အခန်း (၂) ဆရာ

1.4K 122 0
                                    

ရဲ့ချန် မြက်ခင်းလွင်ပြင်ပေါ်မှာ ဆက်ပြီးပြေးလွှားနေပါတယ်။ " မင်းမေငါ ...ဒီနေ့ ဘာလို့ အဲ့လောက် ကံဆိုးနေတာလဲ...ပထမ အသဲကွဲတယ်...ပြီးကျ သရဲခြောက်ခံရတယ်..." ရဲ့ချန် သူ့ရဲ့နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲကို ဆက်လက် ဆဲဆိုနေသည်။

မီတာ ရာပေါင်းများစွာလောက် သူပြေးလာပြီးတဲ့နောက်မှာတော့ သူရဲ့ ပြေးနေတဲ့အရှိန်က လျော့ကျလာပါတယ်။ ထို့ကြောင့် သူ့ရဲ့အနောက်က မြင်ကွင်းထဲသို့ သရဲအိုကြီး ရှိသေးလားဆိုတာကို လှည့်ကြည့်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ရဲ့ချန် စိတ်သက်သာရာ ရသွားပြီး သစ်ပင်တွေအနားမှာ ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်ကာ အနားယူနေလိုက်ပါတယ်။

" ဟေ့ ကောင်လေး...မင်း ဘာဖြစ်လို့ ပြေးနေတာလဲ..." ရဲ့ချန် သူ့ရဲ့နံဘေးက အသံတစ်ခုကြားလိုက်ရတဲ့အခါမှာ သူ့ကိုယ်ပေါ်မှ ရှိသမျှအမွှေးတွေအကုန် ထောင်တက်သွားလေသည်။

ရဲ့ချန် သူ့ရဲ့ ဦခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သောအခါ ကောင်းကင်မှာ ပျံသန်းနေသော သရဲအဘိုးကြီးကို မြင်လိုက်ရပါတယ်။

" သရဲဘိုးဘိုး...သရဲဘေးဘေးရယ်...ကျေးဇူးပြုပြီး ကျွန်တော့်ကို မစားပါနဲ့နော်....ကျွန်တော့်အသားတွေက အရမ်းခါးပါတယ်...."

" ဟား ဟား ဟား...လူငယ်လေး ငါက သရဲမဟုတ်ပါဘူးကွာ...မင်းလိုပဲ ငါက လူတစ်ယောက်ပါ..." သရဲအဘိုးကြီးက သူ့ရဲ့ရှည်လျားသော မုတ်ဆိတ်မွှေးတွေကို ပွတ်သပ်နေရင်း ပြောလိုက်ပါတယ်။

" ခင်ဗျားက လူလိမ်ပဲဗျ...လူတစ်ယောက်က ဘယ်လိုလုပ်ပျံနိူင်မှာလဲ...သရဲတွေ အကုန်လုံးက ခင်ဗျားလိုပဲ လိမ်ရတာ ကြိုက်တဲ့ သရဲတွေချည်းပဲ..."

" ငါက မင်းလို လူတစ်ယောက်ဆိုတာ အမှန်ပဲဟ...ဒါပေမယ့် ငါက နတ်ဘုံက ကျင့်ကြံသူတစ်ယောက်ပါ...တစ်ချိန်တည်းမှာပဲ ငါဒီဂြိုလ်ကို ဖြတ်ပြီး ခရီးသွားနေတုန်း စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို ငါတွေ့လိုက်ရတယ်..."

" နတ်တဲ့လား... ခင်ဗျားက ဒီဂြိုလ်ပေါ်က မဟုတ်ဘူးပေါ့..."

" တကယ်တော့ ငါက မင်းတို့ကမ္ဘာက မဟုတ်ပါဘူး...စကြာဝဠာကြီးက အရမ်းကျယ်ပါတယ်ကွာ...အဲ့မှာ လူတွေအများကြီး အများကြီး နေကြတယ်..."

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now