အခန်း (၁၉၂) တစ်ဖက်ခန်းက ဧည့်သည်

200 9 0
                                    

သူတို့သည် ရှေးဟောင်းရတနာသိုက်ကို ကာကွယ်ထားသည့် စည်းတံဆိပ်၏အင်အားကို တစ်ချိန်တည်း လေ့လာဆန်းစစ်လိုက်သည်။ သူတို့သည် ၎င်းကို တိုက်ခိုက်၍ ရနိုင်သော အားနည်းသည့် အချက်ကိုလည်း ဆက်လက် ဆွေးနွေးညှိနှိုင်းလိုက်ကြသည်။ သို့မှသာ သူတို့က အလွယ်တကူ ဖျက်ဆီးနိုင်မည် မဟုတ်ပါလား။
အစည်းအဝေးသည် အနည်းဆုံး နှစ်နာရီ ကျော်ကျော်ခန့် ကြာမြင့်ခဲ့သည်။ ဂိုဏ်းအားလုံးကလည်း အပြန်အလှန် သဘောတူမှုများ လုပ်လာခဲ့ကြသည်။ ထို့အပြင် စည်းတံဆိပ်ကို တိုက်ခိုက်သည့်အခါ အချင်းချင်း ရှုပ်ထွေးမနေစေရန် သက်ဆိုင်ရာ ဂိုဏ်းများအား ကိုယ့်နေရာနှင်ကိုယ် ပိုင်ခြားထားခဲ့သည်။
“ ကောင်းပြီ၊ မင်းတို့ အနားယူပြီး အင်အားတွေကို ပြန်ဖြည့်ထားကြ၊ မနက်ဖြန်ကျရင် တစ်ရာရာခိုင်နှုန်း ပြန်လည်ကောင်းမွန်နေဖို့ ငါမျှော်လင့်ပါတယ်၊ အဲဒါက ရှေးဟောင်းရတနာသိုက်ကို ကာကွယ်ထားတဲ့ စည်းတံဆိပ်ကို ချိုးဖြတ်ဖို့ ငါတို့အတွက် ပိုပြီး လွယ်ကူစေလိမ့်မယ် “ ထိုစကားကို ပြောပြီးနောက် ဓားခုနှစ်ချောင်းဂိုဏ်းက အပေါ်ထပ်သို့ အရင်ဆုံး တက်သွားခဲ့သည်။ ယခင်ကတည်းက ဓားခုနှစ်ချောင်းဂိုဏ်းက တည်းခိုခန်းတွင် အခန်းတစ်ခန်း ကြိုတင်စာရင်းသွင်းထားပြီးပြီ ဖြစ်သည်။
ချယ်ရီပန်းပွင့်ဂိုဏ်း၊ မီးတောင်ကြားဂိုဏ်း နှင့် အေးစိမ့်ရေခဲဂိုဏ်းတို့သည်လည်း တည်းခိုခန်းတွင် အခန်းများ ကြိုတင် စာရင်းသွင်းထားပြီးပြီး ဖြစ်သည်။ ဤအဆောက်အဦသည် အတော်လေး ကြီးမားသောကြောင့် လူတိုင်း ကိုယ်ပိုင်အခန်း တစ်ခန်းစီ ရနိုင်ကြသည်။ ဂိုဏ်းတစ်ဂိုဏ်းချင်းစီသည် မကောင်းသည့် လူများ တစ်ခုခု မကြံစည်နိုင်စေရန် သူတို့၏အခန်းများကို အကာအကွယ်များ ဖန်တီးထားကြသည်။ ယင်းသည် အပြင်ဘက်က လူများက သူတို့ကိုယ်ပိုင် အခန်းထဲတွင် မည်သည့်အရာလုပ်နေမှန်း မသိနိုင်သည့် အချက်လည်း ဖြစ်ပေသည်။
“ ခင်ဗျား ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ “ ရဲ့ချန်က သက်လတ်ပိုင်းအရွယ် လူကြီးကို မေးလိုက်သည်။
“ ဒါပေါ့၊ ဂိုဏ်းကြီးလေးဂိုဏ်းက စည်းတံဆိပ်ကို ဖျက်ဆီးမယ့် အချိန်ကို စောင့်ရမှာပေါ့၊ ငါတို့လို အားနည်းတဲ့ ကျင့်ကြံသူတွေက ဂိုဏ်းကြီးလေးဂိုဏ်းနောက်က လိုက်ရုံပဲ တတ်နိုင်တယ်လေ၊ သူတို့ ချန်ထားခဲ့တဲ့ ရတနာ အကြွင်းအကျန်လေးတွေပဲ ငါတို့ မျှော်လင့်လို့ရတယ် “ သက်လတ်ပိုင်းအရွယ် လူကြီးတို့သည် ဂိုဏ်းကြီးလေးဂိုဏ်း ပထမဆုံး လှုပ်ရှားမည့် အချိန်ကိုသာ စောင့်စားနိုင်ပေသည်။ သူတို့သည် လုံခြုံပြီး ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် အခြေအနေကျမှသာ အထဲသို့ ၀င်ရဲမည် မဟုတ်ပါလား။
ဤတည်းခိုခန်းထဲက ကျင့်ကြံသူများကလည်း သက်လတ်ပိုင်းအရွယ်လူကြီး တွေးထားသည့်အတိုင်း တစ်ညီတညွတ်တည်း တွေးထားကြပေသည်။ အလိုလောဘတစ်ခုတည်းအတွက်နှင့် သူတို့၏အသက်ကို အဆုံးရှုံးလိုဘူး မဟုတ်လား။
“ ကောင်းပြီလေ၊ ငါလည်း ငှားထားတဲ့အခန်းဆီ သွားပြီး အိပ်တော့မယ်၊ မနက်ဖြန်ကျမှ တွေ့ကြတာပေါ့ “ သက်လတ်ပိုင်းအရွယ် လူကြီးသည် ထိုင်ခုံပေါ်မှ ထရပ်ပြီး ရွှေဖရုံသီးဝိုင်တစ်အိုးကို ၀ယ်ယူကာ လှေကားအတိုင်း တက်သွားလေသည်။
ရဲ့ချန်ကလည်း ဤအဖြစ်မတိုင်ခင်က အခန်းတစ်ခန်း ငှားထားပြီးပြီ ဖြစ်သည်။ ညတစ်ညအတွက် အခန်းငှားခက စျေးတော့ မကြီးပေ။ ရဲ့ချန်က အပေါ်ထပ်သို့ လျင်မြန်စွာ တက်လာခဲ့သည်။ သူက သူငှားထားသည့် အခန်းနံပါတ်ကို တစ်ချက် ကြည့်လိုက်သည်။
ရဲ့ချန် ငှားထားသည့် အခန်းနံပါတ်က နံပါတ်ကိုး ဖြစ်သည်။ အခန်းနံပါတ်ရှစ် နှင့် အခန်းနံပါတ်တစ်ဆယ်က ချယ်ရီပန်းပွင့်ဂိုဏ်း နှင့် အေးစိမ့်ရေခဲဂိုဏ်းတို့ ငှားထားကြသည်။
ရဲ့ချန်က နံပါတ်ကိုး အခန်းထဲသို့ ၀င်လာခဲ့သည်။ အခန်းထဲတွင် နှစ်ယောက်အိပ် ခုတင်တစ်လုံးသာ ရှိပြီး အံဆွဲလေးများ ပါသည့် စားပွဲအချို့ရှိသည်။ ဤနေရာတွင် အလင်းရောင် မရှိပေ။ ဆီမီးခွက်ကိုသာ အလင်းပစ္စည်းအဖြစ် အသုံးပြုနိုင်ပေသည်။
ရဲ့ချန်က အခန်းပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ရဲ့ချန်တစ်ယောက် ကောင်းကင်ဆီသို့ တစ်ချက် ကြည့်လိုက်သည်။ ထိုနေရာ၌ နက်မှောင်နေသည့် အောက်ခံကောင်းကင်ပေါ်တွင် တဖျပ်ဖျပ် တောက်ပနေသည့် ကြယ်ပွင့်လေးများ ရှိသည်။ ညကောင်းကင်ယံက အင်မတန် လှပပေသည်။ ရဲ့ချန်သည် ချောင်ယမ်ယမ် နှင့် တခြားမိန်းမများ မည်သည့်အရာများ လုပ်နေမည်နည်းဟု သိချင်စိတ် ဖြစ်နေမိ၏။
ဤနေရာက အတော်လေး ပျင်းစရာ ကောင်းသောကြောင့် ရဲ့ချန်တစ်ယောက် နတ်သမီးတံခါး၀ထဲသို့ ၀င်လာခဲ့သည်။
နတ်သမီးတံခါးထဲသို့ ရောက်လာသောအခါ ရဲ့ချန်သည် ချောင်ယမ်ယမ်၊ လျှို့ယွဲ့၊ ဖူလန်လင်း နှင့် စုမန်ချီတို့ကို ရှာမတွေ့ပေ။
“ ယွဲ့ချန် … “ ရဲ့ချန်က ချူးယွဲ့ချန်၏နာမည်ကို အော်ခေါ်လိုက်သည်။
“ ဘာလဲ “ ချူးယွဲ့ချန်က ရဲ့ချန်၏ရှေ့တွင် ပေါ်လာသည်။
“ ချောင်ယမ်ယမ် နဲပ တခြားမိန်းမတွေ ဘယ်ရောက်နေလဲ၊ နင် သိလား “ ရဲ့ချန်က ချက်ချင်း မေးမြန်းလိုက်သည်။
“ သူတို့တွေ အကုန်လုံး တံခါးပိတ် ကျင့်စဉ်၀င်နေတယ်၊ သူတို့ကို သွားမနှောင့်ယှက်နဲ့ “ ချူးယွဲ့ချန်သည် ချောင်ယမ်ယမ်တို့က တံခါးပိတ်ကျင့်စဉ်၀င်နေကြောင်း ပြောလိုက်၏။
“ အင်းပါ၊ အဲဒါဆိုလည်း ပြီးတာပဲ “ ရဲ့ချန်သည် မိန်းမဖြစ်သူတို့က တန်ခိုးကျင့်နေသောကြောင့် အနှောင့်အယှက် မပေးလိုတော့ပေ။
“ ဆရာ၊ နင် ယင်ယန်လေ့ကျင့်ချင်တယ် ဆိုရင် ဘယ်ဘက်ခန်းဖြစ်ဖြစ်၊ ညာဘက်ခန်းဖြစ်ဖြစ် ရွေးချယ်လို့ ရတယ်နော်၊ သူတို့တွေ အကုန်လုံးက မိန်းမချောလေးတွေ ချည်းပဲ “ ချူးယွဲ့ချန်က ရဲ့ချန်ကို စနောက်နေသည်။
ရဲ့ချန် ငှားထားသည့် အခန်း၏ ဘယ်ဘက် နှင့် ညာဘက်တွင် စုစုပေါင်း မိန်းမချောလေး ဆယ်ယောက်ရှိသည်။ ရဲ့ချန်သာ သူမတို့ကို အမှန်တကယ် လုပ်လိုလျှင် သူမတို့က ရဲ့ချန်ကို ပြန်လည် တိုက်ခိုက်နိင်မည် မဟုတ်ပေ။
“ အဲဒီအရေးမပါတဲ့ ဟာတွေကို ဆက်မပြောတော့နဲ့၊ ငါ့ဘာငါ အိပ်တာပဲ ကောင်းပါတယ် “ ရဲ့ချန်က သူဆောင်းထားသည့် ဝါးခမောက်ကို ချွတ်ပြီး စားပွဲပေါ် တင်ထားလိုက်သည်။ ထို့နောက် ရဲ့ချန်က အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ ထိုအိပ်ရာက ကျောက်ဖြာကြီးတစ်ခုကဲ့သို့ အတော်လေး ကြမ်းတမ်းလှချေသည်။ သို့သော် ဤအခန်းက သတ်မှတ်ထားသည့် စျေးနှုန်းဖြင့်တော့ တန်ပါသည်။
ရဲ့ချန်တစ်ယောက် သူ၏မျက်လုံးကို မှိတ်လိုက်သောအခါ တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ ရဲ့ချန်သည် သူ့ကို စိုက်ကြည့်နေသည့်လူကို တစ်ချက် အကဲခတ်လိုက်သည်။
“ မြန်မြန် ထွက်လာစမ်း၊ ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ “ ရဲ့ချန်သည် သူ့ကို စောင့်ကြည့်နေသည့် လူ၏တည်နေရာကို ချက်ချင်း ရှာတွေ့သွားသည်။
“ ခစ်ခစ်ခစ် … နင်က အတော်လေး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ပဲ “ အခန်း၏ပြတင်းပေါက်မှ မိန်းကလေးတစ်ယောက် ၀င်လာခဲ့သည်။
ထိုမိန်းကလေးက ချယ်ရီပန်းပွင့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ချင်းချမ် ဖြစ်သည်။ ဤအချိန်တွင် ချင်းချမ်က အ၀တ်စလွှမ်းထားသည့် ဝါးခမောက်ကို ဆောင်းမထားတော့ပေ။ ထို့ကြောင့် ရဲ့ချန်သည် ချင်းချမ်၏အလှကို ကောင်းစွာ မြင်နေရသည်။ ချင်းချမ်သည် အ၀တ်အစားကိုများကိုလည်း လဲထားပြီးပြီ ဖြစ်သည်။ ယခု ချင်းချမ်သည် အလွန်တရာ ဆက်ဆီကျသည့် ကိုယ်ကျပ်သင်တိုင်းတစ်ထည်ကို ၀တ်ဆင်ထားသည်။
ထိုမိန်းကလေး၏အလှသည် နတ်သမီးလေး မူလန်ယင်းနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုနိုင်၏။ ခြားနားချက်သည် ချင်းချမ်တွင် အလွန်တရာ မြှူဆွယ်နိုင်သည့် ညှို့ဓာတ်ခန္ဓာကိုယ်တစ်ခု ရှိနေခြင်းပင် ဖြစ်၏။ ထို့အပြင် ချင်းချမ်၏တောင်ပို့ကြီး နှစ်လုံးသည် မယုံနိုင်စရာ ကောင်းလောက်အောင် G ဆိုဒ် ရှိနေခြင်းပင် ဖြစ်၏။ ယင်းအတွက်ကြောင့် ယခင်က ရဲ့ချန်သည် မရည်ရွယ်ပါဘဲ အတော်လေး လျော့ချနေသည့် ချင်းချမ်၏အင်္ကျီကို ကြည့်မိလိုက်ခြင်း ဖြစ်ပေသည်။
ရဲ့ချန်သည် ညကြီးအချိန်မတော် ချင်းချမ်က သူ့ကို လာချောင်းနေသောကြောင့် အတော်လေး အံ့အားသင့်သွားသည်။
“ ချယ်ရီပန်းပွင့်ဂိုဏ်းရဲ့ ဂိုဏ်ခေါင်းဆောင်က ညကြီးအချိန်မတော် လာရအောင် ဒီလူငယ်လေးဆီက ဘာများ လိုချင်လို့ပါလိမ့် “ ရဲ့ချန်က မေးလိုက်သည်။
“ ခစ်ခစ်ခစ် … အကြောင်းပြချက်က ငါ နင့်ကို နည်းနည်းလေး စိတ်၀င်စားနေလို့ပါ “ ချင်းချမ်က တစ်ခစ်ခစ် ရယ်မောနေသည်။ ထိုမိန်းကလေး၏အသံသည် ရဲ့ချန်ကို အမှန်တကယ် သွေးဆောင်နိုင်စွမ်း ရှိပေသည်။
“ တကယ်လား၊ ကျုပ်ကို ဘာဖြစ်လို့ စိတ်၀င်စားနေတာလဲ၊ ကျုပ်ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့်လား “ ရဲ့ချန်သည် ထိုအမျိုးသမီးက အနည်းငယ် နားလည်ရ ခက်ခဲသည်ဟု ခံစားလိုက်ရသည်။ ရဲ့ချန်သည် တတ်နိုင်သလောက် သာမန်လူတစ်ယောက်လိုသာ သိုသိုသိပ်သိပ် နေထိုင်ခဲ့၏။ သို့သော် ချင်းချမ်လို မိန်းမတစ်ယောက်ကိုပင် ဆွဲဆောင်နိုင်သည်အထိ သူ့တွင် မည်သည်အရာများ ရှိနေသေးသနည်း။
“ ငါ နင့်ကို စိတ်၀င်စားသွားတဲ့ အကြောင်းပြချက်က နင်က ငါ့ရဲ့ညှို့ဓာတ်ကျင့်စဉ် သက်ရောက်မှု မရှိတဲ့ ပထမဆုံး လူတစ်ယောက်ဖြစ်နေလို့ပဲ၊ အဲဒါက ငါ နင့်ရဲ့အကြောင်းကို ပိုပြီး သိချင်စိတ် ဖြစ်သွားစေတဲ့ အချက်ပဲ၊ နင်က ဘာနည်းလမ်းကိုများ အသုံးပြုထားလို့ ငါရဲ့ညှို့ဓာတ်ကျင့်စဉ်ကို ကာကွယ်ထားနိုင်တာလဲဟင် “ ချင်းချမ်သည် ရဲ့ချန်က မည်သည့်နည်းလမ်းများ အသုံးပြုထားသောကြောင့် သူမ၏ကျင့်စဉ်ကို ကာကွယ်ထားနိုင်မှန်း သိချင်စိတ် ပြင်းပြနေ၏။
“ ကျုပ်ရဲ့စိတ်နဲ့ ဝိညာဉ်က ခင်ဗျားထက် အားကောင်းနေလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့၊ အဲဒါကြောင့် ခင်ဗျားရဲ့ကျင့်စဉ်က ကျုပ်အပေါ် အလုပ်မလုပ်တာ ဖြစ်မယ် “ ရဲ့ချန်က ချင်းချမ်၏မေးခွန်းကို အလွယ်တကူ ဖြေပေးလိုက်သည်။
ညှို့ဓာတ်အမျိုးစား ကျင့်စဉ်များသည် ဝိညာဉ် နှင့် စိတ်တို့ကို ဆွဲဆောင်သည့် ကျင့်စဉ်မျိုးပင် ဖြစ်၏။ ညှို့ဓာတ်ကျင့်စဉ်သည် ရန်သူကို စိတ်ရှုပ်ထွေးစေရန် လုပ်ဖို့ အတော်လေး အစွမ်းထက်လှပေသည်။ ထိုကျင့်စဉ်၏ အားနည်းချက်သည် စိတ် နှင့် ဝိညာဉ်တို့ အားကောင်းသည့်လူနှင့် ဆုံမိသောအခါ ၎င်းက သက်ရောက်မှု မရှိတော့ခြင်း ဖြစ်သည်။
ဤလောကတွင် အတော်လေး အစွမ်းထက်သည့် ညှို့ဓာတ်ကျင့်စဉ်အချို့တော့ ရှိပေသည်။ စိတ် နှင့် ဝိညာဉ်တို့ အားကောင်းသည့် လူများပင် ခုခံရန် ခက်ခဲလှပေသည်။ ထိုကျင့်စဉ်များတွင် ဘုရင့်နှလုံးသား ကျင့်စဉ်လည်း ပါ၀င်ပေသည်။
ထိုကျင့်စဉ်သာ လူယုတ်မာများ လက်ထဲ ကျရောက်သွားလျှင် သူတို့သည် ဤကျင့်စဉ်အား အသုံးပြုပြီး စကြ၀ဠာကြီးတစ်ခုလုံးက အမျိုးသမီးများကို လိုက်လံ ဖျက်ဆီးကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
ကံကောင်းထောက်မစွာ ဤလောကတွင် ရှေးဟောင်း ယန်ခန္ဓာကိုယ်တစ်ခု၏ လိုအပ်ချက်ကြောင့် ရဲ့ချန်တစ်ယောက်သာ ဘုရင့်နှလုံးသား ကျင့်စဉ်ကို အသုံးပြုနိုင်သည်။
“ အေးပါလေ၊ နင်ပြောတဲ့စကားတွေကို ငါယုံပေးလိုက်ပါ့မယ်၊ ဒါပေမဲ့ နင့်ရဲ့လျှို့ဝှက်ချက်ကို ငါလွယ်လွယ်လေး မြင်နေရတယ်၊ နင်က နင့်ရဲ့အင်အားအစစ်အမှန်ကို အထူးအသုံးဆောင်ပစ္စည်းတစ်ခု အသုံးပြုပြီး လျှို့ဝှက်ထားတယ် “ ချင်းချမ်သည် ရဲ့ချန်က ရှားပါးသည့် အသုံးဆောင်ပစ္စည်းတစ်ခု အသုံးပြုပြီး ဖုံးကွယ်ထားသည်ဟု သံသယ ၀င်နေသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now