အခန်း (၁၁၂) ချောင်ယမ်ယမ်နှင့် လင်းရို့ချီတို့ဆီ အလည်သွားခြင်း

313 14 0
                                    

ရဲ့ချန်သည် အရေးအကြီးဆုံး အရာတစ်ခုကို မေ့လျော့နေခဲ့မှန်း မသိရှိပေ။ သိရသရွေ့ လီဟန်က သူ့ကို သံသယဝင်နိုင်သည်ဟု သူ မခန့်မှန်းမိသေးချေ။

ရဲ့ချန်က သူ​၏အိမ်သို့ ပြန်ရောက်လာသည်။ " လင်းအာ... လင်းအာ... မင်းဘယ်မှာလဲ " ရဲ့ချန်က ဖူလန်လင်းကို အကြိမ် များစွာ အော်ခေါ်လိုက်သည်။

သို့သော် အိမ်ကြီးတစ်အိမ်လုံးက တိတ်ဆိတ်နေပြီး မည်သူမျှ သူ့ကို ပြန်မထူးပေ။ " သူက အိမ်ထဲမှာတော့ မဖြစ်နိုင်တော့ဘူး၊ နတ်သမီး တံခါးဝထဲမှာနဲ့ တူတယ် " ထို့နောက် ရဲ့ချန်ကလည်း နတ်သမီး တံခါးဝထဲသို့ ဝင်ရောက်လာသည်။

" ယွဲ့ချန်... နင် ဘယ်မှာလဲ " ရဲ့ချန်​က ချူးယွဲ့ချန်ကို အော်ခေါ်လိုက်သည်။

ရဲ့ချန်က အချိန်အတန်ကြာအောင် စောင့်စားနေသည့်တိုင် ချူးယွဲ့ချန်က ပေါ်မလာပေ။ ယင်းက ပထမဆုံးအကြိမ် အဖြစ် ရဲ့ချန် ခေါ်ဆိုသောအခါ ချူးယွဲ့ချန်က ရောက်မလာခြင်းပင် ဖြစ်သည်။

ရဲ့ချန်သည် ချူးယွဲ့ချန်​၏နာမည်ကို အကြိမ် များစွာ အော်ခေါ်လိုက်သည်။ သို့သော် ချူးယွဲ့ချန်ကတော့ ပေါ်မလာခဲ့ပေ။

" ဒီမိန်းကလေးက မယ်မယ်ရရ ဘယ်မှလည်း သွားတတ်တာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့များ ပေါ်မလာရတာပါလိမ့် " ရဲ့ချန်က ချူးယွဲ့ချန်ကို လှည့်ပတ် ရှာဖွေလိုက်သည်။

ရဲ့ချန်က နတ်သမီး တံခါးထဲသို့ လျှောက်ချက် ရှာဖွေပြီးပြီ ဖြစ်သည်။ သို့တိုင်အောင် ချူးယွဲ့ချန်နှင့် ဖူလန်လင်းကို မည်သည့်နေရာတွင်မျှ ရှာ မတွေ့ချေ။

" နှစ်ယောက်စလုံး ဘယ်များ သွားနေကြပါလိမ့် " ရဲ့ချန်က ညည်းညူမိလိုက်​၏။

ရဲ့ချန်သည် ချူးယွဲ့ချန်နှင့် ဖူလန်လင်းကို မည်သည့် နေရာတွင်မျှ ရှာ မတွေ့သောကြောင့် နတ်သမီး တံခါးဝ​ ပိုင်ရှင်​၏ အခြေနေ​ အသေးစိတ် ဖော်ပြချက်များကို ကြည့်လိုက်သည်။

ဖူလန်လင်းနှင့် ယင်ယန်ကျင့်စဉ် လေ့ကျင့်ပြီးနောက် နတ်သမီး တံခါးဝက အဆင့် တက်သွားပြီဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် နတ်သမီးတံခါးဝ​၏ အော်ရာက ယခင်ထက် ပိုမို သန့်စင်နေသည် မဟုတ်ပါလား။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now