အခန်း (၁၈၈) ကောင်းကင်ဘုံ ကောင်းကင်ဓား

199 11 0
                                    

“ ငါ့ရဲ့ကောင်းကင်ဘုံ ကောင်းကင်ဓားသိုင်းကို မည်းစမ်း ကြည့်ပါဦး “ ကျင်းဝူက လေဓားများကို ထိန်းချုပ်ပြီါ် ရဲ့ချန်ကို တိုက်ခိုက်လိုက်သည်။
ကောင်းကင်ဘုံ ကောင်းကင်ဓားတွင် အဆင့်ခုနှစ်ဆင့် ရှိသည်။ အဆင့်တစ်ဆင့်စီသည် လေဓားတစ်ချောင်းကို ဖန်တီးနိုင်ပုံအား ကိုယ်စားပြုသည်။ ကျင်းဝူက ဓားလေးချောင်းကိုသာ ဖန်တီးနိုင်ပုံအား ကြည့်ခြင်းဖြင့် သူက ကောင်းကင်ဘုံ ကောင်ကင်ဓားကို အဆင့်လေးသာ အောင်မြင်ထားကြောင်း သိနိုင်၏။
ကျင်းဝူ၏လေဓားများသည် ရဲ့ချန်ဆီသို့ အလွန်တရာ လျင်မြန်သည့် အရှိန်ဖြင့် တိုး၀င်လာ၏။
“ ချလပ် … ချလပ် … ချလပ် … ချလပ် “ လေဓားများက ရဲ့ချန်၏ခန္ဓာကိုယ်ကို ဖြတ်ပိုင်းပစ်လိုက်၏။
ဓားများက သူ၏ခန္ဓာကိုယ်ကို ဖြတ်ပိုင်းနေသည်အထိ ရဲ့ချန်က တည်တည်ငြိမ်ငြိမ် ရပ်နေဆဲသာ ရှိသေး၏။ သူက သူ့ကို ဖြတ်ပိုင်းနေသည့် ဓားများကို တစ်ချက်မျှပင် ပြန်မကာကွယ်ပေ။
ကျင်းဝူက ရဲ့ချန်၏ခန္ဓာကိုယ်ကို အချက်တစ်ရာလောက်ထိ ဖြတ်ပိုင်းလိုက်သည်။ သို့သော် ရဲ့ချန်၏ခန္ဓာကိုယ်မှ ယခုချိန်ထိ သွေးတစ်စက်မျှ ထွက်မလာသေးပေ။
ကျင်းဝူသည် ရဲ့ချန်၏ခန္ဓာကိုယ်က အလွန်တရာ မာကျောလှသည်ဟု ခံစားလိုက်ရ၏။ စင်စစ် သူ၏ခန္ဓာကိုယ်က သံမဏိထက်ပင် ပို၍ မာကျောနေသည်လော။ ဤကောင်းကင်ဘုံ ကောင်းကင်ဓား သိုင်းကွက်ဖြင့်ဆိုလျှင် ကျင်းဝူက သံမဏိတိုင်ကိုပင် ထက်ခြမ်း ခွဲပစ်နိုင်စွမ်း ရှိပေသည်။
ယခုတော့ ကျင်းဝူက ရဲ့ချန်ကို တစ်စက်မျှ နာကျင်အောင် မတိုက်ခိုက်နိုင်ပေ။
“ ခင်ဗျားရဲ့အစွမ်းက ဒီလောက်ပဲ ရှိတာလား၊ ခင်ဗျားက ဒီလောက်လေးပဲ ဆိုရင်တော့ ကျုပ် အတော် စိတ်ပျက်သွားပြီ “ ရဲ့ချန်သည် အင်္ကျီကို တစ်ချက် ခါထုတ်လိုက်သည်။
ရဲ့ချန် လုပ်နေသည့်ပုံစံကို ကြည့်ရင်းသည် ကျင်းဝူသည် သူ့ကို စော်ကားနေသလို ခံစားလိုက်ရ၏။
“ ဖြတ်ပိုင်းအလင်း “ ကျင်းဝူ၏ဓားပျံများသည် တစ်ပြိုက်နက်တည်း ဖွာထွက်ကုန်ပြီး ရဲ့ချန်ဆီသို့ အလင်းဓားသွားများအဖြစ် တိုး၀င်သွားလေသည်။
ရဲ့ချန်က သူ၏လက်ဝါးကို ရှေ့ထုတ်ပြီး အလင်းဓားသွားများကို အလွယ်တကူ လမ်းကြောင်း လွှဲပေးလိုက်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “ သူ၏ဓားသွားများကို ရဲ့ချန်က အလွယ်တကူ ရိုက်ထုတ်ပစ်လိုက်သည်ကို မြင်ပြီး ကျင်းဝူတစ်ယောက် အံ့အားသင့်နေလေသည်။
ကောင်းကင်ဘုံ ကောင်းကင်ဓားသိုင်းက အဆင့်ခုနှစ်ဆင့် ရှိသည်က သိပြီး ဖြစ်ပါသည်။ ကျင်းဝူသည် နှစ်ခုနှစ်ဆယ်လုံးလုံး ထိုဓားသိုင်းကိုသာ လေ့ကျင့်ရင်း အချိန် ကုန်ဆုံးခဲ့သည်။
ယနေ့တော့ သူ့ထက် များစွာ ငယ်ရွယ်သည့် လူငယ်လေးတစ်ယောက်က သူ၏အလင်းဖြတ်ပိုင်း ဓားသိုင်းကို အလွယ်တကူ ဟန့်တားလိုက်သည်ကို မြင်နေရပြီ ဖြစ်၏။
“ ခင်ဗျားက ဓားခုတ်တမ်း ကစားချင်တယ်ဆိုတော့ ကျုပ်မှာလည်း ဓားပျံကျင့်စဉ်တစ်ခု ရှိပါတယ်၊ မီးဓားတစ်သောင်း “ ရဲ့ချန်က မီးဓားတစ်သောင်း ကျင့်စဉ်ကို အသုံးပြုလိုက်သည်။
ရဲ့ချန်၏အနီး၀န်းကျင်တွင် မီးဓားတစ်ရာက လှည့်ပတ်ပျံသန်းနေ၏။
ရဲ့ချန်၏အနီးတွင် ပျံသန်းနေသည့် မီးဓားတစ်ရာကို မြင်ပြီးနောက် ကျင်းဝူ၏မျက်လုံးနှစ်လုံးက ပြူးကျယ်လာ၏။ လူတစ်ယောက်၏စွမ်းအင်ဖြင့် ဤမျှ များပြားသည့် ဓားများကို ဖန်တီးနိုင်ကြောင်း သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။ ကောင်းကင်ဘုံ ကောင်းကင်ဓားကို ဖန်တီးခဲ့သည့် ဂိုဏ်းတည်ထောင်သူပင် အဆင့်ခြောက်ထိ ရောက်ပြီး ဓားခြောက်ချောင်းသာ ဖန်တီးနိုင်ခဲ့၏။
ကျင်းဝူအတွက် ထိုအရာက လုပ်ဆောင်ရန် မဖြစ်နိုင်သည့် အရာတစ်ခုပင် ဖြစ်၏။
ရဲ့ချန်က ဓားတစ်ချောင်းကို ထိန်းချုပ်ပြီး ကျင်းဝူ၏လေဓားလေးစင်းကို ဖျက်ဆီးပစ်လိုက်သည်။
“ ခရက် … “ ကျင်းဝူ၏လေဓားလေးစင်းက အလွယ်တကူ ပျက်စီးသွားလေသည်။
“ အဟွတ် … “ ရဲ့ချန်က သူ၏ဓားများကို ဖျက်ဆီးပစ်လိုက်သောကြောင့် ကျင်းဝူ သွေးတစ်လုတ် အန်ချလိုက်ရ၏။ သူ၏စွမ်းအင်များက သူ့ကို ပြန်လည် တိုက်ခိုက်လိုက်သောကြောင့် ကျင်းဝူက အတွင်းဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
“ တကယ်ပါပဲ၊ မင်းက ဘယ်လို မွန်းစတားမျိုးလဲကွာ “ ကျင်းဝူက ရင်ဘတ်ကို ဆုပ်ကိုင်ရင်း ဒူးထောက်ကျသွားလေသည်။
“ ကျုပ်က မွန်းစတား မဟုတ်ပါဘူး၊ ကျုပ်က အေးချမ်းမှုကို နှစ်သက်တဲ့ သာမန်လူတစ်ယောက်ပါပဲ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျုပ်ဘ၀ကို အနှောက်အယှက် လာပေးမယ်ဆိုရင်တော့ သူ့ရဲ့ဘ၀က ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ဘူး “ ရဲ့ချန်၏စည်းမျဉ်းက အလွန်တရာ ရိုးရှင်းလှပေသည်။ တစ်ယောက်ယောက်က သူတို့ကို ပြဿနာ လာမရှာသရွေ့ သူကလည်း မည်သူ့ကိုမျှ ပြဿနာ သွားရှာမည် မဟုတ်ပေ။
“ ငါက ဓားခုနှစ်ချောင်းဂိုဏ်းက တပည့်တစ်ယောက်ပဲ၊ မင်း ငါ့ကို သတ်မယ်ဆိုရင် ငါတို့ဂိုဏ်းက မင်းကို သေချာပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး “ ထွက်ပြေးရန် နည်းလမ်းမရှိတော့သည်ကို ကြည့်ရင်း ကျင်းဝူသည် ရဲ့ချန်၏လက်က လွတ်မြောက်ရန် ဓားခုနှစ်ချောင်းဂိုဏ်း၏ ကျော်ကြားမှုကို အသုံးပြုလိုက်သည်။
“ ဪ … ဒီတော့ ခင်ဗျားတို့က ဂိုဏ်းကြီးလေးဂိုဏ်းက လာတဲ့ လူတွေပေါ့၊ ခင်ဗျားတို့ မောက်မာမယ် ဆိုရင်လည်း မောက်မာလောက်ပါပေတယ်၊ ခင်ဗျားတို့မှာ အတော်လေး အားကောင်းတဲ့ အထောက်အပံ့တွေ ရှိနေတာပဲ “ နောက်ဆုံးတော ရဲ့ချန်သည် ထိုလူနှစ်ယောက်က မည်သည့်နေရာက လာမှန်း သိသွားပြီ ဖြစ်၏။
“ ဘယ်လိုလဲ၊ ငါတို့ဂိုဏ်းရဲ့နာမည်ကို ကြားပြီး မင်း ကြောက်သွားပြီမလား၊ ဟဟဟ … ငါတို့ဂိုဏ်းအတွက်တော့ မင်းက ပုရွက်ဆိတ်လေး တစ်ကောင်ပါပဲ “ ရဲ့ချန်က သူတို့ဂိုဏ်း၏နာမည်ကို ကောင်းစွာ သိရှိနေသည်ကို မြင်ပြီး ကျင်းဝူသည် သူ့ကို သတ်ရဲမည် မဟုတ်တော့ဟု ထင်မှတ်သွား၏။
“ ကြောက်တယ် ဟုတ်လား၊ ပုရွတ်ဆိတ်ငယ်လေး ဟုတ်လား၊ ဟဟဟဟ … ခင်ဗျားက ဟာသတွေ လာပြောနေတာပဲ “ ရဲ့ချန်က ကျင်းဝူကို ကြည့်ပြီး ရယ်မောနေ၏။ ထိုလူသည် သူ၏နောက်ကွယ်က ဂိုဏ်းကြီးက သူတို့ ဆန္ဒရှိသလို လုပ်နိုင်သည်ဟု ထင်နေသည်လား မသိပေ။
အကယ်၍ ကျင်းဝူသာ အခြားကျင့်ကြံသူတစ်ယောက်နှင့် တွေ့ဆုံပြီး ထိုစကားကို ပြောမည်ဆိုလျှင် ထိုကျင့်ကြံသူက ထိတ်လန့်သွားမည်မှာ သေချာ၏။ ကံမကောင်းစွာပင် သူက ရဲ့ချန်နှင့် ဆုံမိခြင်း ဖြစ်နေသည်။ ရဲ့ချန်အတွက် ဓားခုနှစ်ချောင်း ဂိုဏ်းက ခြိမ်းခြောက်မှုတစ်ခုပင် မဟုတ်ပေ။
ကျင်းဝူသည် ထိုလူက သူ့စကားကို ရယ်မောနေသောကြောင့် စိတ်များ ရှုပ်ထွေးသွားလေသည်။ ဓားခုနှစ်ချောင်းဂိုဏ်း၏ နာမည်ကို ကြားလိုက်ရသည့် လူတိုင်းသည် သူတို့၏အမူအရာက ချက်ချင်း လေးစားသည့် အမူအရာ ဖြစ်သွားလေ့ရှိပေသည်။
ဓားခုနှစ်ချောင်းဂိုဏ်းသည် ဂိုဏ်းကြီးလေးဂိုဏ်းတွင် စွမ်းအားအကြီးဆုံး ပိုင်ဆိုင်ထားသည့်အတွက် အလွန်တရာ ကျော်ကြားလှပေသည်။ မော်တယ်လောကက အင်အားကြီးစာရင်းတွင် ထိုဂိုဏ်းက အဆင့်တစ် ဖြစ်သည်။ ထို့နောက်တွင် ချယ်ရီပန်းပွင့်ဂိုဏ်း၊ အေးစိမ့်ရေခဲဂိုဏ်း နှင့် မီးတောင်ကြားဂိုဏ်းတို့က အသီးသီး လိုက်နေကြသည်။
ရဲ့ချန်က ကျင်းဝူအနားသို့ လျှောက်လာပြီး မီးဓားတစ်ရာဖြင့် ချိန်ရွယ်ထားလိုက်၏။
“ ခဏနေဦး၊ ငါ့ဆရာ ပြန်လာလို့ မင်း ငါ့ကို သတ်တယ်ဆိုတာ သိသွားရင် င့ါဆရာက မင်းကို သေချာပေါက် လက်စားချေလိမ့်မယ် “ သူ၏ခြိမ်းခြောက်မှုက အလုပ်မဖြစ်သည်ကို ကြည့်ရင်း ကျင်းဝူက အခြားနည်လမ်းတစ်ခုကို ပြောင်းလိုက်၏။
“ ဒီတော့ ခင်ဗျားဆရာက အခု ဘယ်မှာလဲ၊ ခင်ဗျား အကူညီတောင်းဖို့ ဘာဖြစ်လို့ မခေါ်လိုက်တာလဲ “ ရဲ့ချန်က ပြောလိုက်သည်။ သူသည် ကျင်းဝူနှင့် ပတ်သက်ပြီး ရယ်စရာကောင်းသည်ဟု ခံစားနေရ၏။ သူက ဓားခုနှစ်ချောင်း ဂိုဏ်းကိုပင် မကြောက်လျှင် ကျင်းဝူ၏ဆရာဖြစ်သူကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။
“ ငါ့ဆရာက အခု ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ အစည်းဝေးပွဲတစ်ခုရှိလို့ သွားနေတယ်၊ သူပြန်လာတဲ့ အခါကျရင် ငါတို့ရှိတဲ့နေရာကို သေချာပေါက် လိုက်ရှာမှာ၊ ဆရာက ငါတို့ကို သတ်တဲ့လူသတ်သမားကို အလွယ်လေး လိုက်ရှာနိုင်တယ် “ ကျင်းဝူသည် ရဲ့ချန်ကို သူ့အား မသတ်ရန် ပြောလိုက်သည်။။ မဟုတ်လျှင် ဆရာဖြစ်သူ ပြန်လာသည့်အခါ လက်စားချေမည် ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
“ ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ အစည်းအဝေးပွဲ “ ရဲ့ချန်က တီးတိုး ရေရွတ်လိုက်၏။ ယင်းသည် ရှေးဟောင်းရတနာသိုက်၏ တည်နေရာကို ရှာဖွေသည့် ပြဿနာ ဖြစ်ပုံရ၏။ ရဲ့ချန် သေသေချာချာ မှတ်မိ၏။ ထိုအစည်းပွဲ စတင်ရန် ရက်အနည်းငယ်တော့ လိုသေး၏။ လီစွန်းဟီဆီက သတင်းအချက်အလက်များက အမှန်များ ဖြစ်ပုံရ၏။
ယင်းက အမှန်ဆိုလျှင် ဂိုဏ်းကြီးလေးဂိုဏ်းက ရှေးဟောင်း ရတနာသိုက်ကို ရှာဖွေရန် ပြင်ဆင်နေပြီ ဖြစ်၏။ အမှန်ဆို ရဲ့ချန်လည်း ထိုနေရာကို သွားချင်နေခဲ့သည်။ ထိုနေရာက အဖိုးတန်ပစ္စည်းတစ်ခု သို့မဟုတ် သူနှစ်သတ်သည့် ပစ္စည်းခုခု ရနိုင် မရနိုင် မည်သူသိနိုင်မည်နည်း။
“ ကောင်းပြီးလေ၊ ကျုပ် ခင်ဗျားကို မသတ်တော့ဘူး “ ရဲ့ချန်က မီးဓားတစ်ရာကို ပြန်လည် ရုတ်သိမ်းလိုက်၏။
“ ဟွန့် … “ ကျင်းဝူသည် ရဲ့ချန်က သူ၏ခြိမ်းခြောက်မှုကို ကြောက်သွားသည်ဟု ယုံကြည်သွား၏။
“ ဒါပေမဲ့ ခင်ဗျားရဲ့သိုင်းပညာတွေကိုတော့ ဖယ်ထုတ်ပစ်ရလိမ့်မယ် “ ရဲ့ချန်၏လက်ညှိုးဆီမှ မီးအမှုန်လေးတစ်ခုက ဖြာထွက်လာသည်။ ထို့နောက် ရဲ့ချန်က ကျင်းဝူ၏နဖူးသို့ မီးတောက်ဖြင့် ပစ်လွှတ်လိုက်တော့သည်။
ကျင်းဝူတစ်ယောက် နောက်ဆုတ်ရှောင်ရန် ကြိုးစားလိုက်သည်။ သူ့အတွက် သိုင်းပညာ ဆုံးရှုံးခြင်းထက် သေသွားသည်ကမှ ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
ကျင်းဝူ၏ခန္ဓာကိုယ်ထဲသို့ မီးတောက်လေးက ၀င်ရောက်သွားပြီး သွေးကြောများကို စတင် လောင်ကျွမ်းတော့သည်။
“ အာဝူး … “ ကျင်းဝူသည် ဝံပုလွေတစ်ကောင်ကဲ့သို့ အော်ဟစ်နေလေသည်။ ဤမနှိုင်းယှဉ်နိုင်သည့် နာကျင်မှုများကြောင့် ကျင်းဝူ၏အသိစိတ်များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ထိုလူနှစ်ယောက်၏ ကျင့်ကြံခြင်းများကို ဖျက်ဆီးပြီးနောက် ရဲ့ချန်က ကားဆီသို့ ပြန်လှည့်လာခဲ့သည်။
ရဲ့ချန်သည် ထိုလူနှစ်ယောက် ပြဿနာ ထပ်ရှာမည်ကို စိုးရိမ်ခြင်း မရှိပေ။ ထိုဒုက္ခိတ ဖြစ်နေသည့် လူနှစ်ယောက်က ဂိုဏ်းအတွက် အသုံးမ၀င်သည့် အမှိုက်များပင် ဖြစ်သည်။ သူတို့နှစ်ယောက်က ဂိုဏ်းသို့ ပြန်သွားမည် ဆိုလျှင်ပင် သူတို့ဂိုဏ်းက ချက်ချင်း မောင်းထုတ်ကြမည်မှာ သေချာ၏။
“ မင်း အကြာကြီး စောင့်နေရတဲ့အတွက် စိတ်မရှိပါနဲ့ “ ရဲ့ချန်က ရှောင်လုလုကို တောင်းပန်လိုက်၏။ ဓားခုနှစ်ချောင်း ဂိုဏ်းသားနှစ်ယောက်နှင့် အချိန်အတော်ကြာအောင် တိုက်ခိုက်နေရသည် မဟုတ်ပါလား။
“ အကိုကြီး ရဲ့ချန်၊ အဲ့ဒါ မျက်လှည့်တွေလားဟင် “ ရှောင်လုလုသည် ရဲ့ချန်တို့၏တိုက်ပွဲက ရုတ်တရက် လေဓားများ၊ မီးဓားများ ပေါ်လာသည့်အတွက် သူမ၏မျက်လုံးထဲတွင် ယင်းတို့ကို မျက်လှည့်တစ်ခုဟု ထင်နေတော့သည်။
“ ဟုတ်တယ်၊ မင်း ပြောတာ မှန်တယ်၊ အဲဒါတွေက မျက်လှည့်တွေပဲ၊ ကဲကဲ အိမ်ပြန်ကြရအောင် “ ရဲ့ချန်က ရှောင်လုလုကို အလွယ်တကူ လှည့်စားပြီး ကားကို မောင်းထွက်လိုက်တော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now