အခန်း (၁၄) ထူးဆန်းသော စာတစ်စောင်

425 50 0
                                    

ရဲ့ချန် စာအိပ်ကို ဟွမ်ပေါင်ဆီက ယူလိုက်ပြီး အထဲသို့ ဖောက်ဖက်လိုက်သည်။ စာရွက်က ဂီတသင်္ကေတတွေပါပြီး ဖြစ်ကလက်ဆန်းခေါက်ထားတဲ့ စာရွက်တစ်ရွက်ပါ။ ရဲ့ချန် စာကို ဆက်လက် ဖက်နေလိုက်ပြီး မေးလိုက်သည်။ " ဒါကို ဘယ်သူ့ဆီက ရတာလဲ..."

" ဒီနေရာကပဲ...လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်က မင်းအဘိုးကို လာရှာတယ်လေ...ပြီးတော့ အဲ့ဒီ့လူက သူ့ကိုယ်သူ မင်းအဘိုးရဲ့ သူငယ်ချင်းလို့ ပြောတယ်...ဒီတော့ ငါ သူ့ကို မင်းအဘိုးက သေဆုံးသွားပြီးလို့ ပြောလိုက်တယ်...သူတော်တော်လေး အံ့ဩသွားတယ်...နောက်ပြီး မင်းအဘိုးဘယ်လို လုပ်ကိုင်စားသောက်သလဲတဲ့...ငါလည်း မင်းအဘိုးပိုင်ဆိုင်သမျှကို ပြောပြလိုက်တယ်...နောက်ပြီးတော့ အဲ့ဒီ့လူက ငါ့ကို မေးခွန်းအနည်းငယ်မေးပြီး တစ်ယောက်တည်း ထွက်သွားတော့တာပဲ..." ဟွမ်ပေါင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကို ရဲ့ချန်ကို ပြောပြလိုက်သည်။

ဟွမ်ပေါင် " နောက်ပြီးတော့ အဲ့လူက နာရီအနည်းငယ်လောက်ကြာတော့ ထပ်ရောက်လာတယ်...ငါ့ကိုမေးတယ်...မင်းအဘိုးမှာ ကလေးတစ်ယောက်ရှိလားတဲ့...ဒီတော့ ငါလည်း သူမှာ ကလေးမရှိပါဘူးလို့...ဒါပေမယ့် ကျောင်းနာမည် ရဲ့ချန်လို့ခေါ်တဲ့ မြေးတစ်ယောက်တော့ရှိတယ်လို့...သူက အဲ့ဒီ့ကောင်လေးရဲ့ဓာတ်ပုံရှိလာတဲ့...ငါ့မှာ မရှိဘူးလို့ ပြောလိုက်တယ်...ဒါပေမယ့် ရဲ့ချန်က ဒီနေရာကို လအနည်းငယ်ကြာတိုင်း ပြန်လာတတ်တယ်လို့...ပြီးတော့ သူလည်း ပြန်လာခါနီးပြီလို့ပြောလိုက်တယ်...ဒါ့ကြောင့် သူက ဒီစာကိုပေးပြီး မင်းပြန်လာရင်ပေးဖို့ မှာခဲ့တယ်..."

" ကျုပ်သိပြီ..." ရဲ့ချန် နားထောင်လိုက်ပြီး သူ့အဘိုးရဲ့အုတ်ဂူပေါ်က ဘန်းပေါင်ပန်းစည်းနဲ့ပတ်သက်ပြီး ရှင်းသွားပါပြီ။

ဟွမ်ပေါင် စာထဲကအကြောင်းအရာတွေကို အတော်ပဲ သိချင်စိတ်ပြင်းပြနေသည်။ ထို့ကြောင့် မေးလိုက်သည်။ " ရဲ့ချန် စာထဲမှာ ဘာတွေ ရေးထားတာလဲ..."

" အဲ့ဒီ့လူက သူ့အိမ်ကို လာပြီး သူနဲ့ သီးသန့် စကားပြောချင်တယ်တဲ့လေ...ဒီထဲမှာ သူ့ရဲ့လိပ်စာ အပြည့်အစုံ ရေးပေးထားတယ်..."

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now