အခန်း (၁၃၇) အဘိုးလေး

219 17 0
                                    

" ရှင်က ဘာဖြစ်လို့ ကျွန်မဆီက ခွင့်ပြုချက် တောင်းနေသေးတာလဲ၊ ရှင့်မှာ သူ့ကို ရိုက်နိုင်တဲ့ အစွမ်းရှိရင် သွားရိုက်လေ " ရှားချင်ယုသည် ဂျမ်မော့ရှီက ပိုမို အတင့်ရဲစွာ တောင်းဆိုလာသောကြောင့် တဖြည်းဖြည်း ဒေါသများ အလိပ်လိုက် ထွက်လာတော့​၏။

ရဲ့ချန်​၏အလုပ်က သူမကို ကာကွယ်ပေးရန် တစ်ခုတည်းသာ ဖြစ်​၏။ ဂျမ်မော့ရှီ​၏ရိုက်နှက်မှုကို ရဲ့ချန်က လိုလိုလားလား ငြိမ်ခံနေစေရန်  သူမတွင် အမိန့်ပေးပိုင်ခွင့် မရှိချေ။

" ဒီတော့ မင်းကချချင်တာလား " ရဲ့ချန်က ချက်ချင်း ထရပ်ပြီး ဂျမ်မော့ရှီအား ရိုက်နှက်တော့သည်။

သည်တစ်ကြိမ်တွင် ရှားချင်ယုကလည်း ဝင်မတားတော့ပေ။ " ဖုန်း ... ဒိုင်း ... ခွက် ... " ဂျမ်မော့ရှီ​၏မျက်ကွင်းများက ဝက်ဝံမျက်လုံး ဖြစ်သွားပြီ ဖြစ်​၏။

ဂျမ်မော့ရှီ သူ​၏သွားများကို တင်းနေအောင် ကြိတ်ထားလိုက်​၏။ ယင်းက သူ့အတွက် ပထမဆုံးအကြိမ် လူတစ်ယောက်​၏ရိုက်နှက်မှုကို ခံရခြင်း ဖြစ်​၏။

ဂျမ်မော့ရှီက စကားမပြောဘဲ ထိုင်နေပုံကို ကြည့်ရင်း ဆွေးနွေးပွဲကလည်း အဆုံးသတ်ရန် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေနေ ဖြစ်နေ​၏။ ဂျမ်မော့ရှီ​၏လက်တစ်ဖက်က စားပွဲခုံအောက်တွင် ရဲ့ချန်ကို ပညာပေးရန် ဤနေရာသို့ လာခဲ့ဖို့ လူတစ်ယောက်ကို ဆက်သွယ်နေသည်။

မိနစ်အတန်ကြာပြီးသော် လူတစ်ယောက်က အခန်းတံခါးကို ကန်ဖွင့်ပြီး အခန်းထဲ ဝင်ရောက်လာသည်။ အခန်းထဲဝင်လာကြသော သူများသည် စုစုပေါင်း လူ ၅၀ ခန့် ရှိသည်။

ထိုလူငါးဆယ်သည် သူတို့​၏လက်ထဲတွင် လက်နက်များကိုလည်း ကိုင်ဆောင်ထား​၏။ " ညီအကို ဂျမ် ပညာပေးရမယ့် ကောင်က ဘယ်မှာလဲ " ဆံပင် အနီ​ရောင်နှင့်လူက မေးလိုက်​၏။

" နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပဲ၊ ဒီကောင့်ကို မြန်မြန် ချကြစမ်း " ဝက်ဝံမျက်လုံးနှင့် ဂျမ်မော့ရှီက ရဲ့ချန်ကို လက်ညှိုးထိုးပြလိုက်သည်။

အခြေအနေများက ပိုမို ရှုပ်ထွေးလာသည်ကို ကြည့်ရင်း ရှားချင်ယု စိုးရိမ်စိတ် ဝင်လာပြီ ဖြစ်​၏။ ဤအရာအားလုံးသည် သူမဘေးက လူ​၏အမှားသာ ဖြစ်​၏။ အကယ်၍ ရဲ့ချန်သာ စကားနားထောင်ခဲ့မည်ဆိုပါက ဤပြဿနားများက ဖြစ်လာစရာအကြောင်း လုံးဝ မရှိပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now