အခန်း (၁၁၇) အမြီးကိုးချောင်းမြေခွေး နိုးလာခြင်း

336 16 0
                                    

ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့က နှစ်နာရီကျော်ကျော်အထိ အချစ်ပွဲနွှဲခဲ့ကြသည်။ ရဲ့ချန်က နှစ်ကြိမ်သာ ပြီးခဲ့သော်လည်း ချောင်ယမ်ယမ်က ဆယ်ကြိမ်ကျော်ကျော်လောက်အထိ ပြီးခဲ့သည်။

ချောင်ယမ်ယမ်ခမျာ အမြဲတမ်း အကူညီကင်းမဲ့နေခဲ့ပြီး သတိလစ်လုမတက်ပင် ဖြစ်ဖြစ်သွားရသည်။ ထ်ု့နောက် ရဲ့ချန်က သူမကို ရင်ခွင်ထဲတွင် ထွေးဖက်ထားလိုက်သည်။ ချောင်ယမ်ယမ်ကလည်း ရဲ့ချန်​၏ ရင်ခွင်ထဲတွင် မောမောနှင့် အိပ်ပျော်သွားလေသည်။

ချောင်ယမ်ယမ် အိပ်ပျော်သွားသည်ကို ကြည့်ရင်း ရဲ့ချန်က စောင်တစ်ထည်ကို ဆွဲယူပြီး သူမကို ခြုံပေးလိုက်သည်။ ထို့နောက် ရဲ့ချန်က လင်းရို့ချီ​၏အခန်းထဲသို့ ပြန်လာခဲ့သည်။ သူက လှုပ်ရှားမှုများကို ညင်သာစွာ လုပ်နေခြင်း ဖြစ်သည်။ သို့မှသာ လင်းရို့ချီက အိပ်ရာက နိုးမလာမည် မဟုတ်ပါလား။

လင်းရို့ချီက အိပ်ပျော်သွားပြီ ဖြစ်​၏။ ထို့ကြောင့် ရဲ့ချန်က ကြမ်းပြင်ပေါ်က သူ​၏အိပ်ရာဆီသို့ ချက်ချင်း လျှောက်လာသည်။

ရဲ့ချန်က လင်းရို့ချီ အိပ်ပျော်နေကြောင်း ယုံကြည်သွားသည်။ သူ ပြန်လာသည်ကိုသာ လင်းရို့ချီ သိမည်ဆိုလျှင် မိုးမီးလောင် ပါလိမ့်မည်။ လင်းရို့ချီက သူနှင့်ချောင်ယမ်ယမ်တို့​၏ အချစ်ပွဲကို မြင်ခဲ့သောကြောင့် နောင်အခါကျ အခြေအနေများက ကမောက်ကမ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

မိုးစင်စင်တော့ မလင်းသေးချေ။ လင်းရို့ချီက အိပ်ရာမှ နိုးလာပြီး အနီးဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ရဲ့ချန်က ကြမ်းပြင်တွင် စောင်ခြုံပြီး အိပ်စက်နေဆဲသာ ရှိသေးသည်။ လင်းရို့ချီသည် မနေ့ညက ချောင်ယမ်ယမ်​၏ တံခါးပေါက်က ချောင်းကြည့်ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် စဉ်းစားလိုက်သည်။

သူမ မျက်နှာက နီရဲသွားသည်။ ထိုအဖြစ်အပျက်များက တကယ်လော အိပ်မက်လော သူမ လုံးဝ စဉ်းစားမရတော့ပေ။

သို့သော် ရဲ့ချန်​၏ ဖွားဖက်တော်ကြီးကတော့ သူမ​၏စိတ်ထဲတွင် လုံးဝ မေ့ဖျောက်မရသည်ကတော့ သေချာလှ​၏။ လင်းရို့ချီသည် အနည်းငယ် ခုံးထွက်နေသော ရဲ့ချန်​၏ပေါင်ကြားသို့ လှမ်းကြည့်လိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now