အခန်း (၅၅) လော့ဘင်

301 20 0
                                    

ရဲစခန်းသို့ ရောက်ရှိလာသောအခါ ရဲများက ရဲ့ချန်အား ကားထဲမှ ခေါ်ထုတ်လာကြသည်။

ယင်းက ရဲ့ချန်အတွက် ပထမဆုံးအကြိမ် ရဲစခန်းသို့ ရောက်ဖူးခြင်း ဖြစ်သည်။ ထိုနေရာတွင် ညည့်နက်နေပြီဖြစ်သော်လည်း လူအတော်များများကတော့ ရှိနေသေးသည်။

" လော့ဘင်... ဒီအချိန်ကျမှ ခင်ဗျား ဘယ်သူ့ကို ဖမ်းလာတာလဲ " ရဲများထဲမှတစ်ယောက်ဟာ သူတို့ရှေ့သို့ ချက်ချင်း ရောက်လာပြီး မေးသည်။

ရဲ့ချန်အား ဖမ်းလာသော မိန်းကလေးနာမည်က လော့ဘင်ပင် ဖြစ်သည်။ " ကျွန်မ ရဲတွေ လိုက်ဖမ်းလို့ ထွက်ပြေးနေတဲ့ လူတစ်ယောက်ကို ဖမ်းလာတာ။ ကျွန်မ ဒီလူ့ကို မသင်္ကာဘူး။ လူဆိုးတွေနဲ့ တစ်ဖွဲ့တည်းပဲ နေမှာ "

ရဲ့ချန် " ရဲမေချောလေး... ခင်ဗျား ဘယ်လိုများ တွေးလိုက်တာပါလိမ့်။ ကျုပ်က ရာဇဝက်သား မဟုတ်ပါဘူး။ နိုင်ငံသားကောင်းလေး တစ်ယောက်ပါဗျာ "

" ငါ နင့်အသံကို မကြားချင်ဘူး။ ပါးစပ်ပိတ်ထား " လော့ဘင်က ရဲ့ချန်အား ချက်ချင်း မာန်မဲလိုက်တော့သည်။

ရှေ့မှာရပ်နေသော ရဲသည်လည်း လော့ဘင်၏အကျင့်စရိုက်ကို သိပါသည်။ သူမကို စခန်းမှ ရဲများက စိတ်ဝင်စားနေကြသော်လည်း သူမအနား ချဉ်းကပ်ဖို့က အင်မတန် ခက်ခဲလှပေသည်။

လော့ဘင်ဟာ ရဲ့ချန်အား စစ်ဆေးရေးခန်းမထဲသို့ ခေါ်လာပြီး လက်ထိပ်တစ်ဖက်ကို ထိုင်ခုံနှင့် တွဲခတ်ထားလိုက်တော့သည်။ ထို့ကြောင့် ထွက်ပြေးဖို့က လုံးဝ မဖြစ်နိုင်တော့ပေ။

" နင် ဒီမှာ ခဏနေအုံး။ ငါ ပြန်လာခဲ့မယ် " ထို့သို့ပြောပြီး လော့ဘင်က အခန်းထဲမှ ချက်ချင်း ထွက်ခွာသွားတော့သည်။

လော့ဘင်က ရုတ်တရက် ထွက်ခွာသွားသည့်အတွက် ရဲ့ချန်လည်း အခန်းထဲတွင် တစ်ယောက်တည်း ကျန်နေခဲ့တော့သည်။

" ရဲ့ချန်... ဘာလို့ ထွက်မပြေးတာလဲ။ နင့် အင်အားနဲ့သာဆိုရင် ဒါက အရမ်းလွယ်ကူနေတာပဲကို " ချူးယွဲ့ချန်က စိတ်ထဲမှ ပြောလိုက်သည်။

ရဲ့ချန် " ထွက်ပြေးဖို့က အသေးအဖွဲပါဟာ။ ဒါပေမယ့် တစ်ခုဆိုးတာက ငါသာ ထွက်ပြေးသွားရင် ရဲတွေက သေချာပေါက် ထပ်ပြီး လိုက်ဖမ်းအုံးမှာ။ ပြီးတော့ ဒီတစ်မြို့လုံးမှာ ငါက ဝရမ်းပြေးပါလို့ လိုက်ကြေညာလိမ့်အုံးမယ် "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now