အခန်း (၂၁) ယွိထမ်နှင့် ပြန်တွေ့ခြင်း

439 44 0
                                    

စန္ဒယားကို သယ်ဆောင်လာသော လူရှစ်ယောက်က ရဲ့ချန်ထွက်သွားသည်ကို မြင်လိုက်သောအခါ ထိုအခင်းဖြစ်ပွားမှုတွင် မည်သူမျှ ဒဏ်ရာရမသွားသည်ကို မြင်လိုက်ရသည်။ စန္ဒယားကြီးက အရှိန်ပြင်းပြင်းနှင့် ကျလာတာတောင်မှ ရဲ့ချန်​၏တံထောင်ဆစ်တွင် မပြောပလောက်သော ဒဏ်ရာလေးသာ ရရှိသွားသည်။

" ဟေ့ကောင်...ဒါ မင်းအပြစ်ပဲ...မင်းဘာလို့ သေချာကိုင်မထားတာလဲ..."

" ဟ ဘာဖြစ်လို့ ငါ့အပြစ်ဖြစ်သွားရတာလဲ...ငါ့ခန္ဓာကိုယ်က ပိန်သေးသေးလေးလေ ငါ့မှာ အဲ့ဒါကြီးတစ်ခုလုံးကို ထမ်းထားဖို့ စွမ်းအားမရှိဘူး..."

" ဒါက ရှင်းနေတာပဲလေ...မင်းဦးနှောက်က တစ်ခန်းလွတ်နေတာလား...ဘာဖြစ်လို့ ငါ့ကိုပဲ အပြစ်တွေ တင်နေရတာလဲ..."

ထိုလူရှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦး ထသတ်ကြလေတော့သည်။

နောက်ဆုံးမှာတော့ ရဲ့ချန်နှင့် ကျန်းချောင်တို့ဟာ ကျောင်းကန်တင်းသို့ ရောက်လာကြသည်။ သို့သော် တန်းစီနေသောလူတန်းက အတော်ပင်ရှည်လျားနေချေပြီ။ " ရဲ့ချန် မင်းဘာမှာ မှာလဲ...ငါမှာပေးမယ်...မင်း ဒီစားပွဲမှာ ခဏထိုင်စောင့်ဦး..." ကျန်းချောင်က ပြောလိုက်သည်။

ရဲ့ချန်က စားစရာများကို တစ်ခုချင်းပြောလိုက်ပြီး ကျန်းချောင်ကို ကျသင့်ငွေ ပေးလိုက်သည်။ ထို့နောက် ရဲ့ချန် ထိုင်ခုံပေါ်သို့ သွားထိုင်နေလိုက်သည်။

ရဲ့ချန် ဒီကမ္ဘာကို ပြန်ရောက်လာသောကြောင့် သက်သောင့်သက်သာရှိသောဘဝကို နှစ်သက် ခံစားနေမိသည်။ သူ့ဆီကို ပြဿနာတွေရောက်လာတာတောင်မှ ထိုအရာလေးတွေက အသေးအဖွဲကိစ္စလေးတွေသာ။

ရဲ့ချန် ဒီလို ငချွတ်လေးဘဝဖြင့် အမြဲတမ်းနေလို့မရဘူးဆိုတာ သိပါသည်။ ပညာရှင်နတ်ဘုရားရဲ့အမွေကို ရရှိခဲ့တာကြောင့် သူသာ အလျင်အမြန် အားကောင်းမလာဘူးဆိုရင် သန်မာတဲ့လူအမြောက်အမြားက သူ့ကိုပြစ်မှတ်ထားမယ်ဆိုတာ သူနားလည်သည်။ ထို့ကြောင့် ရဲ့ချန် သူမယုံကြည်ရသော လူတွေရှေ့မှာ သူ့ရဲ့အင်အားကို ထုတ်ဖော်မပြသမိစေရန် အထူး ဂရုစိုက်နေရသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now