အခန်း (၄၃) ကျင့်စဉ်များအား လက်တွေကျင့်ခြင်း

365 25 0
                                    

ရဲ့ချန်က ဆုအားလုံးကို လက်ခံလိုက်ပြီး နတ်သမီးတံခါးဝ​၏သိုလှောင်ခန်းမအတွင်း၌ သိမ်းဆည်းထားလိုက်သည်။ ထိုသိုလှောင်ခန်းမက အဆုံးမရှိသိုလှောင်နိုင်စွမ်း ရှိပေသည်။ ၎င်းက ရဲ့ချမ်​၏သိုလှောင်လက်စွပ်ထက် အများကြီး ပိုကောင်းပေသည်။

သိုလှောင်လက်စွပ်တစ်ကွင်းမှာ တူညီသော အခြေခံသဘောတရားများ ရှိပေသည်။ ၎င်းက သိုလှောင်လက်စွပ်အား မမြင်နိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့မမြင်နိုင်ခြင်းက ရဲ့ချန်အတွက်တော့ အင်မတန် အဆင်ပြေလှသည်။

" ငါ့မိန်းမ... မင်းအတွက် လက်ဆောင်တစ်ခု ပေးစရာရှိတယ် "

ရဲ့ချန်က အရိုးချင်ဆီသန့်စင်ဆေးလုံးနှင့် ကြာဗျတ်စောင်းတို့ကို ချောင်ယမ်ယမ့်အား ပေးလိုက်သည်။

ချောင်ယမ်ယမ်လည်း အင်မတန်လှပသော ကြာဗျတ်စောင်းနှင့် အရိုးချင်ဆီသန့်စင်ဆေးတို့အား လက်ခံလိုက်သည်။ ချောင်ယမ်ယမ်က ဂီတတူရိယာများ တီးခက်ခြင်းဓလေ့ကို အမှန်ပင် နှစ်သက်လှသည်။ ထို့ကြောင့် သူမက ဂီတတူရိယာနှင့် ဆက်နွယ်နေသောကျင့်စဉ်အား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရဲ့ချန်က ထိုကြာဗျတ်စောင်းဟာ အထူးစွမ်းရည်များရှိပြီး စိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်ကြောင်း ချောင်ယမ်ယမ့်အား ရှင်းပြလိုက်သည်။

" ညီမလေးယမ်ယမ်... ဒီကျင့်စဉ်နှစ်ခုလုံး ညီမလေးကို ဘယ်လိုသင်ပေးရမလဲ။ လာ မမနဲ့လိုက်ခဲ့ "

ချူးယွဲ့ချန်က ချောင်ယမ်ယမ့်အား ကျင့်စဉ်များအား လေ့ကျင့်ရန်အတွက် လေ့ကျင့်ရေးအခန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။

" ယောက်ျား... နင်က ငါတို့နဲ့ မလိုက်ချင်ဘူးလား "

ချောင်ယမ်ယမ်က ရဲ့ချန်အား လေ့ကျင့်ရေးအခန်းသို့ လိုက်မလာသောကြောင့် မေးလိုက်သည်။

" မင်းတို့ အရင်သွားနှင့်လေ။ ငါ မကြာခင် လိုက်လာခဲ့မယ် "

ရဲ့ချန်လည်း သူတို့နှင့် လိုက်သွားချင်ပါသည်။ သို့သော် သူ့မှာ ကောင်းကင်မက်မွန်ပင်အား စိုက်ပျိုးရန် ရှိနေသည်။ ထို့ကြောင့် ရဲ့ချန်ဟာ ဆေးဥယျာဉ်ဆီသို့ အလျင်အမြန် ထွက်လာရတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now