အခန်း (၁၀၄) လုပ်ကြံသတ်ဖြတ်သူ

253 17 0
                                    

နတ်သမီးတံခါးဝထဲက ထွက်လာပြီးနောက် ရဲ့ချန်သည် လျှို့ယွဲ့​၏အိမ်သို့ ချက်ချင်း ထွက်လာတော့​၏။

မိနစ်အနည်းငယ်ခန့် ကြာပြီးသော် ရဲ့ချန်သည် လျှို့ယွဲ့​၏နေအိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူမ​၏အိမ်က အလွန်တရာ ကြီးမားလှချေသည်။ ယင်းက ရဲ့ချန်​၏အိမ်ထက် အဆများစွာ ပို၍ ကြီးမားပေသည်။

ရဲ့ချန်သည် လျှို့ယွဲ့​၏အိမ် ခြံဝင်းထဲတွင် ဆင်းသက်လိုက်သည်။

" တင်း... တောင်... " ရဲ့ချန်က တံခါးက ဘဲလ်ကို နှိပ်လိုက်သည်။

" ဟုတ်ကဲ့ပါ... ခဏစောင့်ပါ " လျှို့ယွဲ့​၏အသံက အထဲကနေ ထွက်ပေါ်လာသည်။

အချိန်ခဏ ကြာပြီးသော် လျှို့ယွဲ့က တံခါးကို ဖွင့်လိုက်သည်။ ယခု လျှို့ယွဲ့​၏ ဝတ်စားဆင်ယင်မှုက အလွန်တရာ လိုက်ဖက် တင့်တယ်နေသည်။ သူမက အပြာရောင်ပန်းပွင့်များ စီချယ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ​၏ဘယ်ဘက်လက်တွင် အိတ်တစ်လုံးကို ချိတ်ဆွဲထားသည်။

" ယောက်ျား... နောက်ဆုံးတော့ နင် ရောက်လာပြီပဲ၊ ငါက မလာတော့ဘူးလို့တောင် ထင်နေတာ၊ လာ... သွားရအောင် " လျှို့ယွဲ့​၏ပုံစံက ရဲ့ချန်နှင့် စျေးဝယ်ထွက်ရန် အလွန်တရာ စိတ်အားထက်သန်နေဟန် ရသည်။

လျှို့ယွဲ့ အနီးဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါ ရဲ့ချန်​၏ကားကို ရှာမတွေ့ပေ။ " နင့်ကားရော ဘယ်မှာလဲ "

" ငါ့ကားက ပျက်နေလို့ဟ၊ ငါ့မှာ ပြင်ဖို့လည်း အချိန်မရှိဘူးလေ " မနေ့က ယာဉ်တိုက်မှုကြောင့် သူ့ကားက ပျက်စီးသွာချေပြီ။ သူ့တွင် ပြန်ဆင်ရန် အချိန်မရခဲ့ဘူး မဟုတ်လား။

" ဒီလိုဆိုတော့ ငါ့ကားနဲ့ပဲ သွားတာပေါ့ " လျှို့ယွဲ့က ရဲ့ချန်ကို အိမ်ထဲက ကားထားရာ နေရာသို့ ခေါ်လာသည်။

လျှို့ယွဲ့​၏ ကားဂိုထောင်ထဲတွင် သပ်ရပ်စွာ စီရီထားသော ကားအကောင်းစားကြီးများ ဒါဇင်ကျော်ခန့် ရှိလေသည်။ ကားအမျိုးအစားများကလည်း စုံလင် လှချေသည်။

ရဲ့ချန်သည် လျှို့ယွဲ့က ကားအကောင်းစားများ စုဆောင်းရသည်ကို ဝါသနာပါမှန်း မသိခဲ့ချေ။ " မိန်းမယွဲ့... နင်က ကားတွေ စုရတာ ဝါသနာပါတယ်လား "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now