အခန်း (၂၈) ဆရာမ လင်းရို့ချီရဲ့ အခန်းဖော်

415 39 0
                                    

လောလောဆယ်မှာတော့ ရဲ့ချန် အခန်းထဲမှာတစ်ယောက်တည်း အူလည်လည် ဖြစ်နေသည်။ ဆရာမလင်းကလည်း အခန်းထဲဝင်သွားပြီး ပြန်ထွက်လာမည့်ပုံ မပေါ်ချေ။

အမှန်တကယ်တော့ လင်းရို့ချီက ရဲ့ချန်နဲ့မျက်နှာချင်းဆိုင်ဖို့ သတ္တိမရှိတော့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမကိုယ်သူမ အခန်းထဲ တံခါးပိတ်နေခြင်းလည်း ဖြစ်သည်။

ရဲ့ချန် ဆယ်မီးနစ်ကျော်ကျော်လောက် ဆက်စောင့်နေခဲ့သော်လည်း ဆရာမလင်းက အခန်းထဲမှ ထွက်မလာပေ။

ထို့ကြောင့် ရဲ့ချန်လည်း ထိုဟာကို သွားရောက်စစ်ဆေးဖို့ ဆရာမလင်း​၏အခန်းတံခါးကို သွားခေါက်လိုက်သည်။ " ဆရာမလင်း ခင်ဗျား အဆင်ပြေလား "

သို့တိုင်အောင် အခန်းထဲမှ မည်သည့်တုန့်ပြန်မှုမျှ မရှိချေ။ ရဲ့ချန် မတက်သာတော့ဘဲ သူ့ရဲ့စိတ်ဝိညာဉ်အသိကို အသုံးပြုလိုက်ရသည်။ ကံကောင်းထောက်မစွာ ဆရာမလင်းရို့ချီ​၏ စိတ်ထဲမှာ ဘာအတားအဆီးမှ မရှိပေ။

ဆရာမလင်းက သူ့ကို တွေ့လိုစိတ်မရှိတာကို ရဲ့ချန် သိလိုက်သည်။ ထို့ကြောင့် အခန်းထဲကနေ ပြန်ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

ရဲ့ချန် တံခါးဆီသို့ လျှောက်သွားလိုက်ပြီး ၎င်းကို ဖွင့်ဖို့ ပြင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်က အခန်းတံခါး​၏လက်ကိုင်ကို ကိုင်ထားသည်ကို တွေ့လိုက်ရပြီး ထိုလူက တံခါးကို ဖွင့်လိုက်သည်။

ပြီးနောက် ထိုအမျိုးသမီးက စျေးကဝယ်လာသော အိတ်တစ်ခုကိုကိုင်ထားပြီး အခန်းထဲသို့ ဝင်လာသည်။ " ဟင် ယမ်ယမ် အချစ်ကလေး။ မင်းဘာဖြစ်လို့ ဒီကိုရောက်လာရတာလဲ " ရဲ့ချန်က ချောင်ယမ်ယမ်ကို မေးလိုက်သည်။

ချောင်ယမ်ယမ် " ဒီနေရာက ငါ့အဆောင်လေ။ အဲ့ဒါက ငါမေးသင့်တဲ့မေးခွန်း မဟုတ်ဘူးလား။ ဒီတော့ ပြောစမ်းပါအုံး။ ငါ့အခန်းထဲ နင်ဘာလာလုပ်တာလဲ "

ဒီအဆောင်မှာ ချောင်ယမ်ယမ် နေလိမ့်မည်ဟု ရဲ့ချန် လုံးဝ ထင်မထားပေ။ ဆရာမလင်း​၏အခန်းဖော်က ချောင်ယမ်ယမ်တဲ့လား။ နေပါအုံး နေ့လယ်က ဆရာမလင်းကို ချောင်ယမ်ယမ်ခေါ်တာက အမရို့ချီဆို....

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now