အခန်း (၂၃) ဆရာမ လင်းရို့ချီ

436 46 0
                                    

နောက်ဆုံးမှာတော့ ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့ သူတို့ရဲ့ အစားအစာတွေကို စားသောက်ပြီးစီးသွားသည်။ " ရဲ့ချန် ငါတို့ အခန်းကို ချက်ချင်း ပြန်ရအောင်...အမရို့ချီက သင်ခန်းစာတစ်ခုပေးလိမ့်မယ်...ငါပြောချင်တာက ဆရာမလင်းကိုပြောတာ..." ချောင်ယမ်ယမ်က သတိပေးလိုက်သည်။

သို့သော် ရဲ့ချန် အရင်က အခန်းထဲတွင် လင်းရို့ချီဆိုသော ဆရာမတစ်ယောက်မရှိခဲ့တာကြောင့် ထိုဆရာမလင်းကို သူမသိပေ။ " ဒါဆိုလည်း ပြန်ကြရအောင်လေ..." ရဲ့ချန် ပြောလိုက်သည်။

ရဲ့ချန် ငွေပေးချေရန်ထသွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ချောင်ယမ်ယမ်က သူ့ရဲ့ရည်းဖြစ်ပြီး သူမ ယောက်ျားလေးတစ်ယောက်ပါ။ ထို့ကြောင့် သူ့မှာ ငွေပေးချေရမည့် တာဝန် အပြည့်အဝ ရှိပေသည်။

" ရဲ့ချန်...ငါပေးပါရစေ...ဒါတွေက စျေးအရမ်းကြီးတယ်..." ရဲ့ချန်မှာ ငွေအများကြီးမရှိမှန်း ချောင်ယမ်ယမ်သိတဲ့အတွက် ရဲ့ချန် ငွေပေးဖို့သွားတာကို ရပ်တန့်ဖို့ ကြိုးစားလိုက်သည်။

" ရပါတယ်ဟာ...ငါမှာ ဒီအတွက်တော့ ပိုက်ဆံလုံလုံလောက်လောက်တော့ ရှိပါတယ်...နောက်ပြီးတော့ အနာဂတ်မှာ ငါက သေချာပေါက် ငွေတွေအများကြီးရှာပြီး နင့်ကို ပျော်ရွှင်အောင်ထားမယ်..." ရဲ့ချန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

ချောင်ယမ်ယမ် " အင်း ငါယုံပါတယ်...နင်က သေချာပေါက် အောင်မြင်တဲ့လူတစ်ယောက် ဖြစ်မှာ...ပြီးတော့ နင့်ရဲ့လမ်းပေါ်က ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကိုလည်း သေချာပေါက် ငါ မငြီးမငြူဘဲ ကူညီပေးပါ့မယ်..." ချောင်ယမ်ယမ်က ရဲ့ချန်အပေါ်မှာတော့ အပြည့်အဝယုံကြည်ပါသည်။

ရဲ့ချန် ချောင်ယမ်ယမ်​၏စကားတွေကို ကြားလိုက်ရသည်။ ချောင်ယမ်ယမ်​၏ ယုံကြည်မှုကို ရတဲ့အတွက် ထိုဟာက အလွန်ကို ကြီးမြတ်ပါပေ​၏ ။

ရဲ့ချန် ပြဿနာတွေကို ရှောင်ရှားဖို့ သူ့ရဲ့မျက်နှာဖုံးကို ပြန်လည် ဝတ်ဆင်လိုက်သည်။

ချောင်ယမ်ယမ် " ရဲ့ချန် ဘာဖြစ်လို့ အဲ့ဒါကို ပြန်ဝတ်နေတာလဲ...ဒါက အခြေအနေတွေကို ပိုဆိုးစေမယ်ဆိုရင်တောင် မဝတ်တော့နဲ့..."

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now