အခန်း (၆၂) လင်းရို့ချီ တွေ့တော့မလို့ (R18)

426 21 0
                                    

ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့ ကျောင်းကန်တင်းမှ ထွက်လာကြသည်။ သို့သော် သူတို့ဟာ စာသင်ခန်းထဲသို့ ချက်ချင်း မပြန်ကြပေ။ ရဲ့ချန်က ချောင်ယမ်ယမ့်အား ကျောင်းနောက်ဘက် ပန်းခြံဆီသို့ ခေါ်လာတော့သည်။

ရဲ့ချန်က ချောင်ယမ်ယမ်နှင့်အတူ အချိန်များစွာကို ကုန်ဆုံးလိုသည်။

ရဲ့ချန်လည်း ချောင်ယမ်ယမ်​၏မျက်နှာက အနည်းငယ်မှုန်ကုတ်ကုတ်ဖြစ်နေသည့်အတွက် မေးလိုက်တော့သည်။ " ယမ်ယမ်... ဘာဖြစ်လို့လဲ "

" ယွိထန်ဆိုတဲ့မိန်းမကို ငါ သိပ်အစာမကျေဘူး။ သူက နင့်ကို တွေ့တိုင်း စော်ကားနေတာ။ ယောက်ျား... နင်က ဘာဖြစ်လို့ ရေငုံနုတ်ပိတ် နေ,နေရတာလဲ " ရဲ့ချန်က ထိုမျှအထိ စော်ကားခံနေရသော်လည်း ပြန်လည် မချေပသောကြောင့် မေးလိုက်တော့သည်။

ရဲ့ချန် " မိန်းမ... အဲ့ဒီ့လူနှစ်ယောက်အတွက်နဲ့ ဘာဖြစ်လို့ စိတ်အနှောင့်အယှက် အဖြစ်ခံရမှာလဲ။ အစကတည်းက သူတို့က သွေးနားထင်ရောက်နေကြတာ။ ယွိထန် ငါ့ကို ပြဿနာရှာနေရတဲ့အကြောင်းရင်းက ငါက သူ့ထက် အစစအရာရာ သာတဲ့ မိန်းကလေးတစ်ယောက်ကို ရထားလို့ လက်မခံနိုင်ဖြစ်နေတာ "

" အဲ့လိုပေါ့... " ချောင်ယမ်ယမ်တစ်ယောက် ရဲ့ချန်​၏ ချီးကျူးသံကို ကြားလိုက်ရပြီး အတော်လေး ကျေနပ်သွားရသည်။

" ငါ့ မိန်းမချောချောလေးကို ဘာကိစ္စ လိမ်နေရမှာလဲ။ ယမ်ယမ်က ဒီကမ္ဘာမှာ အလှဆုံးပဲ " ရဲ့ချန်က ချောင်ယမ်ယမ်​၏ကိုယ်လုံသေးသေးလေးအား ထွေးဖက်လိုက်တော့သည်။

ချောင်ယမ်ယမ်လည်း သူမ​ချစ်ရသောသူထံမှ ချီးကျူးသံများအား ကြားလိုက်ရသောအခါ နှလုံးသားထဲတွင် လှိုက်ခနဲ့ပင် ဖြစ်သွားရသည်။

ရဲ့ချန်လည်း ယွိထန်အား တကယ့်ကို ကျေးဇူးတင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကြောင့်သာ ချောင်ယမ်ယမ်လို ချစ်သူမျိုးအား ရင်ခွင်ထဲ ထည့်ထားနိုင်သောကြောင့် ဖြစ်သည်။

သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး မျက်လုံးချင်း စကားပြောနေကြပြီး တဖြည်းဖြည်းနှင့် နုတ်ခမ်းအချင်းချင်း ဆုံစည်းရန် နီးကပ်လာကြသည်။ ထို့နောက် နုတ်ခမ်းတို့​၏ဆုံချက်က ထိတွေ့သွားကြပြီး ရဲ့ချန်လည်း နုတ်ခမ်းကို ဖွင်ဟပြီး ချောင်ယမ်ယမ်​၏ နွယ်ပင်လေးအား ရှာပုံတော် ဖွင့်လိုက်သည်။ ရဲ့ချန်​၏နွယ်ပင်က ချောင်ယမ်ယမ်​၏ ပါးစပ်ထဲသို့ ရောက်လာသည်နှင့် သူမ​၏ညည်းညူသံလေးက တိုးလျလျ ထွက်ပေါ်လာပြီး နုညံ့သော အနမ်းတို့​၏ ရေယဉ်ကြော၌ နစ်မြှပ် ပျော်ဝင်သွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now