အခန်း (၇၄) လျှို့ယွဲ့ကို နှိပ်ပေးခြင်း

363 26 0
                                    

လျှို့ယွဲ့က ရဲ့ချန်ကို သူမ​၏အခန်းထဲသို့ ခေါ်လာသည်။ သူမ​၏အခန်းက ယခင်အတိုင်း သော့ပိတ်ထားဆဲသာ ရှိနေသည်။

လျှို့ယွဲ့က ဆိုဖာထိုင်ခုံပေါ်တွင်ထိုင်ပြီး သူမ​၏ဆံပင်များကို နောက်သို့ စုစီးလိုက်သည်။ " ရဲ့ချန်... ငါတော့ အဆင်သင့်ဖြစ်ပြီ၊ စမယ်ဆို စတော့ " လျှို့ယွဲ့သည် ရဲ့ချန်​၏အနှိပ်အနယ် ကျွမ်းကျင်မှုကို စမ်းကြည့်လိုလှပြီ ဖြစ်သည်။

ရဲ့ချန်က လျှို့ယွဲ့​၏နောက်ကျောဘက်တွင် နေရာဝင်ယူလိုက်ပြီး သူ​၏လက်နှစ်ဖက်စလုံးကို သူမ ပခုံးပေါ်သို့ တင်လိုက်သည်။ " ကျုပ် စတော့မယ်နော် " ရဲ့ချန်က လျှို့ယွဲ့​၏ပခုံးသားလေးများကို စတင်နှိပ်လိုက်တော့သည်။

" အမလေးတော့... " ရဲ့ချန်က စတင်နှိပ်နယ်လိုက်သည်နှင့် လျှို့ယွဲ့က အလန့်တကြား ထအော်သည်။

" ဘာဖြစ်လို့လဲ... နာလို့လား " ရဲ့ချန်က စိုးရိမ်တကြီး မေးမြန်းသည်။

" မဟုတ်ဘူး... မဟုတ်ဘူး... ဆက်လုပ် " လျှို့ယွဲ့က ခေါင်းကို တွင်တွင်ယမ်း၍ ရဲ့ချန်ကို ဆက်နှိပ်ဖို့ ပြောသည်။

ရဲ့ချန်ကလည်း သူ​၏နှိပ်နယ်မှုကိုပဲ ဆက်လက်လုပ်ဆောင်လိုက်သောအခါ လျှို့ယွဲ့​၏ခန္ဓာကိုယ်ကြွက်သားများက တောင့်တင်းနေသည်ကို သိလိုက်ရသည်။ ယင်းက လျှို့ယွဲ့က နေ့စဉ် အလုပ်​၏ဖိအားအောက်မှာသာ ရုန်းကန်ခဲ့ရပြီး လေ့ကျင့်ခန်းပင်လုပ်ရန် အချိန်မရှိသောကြောင့် ဖြစ်နိုင်သည်။

" ဟင်း..... " လျှို့ယွဲ့က သူမ​၏အသံကို ချက်ချင်း ရပ်တန့်လိုက်သည့်အတွက် ရှေ့ဆက်ထွက်မလာတော့ပေ။ အကြောင်းပြချက် တစ်ခုအတွက်ဆို ရဲ့ချန်က နှိပ်လိုက်တိုင်း နှိပ်လိုက်တိုင်း သူမအဖို့ ကောင်းမွန်လွန်းသောခံစားချက်ကို ရရှိရသည် မဟူတ်ပါလား။ ယင်းက လျှို့ယွဲ့​၏ဘဝတွင် တစ်ခါမျှ မခံစားဖူးသော ခံစားချက်ပင် ဖြစ်သည်။

လျှို့ယွဲ့က သူမ​၏ခန္ဓာကိုယ်က အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်နေသည်ဟု ခံစားလိုက်မိသည်။ ရဲ့ချန်က ညင်သာစွာ နှိပ်ပေးနေသည်ဖြစ်သော်လည်း သူမခန္ဓာကိုယ် တစ်ကိုယ်လုံးက တုန်ခါနေပြီး သူမ​၏အသက်ရှူသံများကလည်း လှိုင်းထန်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now