အခန်း (၉၃) စုယုယာ

267 15 0
                                    

အဆောက်အဦး​၏ဆယ်လွှာတွင် ဖန်းရွှယ်က အကြီးအကဲများ​၏ အခန်းရှေ့သို့ ရောက်လာသည်။

" ဒေါက်... ဒေါက်... ဒေါက်... " ဖန်းရွှယ်က အခန်းတံခါးကို ခေါက်လိုက်သည်။

" အထဲကို ဝင်လာလို့ ရပါတယ် " အခန်းထဲကလူက ပြန်ဖြေလိုက်သည်။

ခွင့်ပြုချက်ကို ရရှိပြီးနောက် ဖန်းရွှယ်က အခန်းထဲသို့ ဝင်လာသည်။ အခန်းထဲသို့ ရောက်လာသောအခါ  အသက် ၃၅ နှစ် ဝန်းကျင်ခန့် ရှိသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူမက ဆရာမဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို ကောက်ထားသည်။ သူမ​၏ပုံစံက ဆက်ဆီကျကျနှင့် ဆွဲဆောင်မှုရှိစွာ လှပနေတော့သည်။ ထို့အပြင် ခန္ဓာကိုယ် အချိုးအစားကလည်း ရင့်သန် ဖွံ့ဖြိုး နေချေသည်။

" ဟီဟီ... အမယုယာ မတွေ့တာတောင် အတော်ကြာပြီနော် " ဖန်းရွှယ်​၏ပုံစံက ဤအမျိုးသမီးနှင့် အလွန်တရာ ရင်းနှီးနေပုံ ပေါ်လေသည်။

သူမ​၏နာမည်က စုယုယာ ဖြစ်ပြီး မစ္စတာဂျင်​၏တပည့် ဖန်းရွှယ်​၏စီနီယာအမပင် ဖြစ်သည်။

" ညီမလေး ရွှယ်... နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့၊ နင်က နာမည်ကျော် ကြယ်ပွင့်တစ်ယောက် ဖြစ်လာတော့ အမကိုတောင် မေ့သွားပြီလို့ ထင်နေတာ " စုယုယာ​၏ပုံစံက အနည်းငယ် ဝမ်းနည်းနေသည့်ပုံ ပေါ်နေသည်။

" ဘယ်လိုဖြစ်ပြီး ညီမက အမယုယာကို မေ့ရမှာလဲ၊ ညီမက အမကို အမြဲတမ်း သတိရနေတဲ့သူပါနော် " ဖန်းရွှယ်က စုယုယာ​၏လက်မောင်းကို ပြေးဖက်လိုက်တော့သည်။

" ကြည့်ပါဦး... ညည်းလေးက နာမည်ကျော် ကြယ်ပွင့်ကြီး ဖြစ်လာပေမယ့် အရင်ကလိုပဲ မာနတွေ ဘာတွေ ကြီးမနေဘူး " စုယုယာက ဖန်းရွှယ်​၏ဆံပင်လေးများကို သပ်ပေးရင်း ပြောလိုက်သည်။

" ဟီ... ဟီ... ဟီ... " စုယုယာ​၏ရင်ခွင်ထဲက ဖန်းရွှယ်က ရယ်မောနေတော့သည်။

ဖန်းရွှယ်က စုယုယာနှင့် သုံးနှစ်နီးပါးခန့် မတွေ့ရချေ။ အမှန်တော့ သူမကလည်း စုယုယာကို သတိရနေသည်။

" ညည်းက ဘာဖြစ်လို့ နောက်ကျနေတာလဲ၊ အချိန်အတိအကျလည်း ပြောထားပါလျက်နဲ့၊ ဖုန်းဆက်တော့လည်း ဆက်မရဘူး ဖြစ်နေတယ် " စုယုယာက ဖန်းရွှယ်အား နောက်ကျရသည့် အကြောင်းရင်းကို မေးမြန်းလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now