အခန်း (၇၉) အေးစိမ့်ရေခဲဂိုဏ်း

297 19 0
                                    

" နံစော်နေတဲ့အကောင်... နင့်ကို ဘာတွေနဲ့ ဖန်တီးထားတာတုန်း " မူလန်ယင်းက ရဲ့ချန်ကို လူသားပင် ဟုတ်ပါလေစဟု စတင် သံသယဝင်လာသည်။

" နတ်သမီး မူလန်ယင်း... ခင်ဗျား မျက်စိများကန်းနေတာလား... ဟုတ်လား၊ ကျုပ်က လူတစ်ယောက်ဆိုတာ ဒီလောက် ရှင်းနေတဲ့ဥစ္စာ၊ ပြီးတော့ ကျုပ်နာမည်က ရဲ့ချန်၊ နံစော်နေတဲ့အကောင်မဟုတ်ဘူး... ဟုတ်ပြီလား " ရဲ့ချန်တစ်ယောက် မူလန်ယင်းက သူ့ကို နံစော်နေသောအကောင်ဟု ခေါ်နေသည့်အတွက် အတော်လေးကို မကျေမနပ်ဖြစ်နေသည်။

မူလန်ယင်း " ပါးစပ်ပိတ်ထားစမ်း၊ နင်က မဟာ့ မဟာ အရှက်အကင်းမဲ့ဆုံး အရှက်မရှိတဲ့လူသားပဲ၊ နင့်လောက် အရှက်မရှိတဲ့ လူကိုလေ ငါ့တစ်သက် တစ်ခါမှ မမြင်ဖူးဘူး " ရဲ့ချန်တစ်ယောက် မူလန်ယင်းက စောင့်ကြီးအောင့်ကြီးဖြင့် အရှက်မရှိသည့်အကောင်ဟု အော်ခေါ်ရလောက်အောင်အထိ မည်သည့်အရာများ ပြုလုပ်ခဲ့သနည်းဟု စဉ်းစားမရဖြစ်နေသည်။

မူလန်ယင်းတွေ့ဆုံးတိုင်း သူမ​၏ခန္ဓာကိုယ်ကို ရဲ့ချန်က တစ်ခါမှပင် မထိကိုင်ခဲ့ပေ။

" နင်က ဖုံးကွယ်ဖို့ ကြိုးစားချင်သေးတာလား၊ နင် ငါ့ဆီကနေ မျက်နှာဖုံးကို လုသွားတယ်လေ၊ ဒါကြောင့် နင်က ငါ့အတွက်တော့ လုံးဝ အရှက်မရှိတဲ့အကောင်ပဲ " မူလန်ယင်းက သူမမျက်နှာပေါ်က မျက်နှာဖုံးကို ညွှန်ပြပြီး ပြောက်လိုက်သည်။

" အို့... လာစမ်းပါ၊ မင်းရဲ့ မျက်နှာလှလှလေးကို မြင်ရအုံးမယ် ထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို မနာစေရဘူး " ရဲ့ချန်က ထိုစကားအား ပြောပြီးနောက် မူလန်ယင်းက ရဲ့ချန်ကို သတ်ဖြတ်လိုသောအကြည့်ဖြင့် ကြည့်လိုက်တော့သည်။

" နင်... နံစော်ပြီ အရှက်မရှိတဲ့ကောင်၊ နင် အခုထိ နားမလည်သေးဘူး " မူလန်ယင်းက သန့်စင်သော ရေခဲစွမ်းအင်များ ထုတ်လွင့်ပြီး သူမ​၏ခန္ဓာကိုယ်တဝိုက်တွင် ကာကွယ်ထားလိုက်သည်။

ထိုနေရာ​၏ပတ်ဝန်းကျင် အပူရှိန်ကလည်း ပြဇာတ်ဆန်ဆန် ရုတ်ချည်း ကျဆင်းသွားလေသည်။ ရဲ့ချန်ရပ်နေသော မြေပြင်များကတောင် ရေခဲအချပ်များ ဖုံးလွှမ်းသွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now