အခန်း (၁၂၁) ပွဲတော်ထဲက အကြမ်းဖက်မှု

225 13 0
                                    

ရဲ့ချန်နှင့် လျှို့ယွဲ့တို့ ထိုင်ခုံများဆီသို့ ပြန်လာသောအခါ ချောင်ယမ်ယမ်က ဆီး၍ ကြိုသည်။ " အမယွဲ့ရဲ့ပုံစံက သေအောင်မိုက်တာပဲ " ချောင်ယမ်ယမ်က လျှို့ယွဲ့​၏အသံကို ချီးကျူးသည်။

" ညီမလေး ယမ်ယမ် ကျေးဇူးအများကြီး တင်ပါတယ် " လျှို့ယွဲ့သည် ချောင်ယမ်ယမ်က နှစ်သိမ့်ပေးသောကြောင့် အနည်းငယ် ပျော်ရွှင်သွားသည်။ လျှို့ယွဲ့သည်လည်း သူမ​၏အသံက အလွန်တရာ ဆိုးဝါးကြောင်း သိပါသည်။

ထို့နောက် လျှို့ယွဲ့နှင့် ချောင်ယမ်ယမ်တို့က ပြိုင်တူ ရယ်မောလိုက်ကြသည်။ ရဲ့ချန်သည် သူ​၏မိန်းမနှစ်ယောက်က တစ်ဦး​၏အားနည်းချက်ကို တစ်ဦးက လက်ခံနိုင်သောကြောင့် ဝမ်းသာ ပျော်ရွှင်မိရသည်။ ဤလောကတွင် လုံးဝ ပြီးပြည့်စုံသောသူက အမှန်တကယ် မရှိပေ။

" အားလုံးပဲ ဒီသီချင်းက နောက်ဆုံးသီချင်းပါ၊ ဒါပြီးရင် ပွဲပြီးပါပြီ " ဖန်းရွှယ်က ပွဲပြီးတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

တချို့ပရိတ်သတ်များက ပွဲပြီးတော့မည်ဟု ဆိုသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

" စလိုက်ကြရအောင် ... ဗုန်း ... ဗုန်း ... ဒိန်း ... " ဖန်းရွှယ်က သီချင်း စတင်ရန် ပြောလိုက်သည်နှင့် ရုတ်တရက် စင်ရှေ့တွင် ကြီးမားသော ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်လာတော့သည်။

ပစ္စည်းပစ္စယ အမြောက်အမြားက ပရိတ်သတ်များဆီသို့ လွင့်ပျံလာကြသည်။ VVIP ထိုင်ခုံတွင် ထိုင်နေသောလူများဆီသို့ အပိုင်းအစများက ပိုမို ရောက်ရှိလာသည်။ ရဲ့ချန်က သူ​၏စွမ်းအင်ကို သုံးပြီး လူများကို မထိခိုက်စေရန် ဒိုင်းတစ်ခုဖန်တီးပြီး ကာကွယ်ထားလိုက်သည်။

ပွဲတော်က အစက ပျော်စရာကောင်းသလောက် ယခုတော့ အနိဌာရုံ မြင်းကွင်းအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ အဆောက်အဦးထဲတွင် လူများ​၏ အထိတ်အလန့် အော်သံများ နာကျင်မှုကြောင့် ညည်းညူသံများ အော်ဟစ် ကျိမ်းမောင်းသံများဖြင့် ပွက်လောရိုက်သွားကြသည်။ ဖန်းရွှယ်ကလည်း စင်ပေါ်မှ လျင်မြန်စွာ ဆင်းပြေးလာသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now