အခန်း (၉၈) အမြီးကိုးချောင်း မြေခွေးနှင့် ပဋိညာဉ် ပြုလုပ်ခြင်း

263 16 0
                                    

ရဲ့ချန်က ဆယ်ကီလိုမီတာခန့်အထိ လွင့်ထွက်သွားပြီး သူ ယခင်က ရပ်နားခဲ့သည့် တောင်တန်းအား ဝင်ဆောင့်မိသွားလေသည်။

" ဝေါ့... ဝေါ့... " ရဲ့ချန်က သွေးများ အန်ထုတ်လိုက်ရသည်။

" တောက်... သန်လိုက်တဲ့ အား " ရဲ့ချန်သည် တိုက်ပွဲ သက်ရောက်မှုက ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မျှော်လင့်မထားပေ။ သူသာ တိုက်ပွဲနှင့် ထို့ထက်ပို၍ နီးကပ်နေမည်ဆိုလျှင် ဒဏ်ရာအပြင်းအထန် ရမည်မှာ သေချာသလောက် ရှိ​၏။

" သူတို့က တကယ်ပဲ အားကောင်းတယ်၊ တိုက်ခိုက်နေတဲ့သူ တစ်ယောက်စီတိုင်းက အရှင်သခင်နယ်ပယ်အဆင့်မှာ ရှိကြတယ်၊ နင် အသက်မသေတာပဲ ကံကောင်းတယ် မှတ်ပါ၊ နင့်နေရာမှာသာ အခြားတစ်ယောက်ဆိုရင် သူက သေချာပေါက် သေပြီပဲ " ချူးယွဲ့ချန်က ရှင်းပြလိုက်သည်။

ရဲ့ချန် " အရှင်သခင်နယ်ပယ်... ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ငါ မမြင်ရတာကိုး၊ သူတို့က တကယ်ပဲ ငါ့ထက် သန်မာနေတာပဲ "

ဟူးလန်း မြင့်မြတ်သော နယ်မြေတွင် စွမ်းအားကြီးသော ကျင့်ကြံသူ များစွာ ရှိသောကြောင့် ထိုနေရာက အမှန်တကယ် အန္တရာယ်များသော နေရာဟုဆိုက မမှားနိုင်ပေ။

" သူတို့ထဲက နှစ်ယောက်က တိုက်ခိုက်တဲ့နေရာမှာ သူတို့ရဲ စွမ်းအင်တွေကို အကုန်သုံးလိုက်ရတယ်၊ ဒါပေမဲ့ လူတိုင်းမှာတော့ စွမ်းအင် တစ်စက်မှ မကျန်တော့ဘူး၊ ဒီတော့ နင် သွားစစ်ဆေးတာက ပိုကောင်းလိမ့်မယ်၊ သူတို့ဆီက ကျန်ခဲ့တဲ့ပစ္စည်းတွေ နင် ရနိုင် မရနိုင် ဘယ်သူသိမှာလဲ " ချူးယွဲ့ချန်က အကြံပေးလိုက်သည်။

ရဲ့ချန်သည် အလွန်တရာ သိချင်စိတ် ပေါက်သွား​၏။ တိုက်ပွဲတွင် မည်သူ အနိုင်ရရှိသွားသနည်း။ တာအိုသခင် ငါးဦးလော သို့မဟုတ် အမြီးကိုးချောင်းမြေခွေးပင် လော။

ရဲ့ချန်သည် တိုက်ပွဲနေရာဆီသို့ ပျံသန်းသွားလိုက်​၏။ ယခုတော့ ရဲ့ချန်​၏ရှေ့က အရာရာတိုင်းက ပြောင်းလဲသွားပြီ ဖြစ်သည်။ သစ်ပင်များ အားလုံးက ပြိုကျ ပျက်စီးကုန်ပြီး အနီးဝန်းကျင်တစ်လျှောက် ဖုန်မှုန့်များနှင့် အမှိုက်သရိုက်များသာ ပြန့်ပြန့်ကြဲနေတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now