အခန်း (၁၇၅) စေ့စပ်ပြီးသားလား

221 18 0
                                    

အစောင့်က ရဲ့ချန်ကို ဧည့်သည်များ နားနေရန် စီစဉ်ထားသည့် အခန်းတစ်ခန်းထဲသို့ ခေါ်လာခဲ့သည်။
ထိုနေရာတွင် အသက် ၇၀ ၀န်းကျင်ခန့် ရှိသည့် အဘိုးအိုတစ်ဦး ရှိသည်။ ယခု ထိုအဘိုးအိုက ဝှီးချဲတစ်ခုပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။
ရဲ့ချန် ရောက်လာသောအခါ အဘိုးအိုက အပြုံးကလေးဖြင့် ကြိုဆိုသည်။ “ ရဲ့ဟန် ရဲ့ မြေးလေး၊ ကြိုဆိုပါတယ်ကွာ၊ ဒီကို အလည်လာတဲ့အတွက် ဟောဒီ့က လူအိုကြီးက အရမ်း၀မ်းသာ ပါတယ် “ ထိုအဘိုးအိုက ရဲ့ချန်ကို နွေးထွေးသည့် နှုတ်ဆက်မှုတို့ဖြင့်အတူ ကြိုဆိုလိုက်သည်။
“ ကျုပ်လည်း ဒီကိုလာလည်နိုင်တဲ့အတွက် ၀မ်းသာပါတယ်၊ ကျုပ်နာမည်က ရဲ့ချန်ပါ၊ တွေ့ရတာ ၀မ်းသာပါတယ် “ ရဲ့ချန်ကလည်း အဘိုးအိုအား သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်၏။
“ ငါ မင်းနာမည်ကို သိတာ ကြာပါပြီ “
“ သြော် … ကျုပ်သိပြီ၊ ခင်ဗျားက တကယ်ပဲ အဘိုးရဲ့ သူငယ်ချင်းလား “ ရဲ့ချန်က အဘိုးအိုကို အဘိုးဖြစ်သူ၏ သူငယ်ချင်း ဟုတ်မဟုတ် မေးမြန်းလိုက်၏။
“ ဟင် … ရဲ့ဟန်က ငါ့အကြောင်းတွေကို မပြောပြဘူးလား “ အဘိုးအိုက မေးလိုက်၏။။
ရဲ့ချန်က ဦးခေါင်းကို ချက်ချင်း ခါယမ်းလိုက်သည်။ “ အဘိုးက ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး တစ်ခါမှ မဟဖူးဘူး “
“ ကောင်းပြီလေ၊ ဒါဆိုလည်း ငါ့ကိုငါပဲ မိတ်ဆက်ပေးပါရစေ၊ ငါ့နာမည်က ရှားတျန်ပါ၊ ငါနဲ့မင်းရဲ့အဘိုးက ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေပါ၊ ငယ်သူငယ်ချင်းပေါ့၊ အဲဒီအချိန်တုန်းက မင်းရဲ့အဘိုးက ဆေးပင်ရှာဖွေသူတစ်ယောက်ပဲ၊ ငါကတော့ ဆေးကုန်သည်လေ၊ ဒီတော့ ငါတို့ရဲ့ဆက်ဆံရေးကလည်း အတော်လေး ကောင်းခဲ့တယ်၊ ပြီးတော့ ငါ့မှာ မင်းအဘိုးကို ပေးစရာ အကြွေးတွေ အများကြီး ရှိတယ် “ ရှားတျန်က ရဲ့ချန်၏အဘိုးအား အကြွေးများ ပေးစရာရှိကြောင်း ပြောပြလိုက်သည်။
ယင်းသည် ရဲ့ချန်အတွက် အမှန်တကယ် သတင်းအသစ် ဖြစ်ပေသည်။ အဘိုးဖြစ်သူက တစ်ချိန်က ဆေးပင်ရှာဖွေသူ တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ကြောင်း သူမသိခဲ့ပေ။ သစ်တောထဲက အန္တရာယ်များကို လွတ်မြောက်နိုင်စွမ်းရှိသည့် သူ၏စွမ်းရည်က အတော်လေး အထင်ကြီးဖို့ ကောင်းပါသည်။ ကြည့်ရသည်မှာ အဘိုးဖြစ်သူသည် ငယ်စဉ်ကတည်းက ဆေးပင်များ ရှာဖွေရင်း အသက်ရှင် နေထိုင်ခဲ့ပုံ ပေါ်သည်။
“ ထိုင်ပါဦး “ ရှားတျန်က စိတ်လှုပ်ရှားနေသောကြောင့် ရဲ့ချန်ကို ထိုင်ခိုင်းရန်ပင် မေ့နေခဲ့သည်။
ရဲ့ချန်က ရှားတျန်နှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။
“ အဘိုးရှားတျန်၊ ကျုပ် အဘိုးရဲ့ဘ၀အကြောင်းကို ပိုပြီး သိချင်တယ်ဗျာ၊ ကျုပ်ကို ပြောပြပေးပါလား “ ရဲ့ချန်သည် အဘိုးဖြစ်သူ၏ ငယ်စဉ်က ဘ၀အကြောင်းကို သိချင်စိတ် ပြင်းပြနေ၏။
“ ကောင်းပြီလေ၊ ဒါပေမဲ့ အဲဒါက နည်းနည်းတော့ ကြာလိမ့်မယ်နော် “ အဘိုးရှားတျန်က ရဲ့ဟန်၏ဘ၀ဇာတ်ကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
ရဲ့ချန်က ခေါင်းညိတ်လိုက်သည်။
“ ငါတို့ ပထမဆုံး စတွေ့တဲ့အချိန်တုန်းက စစ်တပ်မှာ အမှုထမ်းခဲ့ အချိန်တုန်းကကွ၊ ငါတို့က အသင်းတစ်ခုတည်းမှာ တာ၀န်ကျတယ်၊ မင်းအဘိုးက အတော်မိုက်တဲ့ လူတစ်ယောက်ဟ၊ စမ်းသပ်စစ်ဆေးတုန်းက ဆိုရင် အသင်းရဲ့အင်အားအရာမှာပဲ ဖြစ်ဖြစ် အသိပညာပိုင်း ဆိုင်ရာမှာပဲ ဖြစ်ဖြစ် သူက အမှန်ပြည့် ရခဲ့တာကွ “ ရှားတျန်သည် ရဲ့ဟန်က သန်မာပြီး ဗဟုသုတ ပြည့်စုံသူတစ်ဦး ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
“ အဲဒီ့ ရလဒ်ကောင်းတွေနဲ့အတူ သူက စစ်သားကောင်းတစ်ယောက် ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ တောနက်ကြီးထဲ ရောက်တော့ ငါတို့အုပ်စုက ပြဿနာအကြီးကြီး တစ်ခုကို ကြုံတွေ့လိုက်ရတယ်၊ ငါတို့က ကြောက်စရာကောင်းတဲ့ ရေလွှမ်းမိုးမှုကြီး တစ်ခုထဲမှာ ပိတ်မိနေခဲ့တယ်၊ သန်မာတဲ့ လူတစ်ချို့ကတော့ ရေလွှမ်းမိုးမှုထဲမှာ ပိတ်မိနေတဲ့ လူတွေကို ချန်ထားပြီး ကိုယ်လွတ်ရုန်းသွားကြတယ်၊ ငါကတော့ ရေလွှမ်းမိုးမှုထဲမှာ ပိတ်မိနေတဲ့ လူတွေထဲက တစ်ယောက်ပေါ့ “
“ အဲဒီထဲမှာ မင်းအဘိုးကတော့ ရေလွှမ်းမှုကြီးထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်တင်ချင်စိတ်ရှိတဲ့ တစ်ဦးတည်းသောသူပေါ့၊ ငါတို့က စမ်းသပ်စစ်ဆေးရာ နေရာကနေ အတော်လေးဝေးတဲ့ နေရာအထိ ရေတွေနဲ့ မျောပါသွားကြတယ် “
“ ငါတို့အကုန်လုံး သတိရလာတဲ့အချိန်ကျတော့ ငါတို့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေက ပြည့်နက်နေပြီး လှုပ်တောင် မလှုပ်နိုင်ကြတော့ဘူး၊ ရက်အနည်းငယ်လောက် ကြာအောင် မင်းအဘိုးတစ်ယောက်တည်းကပဲ ငါတို့ကို အပြည့်အ၀ ကျန်းမာလာအောင်အထိ ကုသပေးခဲ့တယ်၊ အားလုံး ပြန်ပြီး ကျန်းမာလာတဲ့အခါကျတော့ ငါတို့ စစ်တပ်ရဲ့ စခန်းချရာနေရာကို ချက်ချင်း ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကံမကောင်းစွာပဲ အန္တရာယ်ရှိတဲ့ စမ်းသပ်မှုမှာ မယှဉ်ပြိုင်နိုင်တဲ့အတွက်ကြောင့် ငါတို့က စမ်းသပ်မှုမှာ ကျရှုံးခဲ့တယ်၊ ငါတို့ကြောင့် မင်းရဲ့အဘိုးမှာ စစ်သားတစ်ယောက် ဖြစ်မလာတော့ဘူး “ ရှားတျန်၏ပုံစံသည် ထိုအကြောင်းများကို ပြန်လည် ပြောပြသောအခါ အနည်းငယ် ၀မ်းနည်းနေပုံ ရ၏။ အကယ်၍ သူနှင့် လူအချို့သာ ရေလွှမ်းမိုးမှုကြောင့် မျောပါမသွားခဲ့လျှင် ရဲ့ဟန်က ခုချိန်ဆို စစ်သားကြီးတစ်ယောက် ဖြစ်နေမည်မှာ သေချာပေသည်။
“ အဲဒီ အဖြစ်အပျက်ကြီး ပြီးသွားတဲ့နောက်တော့ ငါတို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်၊ မင်းရဲ့အဘိုးက ဆေးပင် ရှာဖွေတဲ့အလုပ်ကို စတင် လုပ်ခဲ့တယ်၊ ငါကတော့ ဆေးဝါးလုပ်ငန်းလေးတစ်ခု တည်ထောက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒီတော့ ငါတို့ရဲ့ ဆက်ဆံရေးကလည်း ပိုပြီး တိုးတက်လာတော့တာပဲ “ ရှားတျန်က ရဲ့ဟန်၏ဘ၀က တဖြည်းဖြည်း တိုးတက်လာကြောင်း ရှင်းပြလိုက်၏။
“ မင်းရဲ့အဘိုး အဆင်ပြေလာတဲ့နောက်ပိုင်း သူ့ရဲ့နှလုံးသားကို အရည်ဖျော်နိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက လက်ထပ်တဲ့အဆင့်ထိ တိုးတက်လာတယ် “
အဘိုးဖြစ်သူ၏ဘ၀အကြောင်းကို ရဲ့ချန် ဘာမျှ ဂဃနဏ မသိပေ။ ဤအကြောင်းများကို သူ့အား အဘယ်ကြောင့် ဖုံးကွယ်ထားရသနည်း။
“ ဒါပေမဲ့ မင်းအဘိုးရဲ့ ပျော်စရာကောင်းတဲ့ ဘဝလေးက အချိန်ကြာကြာ မခံခဲ့ပါဘူးကွာ၊ ရဲ့ဟန် မိန်းမရဲ့ခန္ဓာကိုယ်က အားနည်းလာခဲ့တယ်၊ သမားတော်က မင်းအဘိုးရဲ့မိန်းမကို ကုသပေးဖို့ဆို နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂျင်ဆင်းဆေးပင် လိုအပ်တယ်လို့ ပြောတယ်၊ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂျင်ဆင်းက ရှာဖွေဖို့ အင်မတန် ခက်တဲ့ ဆေးပင်မျိုးပဲကွ၊ အဲဒါရဲ့အစိတ်အပိုင်းလေး တစ်ခုကတောင် ဒေါ်လာ သန်းရာကျော်ကနေ သန်းတစ်ထောင်အထိ ရှိတယ် “
“ မင်းရဲ့အဘိုးက ဒီလောက် စျေးကြီးတဲ့ ဆေးပင်မျိုးကို ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ၊ ငါတို့မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေ အကုန်ရောင်းလိုက်မယ် ဆိုရင်တောင် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂျင်ဆင်းကို ၀ယ်ဖို့ မလုံလောက်သေးဘူး “
“ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂျင်းဆင်းကို ပိုက်ဆံနဲ့ မ၀ယ်နိုင်ဘူးဆိုတော့ မင်းရဲ့အဘိုးက အဲဒီဆေးပင်ကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်တယ်၊ လပေါင်းများစွာ ရှာဖွေပြီး နောက်ဆုံးတော့ နှစ်တစ်ထောင် ဂျင်ဆင်းကို ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့အဘိုးက နှစ်တစ်ထောင် ဂျင်ဆင်းကို ရှာတွေ့လာတဲ့ အခါကျတော့ သူ့ရဲ့မိန်းမက ကွယ်လွန်သွားပြီလေ၊ အဲဒါက မင်းအဘိုးရဲ့ကမ္ဘာအတွက် ပျက်စီးခြင်း အစပြုလိုက်တာပဲ၊ အဲဒီ အဖြစ်အပျက်ကြီးလည်း ပြီးရော အကိုကြီးက အတော်လေး တိတ်ဆိတ်လာပြီး စိတ်ဆိုးလည်း လွယ်လာတယ် “ ရှားတျန်က သက်ပြင်းချလိုက်သည်။ သူ၏အကောင်းဆုံး သူငယ်ချင်း၏ဘ၀က ဤကဲ့သို့ အဆုံးသတ်သွားသည့်အတွက် ယခုထိ အတော်လေး စိတ်မကောင်း ဖြစ်နေသည့်ပုံ ပေါ်နေ၏။
ထိုဇာတ်လမ်းကို ကြားပြီးနောက် ရဲ့ချန်လည်း ၀မ်းနည်းလာသည်။ အဘိုးဖြစ်သူက ဤကဲ့သို့ အထီးကျန်ဆန်သည့် ၀မ်းနည်းစရာများကို မြိုသိပ်ပြီး အချိန်တိုင်း အပြုံးကလေးဖြင့် ရှိနေမည်ဟု မျှော်လင့်မထားပေ။
ရှားတျန်က ဇာတ်လမ်းကို ဆက်လက် ရှင်းပြသည်။ “ မင်းရဲ့အဘိုးက နှစ်ပေါင်းများစွာ လူသူကင်းဝေးရာ နေရာမှာ တစ်ယောက်တည်း နေထိုင်ခဲ့တယ်၊ အဲဒီ့အချိန်မှာ ငါ့ချွေးမကလည်း မင်းအဘိုးရဲ့ မိန်းမဖြစ်သလို ရောဂါတစ်မျိုးကို ခံစားလိုက်ရတယ်၊ ငါလည်း သိသိချင်း မင်းရဲ့အဘိုးဆီ နှစ်တစ်ထောင် ဂျင်ဆင်းကို သွား၀ယ်ခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့အဘိုးက ဒီသတင်းကို ကြားပြီး နှစ်တစ်ထောင်ဂျင်ဆင်းကို အလကားပေးလိုက်တယ်၊ မင်းရဲ့အဘိုးကို ငါ အကြွေးထပ်တင် သွားခဲ့တယ်၊ ဒီလောကကြီးမှာ မင်းရဲ့အဘိုးကို အကြွေးတွေ ဆပ်မကုန်အောင် တင်နေခဲ့တယ် “ ဤဘ၀တွင် ရှားတျန်သည် ရဲ့ဟန်အပေါ် အကြွေး အမြောက်အမြား တင်နေခဲ့ပေသည်။
“ နှစ်အနည်းငယ်လောက် ကြာပြီးတော့ မင်းရဲ့အဘိုးက ခြေရာဖြောက်သွားခဲ့တယ်၊ သူဘယ်မှာ ရှိမှန်း ငါလုံး၀ မသိခဲ့ဘူး၊ ငါ သူရှိတဲ့ နေရာကို ရှာတွေတဲ့ အချိန်ကျတော့ သူက ကွယ်လွန်သွားခဲ့ပြီလေ “ ရှားတျန်သည် အချိန်ကြာကြာ အသက်မရှင်ခဲ့သည့် သူငယ်ချင်းကို အမှတ်ရပြီး မျက်ရည်များပင် ဝဲလာတော့သည်။
နောက်ဆုံးတော့ ရဲ့ချန်တစ်ယောက် အဘိုးဖြစ်သူ၏ အမှောင်ဘက်ခြမ်းကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ မိနစ်အနည်းငယ်ခန့် ကြာပြီးသော် ရှာတျန်ကလည်း စိတ်သက်သာရာ ရလာခဲ့သည်။
“ အဘိုးရှားတျန်၊ ကျွန်တော် မသိခဲ့တဲ့ အတိတ်က အဘိုးရဲ့အကြောင်းတွေကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် “ ရဲ့ချန်က အဘိုးရှားတျန်ကို အဘိုးဖြစ်သူ၏ ဘ၀ဇာတ်ကြောင်းအား အချိန်အတော်ကြာ ပြောပြပေးသည့်အတွက် ကျေးဇူးတင်စကား ပြောလိုက်သည်။
“ ကိစ္စမရှိပါဘူးကွာ၊ ငါ ဒီအကြောင်းတွေကို မင်းကို ပြန်ပြောနိုင်တာကိုပဲ ၀မ်းသာလှပါပြီ၊ သြော် ဟုတ်သားပဲ၊ ငါ မင်းကို တစ်ခု ပြောပြဖို့ မေ့နေတာပဲ၊ မင်းရဲ့အဘိုး ထွက်မသွားခင် ညတစ်ညမှာ သူ ငါ့ဆီ ရောက်လာခဲ့တယ်၊ ပြီးတော့ ငါ့ရဲ့မြေးမငယ်လေးနဲ့ စေ့စပ်ထားတဲ့သူ ရှိမရှိ မေးမြန်းခဲ့တယ်၊ မင်းရဲ့အဘိုးက စေ့စပ်တဲ့လူတစ်ယောက်အတွက် မေးဖို့ ရောက်လာတာကြောင့် ငါလည်း အတော်လေး ဇဝေဇ၀ါ ဖြစ်သွားခဲ့တယ်၊ ဒါပေမဲ့ အဲဒါက မင်းအဘိုးရဲ့ တောင်းဆိုချက်တစ်ခု ဖြစ်တာကြောင့် ငါလည်း ငြင်းဆန်မနေဘဲ ချက်ချင်း သဘောတူလိုက်တယ် “ ရှားတျန်သည် ရဲ့ချန်က ငယ်စဉ်ကတည်းက စေ့စပ်ထားပြီးပြီ ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
“ ဗျာ … စေ့စပ်ထားပြီးပြီ ဟုတ်လား “ ရဲ့ချန်သည် အဘိုးဖြစ်သူက ရှားတျန်၏မြေးမလေးနှင့် စေ့စပ်ပေးထားခဲ့မည်ဟု လုံး၀ မျှော်လင့်မထားခဲ့ပေ။
“ အဘိုးရှားတျန်၊ ကျွန်တော့်မှာ မိန်းမရှိနေပြီဆိုတာ တကယ်လားဗျာ၊ ကျွန်တော် အဲဒါကို ငြင်းလို့ရသေးလားဟင် “ ရဲ့ချန်သည် အဘိုးရှားတျန်အာဒ ထိုကိစ္စကို ငြင်းဆန်ရန် တောင်းပန်လိုက်သည်။
“ မဖြစ်နိုင်တော့ဘူး၊ ငါတို့က စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်မှာ လတ်မှတ်ထိုးထားပြီးပြီ၊ အဲဒါက မင်းအဘိုးနဲ့ ငါနဲ့ လုပ်ထားတဲ့ ကြောက်စရာကောင်းတဲ့ ကတိတစ်ခုပဲ၊ ဒီကိစ္စကိုသာ အဆုံးမသတ်နိုင်ဘူးဆိုရင် ငါ မင်းအဘိုးနဲ့ တမလွန်မှာ ပြန်တွေ့တဲ့အခါကျရင် ဘယ်လို မျက်နှာပြရမှာလဲ “ ရှားတျန်သည် ရဲ့ချန်၏ ငြင်းဆန်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်၏။
ရဲ့ချန်သည် ဤစေ့စပ်ပွဲကို တခြားမိန်းမများ လက်ခံနိုင် မခံနိုင် သံသယ ၀င်နေသေး၏။ သို့သော်လည်း ဤကိစ္စက အဘိုးဖြစ်သူ၏ ဆန္ဒဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သူက ဤကိစ္စကို ငြင်းဆန်ရန် ခက်ခဲနေလေသည်။
ရဲ့ချန်က သံသယ ၀င်နေသည်ကို ကြည့်ရင်း ရှားတျန်က ချက်ချင်း ပြောလိုက်သည်။ “ မင်း ဘာမှ စိုးရိမ်နေစရာ မလိုပါဘူး၊ ငါ့မြေးမလေးက အတော်လေး လှတာကွ၊ မင်း သူနဲ့တွေ့ရင် ငြင်းမှာမဟုတ်တာ သေချာတယ်၊ ခဏလေး ငါ သူ့ကို ဒီခေါ်လိုက်မယ် “ ရှားတျန်က သူ၏မြေးမလေးကို ဖုန်းလှမ်းခေါ်လိုက်တော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now