများက ပစ္စည်းများလာရောက်ထုတ်ယူသည်ကို တွေ့လိုက်ရသည်။

ပထမဆုံး ရဲ့ချန်က ကောင်းကင်မက်မွန်သီး ရောင်းရငွေများအားလုံးကို လက်ခံရရှိသည်။ လေလံပွဲ​၏စုစုပေါင်းရရှိငွေများထဲမှ ၇% ကို လျှို့ကုမ္မဏီက ဝန်ဆောင်ခအဖြစ် ဖြတ်တောက်လေ့ရှိသည်။ သို့သော် လျှို့ယွဲ့ကတော့ ရဲ့ချန်ရရှိသော ငွေများအားလုံးကို လုံးဝမဖြတ်တောက်ပဲ အပြည့်အဝ ပြန်လည်ပေးသည်။

ရဲ့ချန်လည်း သူ​၏ကဒ်ထဲမှာ ဒေါ်လာ ၁၂ သန်းက မပြောင်းလဲဘဲ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်းက ရီဒယမ်လည်ဆွဲလော့ကတ်သီး​၏ အဖိုးအခကို မပေးချေရသေးပေ။

ရဲ့ချန်လည်း ပေးစရာရှိသည်များ အားလုံးကို ပေးချေလိုက်ပြီးသောအခါ သူ​၏ကဒ်ထဲ၌ ဒေါ်လာ ကိုးသောင်းသာ ကျန်ရှိတော့သည်။

ရဲ့ချန်သည် လည်ဆွဲအား ချက်ချင်း ဝတ်ဆင်လိုက်ပြီး ၎င်းကို စမ်းသုံးကြည့်လိုက်သည်။ လည်ဆွဲဟာ ထိခိုက်မှုရှိမထားဘဲ အကောင်းပကတိအတိုင်းသာ ရှိနေသေးကြောင်း သိလိုက်ရသည်။ ထို့အပြင် လည်ဆွဲကို ဒေါ်လာဆယ်သန်းဖြင့် ဝယ်ယူနိုင်သည်က ကံကောင်းသည်ဟုပင် ဆိုနိုင်ပေသည်။

ရဲ့ချန်လည်း လည်ဆွဲ​၏ စွမ်းရည်များကို အသုံးပြုကြည့်လိုက်သောအခါ အတော်လေး လွတ်လွတ်လပ်လပ် ရှိကြောင်း တွေ့လိုက်ရသည်။ ယင်းက တခြားကျင့်ကြံသူများ​၏ စွမ်းအင်အဆင့်ကိုတောင် မြင်နိုင်စွမ်း ရှိပေသည်။

ရဲ့ချန်လည်း သူ​၏စွမ်းအင်အဆင့်ကို သိုင်းပညာနယ်ပယ်အဆင့်သုံးအထိရောက်အောင် နိမ့်ချထားလိုက်သည်။ ယခုဆိုလျှင် ရန်သူများက သူ့အား အားနည်းသူအဖြစ်ပဲ သေချာပေါက် ယုံကြည်ထားပေမည်။

ထို့နောက် ရဲ့ချန်လည်း စံအိမ်တော်​၏ပိုင်ဆိုင်မှု စာချုပ်များကို လက်မှတ်ထိုးပြီး အိမ်သော့အား တောင်းယူလာတော့သည်။

ရဲ့ချန်လည်း သူဝယ်ထားသော စံအိမ်ကြီးက မည်သည့်အမျိုးအစား ဖြစ်သနည်းဆိုတာ သိရှိရန် မစောင့်နိုင်တော့ပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now