အခန်း (၅၁) ရည်းစားအဖြစ် ဟန်ဆောင်ခြင်း

369 24 0
                                    

ထိုအချိန်တွင် ရဲ့ချန်က အစီအရင် အလွှာများအား ပုံသွင်းနေသည်။ အစီအရင်တစ်ခု ပြုလုပ်ရန်အတွက် အထူးပါဝင်ပစ္စည်းတချို့တော့ လိုအပ်ပေသည်။ ကံကောင်းစွာပင် ရဲ့ချန်တွင် ပါဝင်ပစ္စည်းအားလုံးက အသင့်ရှိနေသည်။

ထိုပစ္စည်းများက အစီရင် တစ်လွှာချင်းစီအတွက် လုံလောက်ပေသည်။ အားကောင်းသောသူတွေက အထဲသို့ မဝင်ရောက်နိုင်စေရန် ခြံစည်းရိုးများအား ပထမဆုံး အစီရင် ခင်းကျင်းရပေမည်။ ခြံစည်းရိုးအပေါ်မှ အဆောင်များကိုသာ ဖြတ်သန်းလာမည်ဆိုလျှင် ရဲ့ချန်က ကြိုတင် သိရှိနိုင်ပေမည်။ ထို့ကြောင့် အထဲသို့ ဝင်လာသော ရန်သူအား တိုက်လည်းတိုက်ခိုက်နိုင်သလို ခုလည်းခုခံနိူင်မည့် အစီရင်အား ပြင်ဆင်ရန် လိုအပ်သည်။ ထို့နောက် ရဲ့ချန်ဟာ အစီရင် အမြောက်အများအား စံအိမ်ကြီး​၏ အတွင်းအပြင် နှစ်ဘက်စလုံးတွင် ခင်းကျင်းလိုက်တော့သည်။

အစီရင်များဟာ ၎င်းတို့ကိုယ်တိုင် အသက်ဝင်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် အထဲသို့ဝင်လာသော ရန်သူဟာ အိမ်မက်ဆိုးများနှင့်ညားသွားမည် ဖြစ်သည်။

ရဲ့ချန်လည်း အစီရင်များ ခင်းကျင်းပြီးနောက် စံအိမ်တွင်မှ အလိပ်လိပ်တက်နေသော ဖုန်များအား စတင် ရှင်းလင်းတော့သည်။ ရဲ့ချန်က သူ​၏စွမ်းအင်အား သုံးပြီး သန့်ရှင်းရေးလုပ်တာတောင်မှ အချိန်အတော်ကြာသည်အထိ မပြီးစီးချေ။ ဤအိမ်ကြီးက အထပ်လေးထပ် ရှိရုံသာမက မြေအောက်ခန်းမှာလည်း အလွှာသုံးလွှာ ရှိပေသည်။

ရဲ့ချန်လည်း အစေခံများ ရှာဖွေရန် စိတ်ကူးလိုက်သည်။ သို့မဟုတ်လျှင် ဤမျှကြီးမားသော စံအိမ်ကြီးအား ရှင်းလင်းရန် ခက်ခဲချေမည်။

ရဲ့ချန်လည်း အရာအားလုံး ပြီးဆုံးသွားချိန်တွင် ကောင်းကင်ကြီးတောင် မှောင်နေလေပြီ။ ထို့ကြောင့် နာရီအား တစ်ချက်ကြည့်လိုက်ရာ ည ၇ နာရီတောင် ထိုးနေလေပြီ။

သူလည်း ထိုအိမ်ထဲတွင်သာ အချိန်တွေ ကုန်ဆုံးရတော့မည့် ပုံရှိလေသည်။ ထို့ကြောင့် ချောင်ယမ်ယမ့်အားခေါ်ပြီး အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now