အခန်း (၄၁) ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခြင်း

341 34 0
                                    

" မမယွဲ့ချန်... ဘာဖြစ်လို့ ကျွန်မတို့ နှစ်ယောက်ကို ဒီလိုလုပ်ရတာလဲ "

သူတို့နှစ်ဦးကြားမှာ နားလည်မှုလွဲမှားစေနိုင်သည်အထိ စ,နောက်ခဲ့ခြင်းကြောင့် ချောင်ယမ်ယမ်က မေးလိုက်သည်။

" တကယ်တော့ ရဲ့ချန်မှာ တခြားမိန်းမတွေရှိနေမယ်ဆိုရင် ညီမလေးဘယ်လို တုန့်ပြန်မလဲဆိုတာ သိချင်လို့ မမ စလိုက်တာပါ။ ဒါပေမယ့် ဒီလောက်အထိ စိတ်ဆိုးသွားလိမ့်မယ်လို့ တကယ်ထင်မထားတာ သိလား။ ဟီဟီ "

ချုးယွဲ့ချန်က ချောင်ယမ်ယမ်အား အမှန်တကယ် စမ်းသပ်ချင်ခဲ့တာပဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်၌ ရဲ့ချန်မှာ မိန်းမတွေ အများကြီးရှိလာတဲ့အခါ သူမက လက်ခံနိုင်လား၊ လက်မခံနိုင်ဘူးလားဆိုတာကို ချူးယွဲ့ချန်က သိလိုသည်။

" တခြားမိန်းမ... ရဲ့ချန်မှာ တခြားမိန်းမတွေ ရှိသေးတာလား "

" အခုတော့ သူ့မှာ ညီမလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်... နောက်ကျရင် ရဲ့ချန်မှာ ဧကန်မုချ မိန်းမတွေ အများကြီးရှိလာမှာပဲ။ ဒါဇင်ကျော်လောက်၊ တစ်ရာကျော်လောက် ဒါမှမဟုတ် တစ်ထောင်ကျော်လောက်တောင် ရှိကောင်း ရှိလိမ့်မယ် "

" ဘာဖြစ်လို့... ရဲ့ချန်က ကျွန်မတစ်ယောက်တည်းနဲ့ မလုံလောက်လို့လား။ သူ့မှာ နောက်ထပ်မိန်းမတွေက ဘာဖြစ်လို့ လိုရမှာလဲ "

ချောင်ယမ်ယမ်က ယောက်ျားတစ်ယောက်ဟာ မိန်းမတွေ ဒါဇင် သို့မဟုတ် တစ်ရာလောက်ယူတာနဲ့ပတ်သက်ပြီး အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေရသည်။ ခေတ်အမျိုးသမီးတိုင်းကတော့ သူတို့​၏အိမ်ထောင်ဖက်မှာ တခြားမိန်းမတစ်ယောက်ရှိနေမှာကို လက်ခံဖို့ လုံးဝ မဖြစ်နိုင်ပေ။ ယခုက ယောက်ျား၊ မိန်းမ တန်းတူအခွင့်အရေးရှိသော မော်ဒန်ခေတ်ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာ၌ အမျိုးသမီးအနည်းငယ်လောက်သာ ကိုယ်လုပ်တော် သို့မဟုတ် မယားငယ် ဖြစ်ချင်စိတ် ရှိပါလိမ့်မည်။

ချူးယွဲ့ချန်က ခေတ်ဟောင်းမှာ နေခဲ့တဲ့အတွက် ထိုကိစ္စနဲ့ပတ်သက်ပြီး မသိရှိပေ။ ထိုခေတ်၌ ယောက်ျားတိုင်းဟာ ကိုယ်လုပ်တော် ဒါဇင်လောက် ယူနိုင်ကြသည်။ ကြယ်တွေ​၏ အရှင်သခင် ဘုရင်များဆိုလျှင် တစ်ထောင်ကျော် သို့မဟုတ် တစ်သောင်းကျော်လောက်တောင် ကိုယ်လုပ်တော်တွေ ရှိကြသည်။ ယောက်ျားတွေမှာ ထိုကဲ့သို့ မိန်းမတွေအမြောက်အမြားရှိနေတဲ့အတွက် ချူးယွဲ့ချန်အတွက်တော့ အထူးအဆန်း ဖြစ်မနေတော့ပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now