အခန်း (၁၁၈) ရဲ့လျှို

259 13 0
                                    

အမြီးကိုးချောင်း မြေခွေးက ရဲ့ချန်​၏ရင်ခွင်ထဲသ်ို့ ချက်ချင်း ခုန်တက်သွားသည်။ သူက ချောင်ယမ်ယမ့်ထက် ရဲ့ချန်ကို ပိုမို နှစ်သက်ပုံ ရသည်။

" ဟေ့ နင် ဘာလို့ ငါ့ဆီက ထွက်ပြေးသွားတာလဲ " ချောင်ယမ်ယမ်သည် အမြီးကိုးချောင်း မြေခွေးက သူမဆီမှ ထွက်ပြေးသွားသောကြောင့် မကျေမနပ် ဖြစ်သွားသည်။

အမြီးကိုးချောင်း မြေခွေးက ရဲ့ချန်​၏ခန္ဓာကိုယ်ပေါ်တွင် လက်သည်းများဖြင့် ကုတ်တွယ်ပြီး ဖက်ထားသည်။

" အု ... အု ... " သူက ချောင်ယမ်ယမ့်ကို မလိုလားဟန်ဖြင့် ဦးခေါင်းကို ခါယမ်းပြသည်။

" ယမ်ယမ် စိတ်မရှိပါနဲ့ကွာ " ရဲ့ချန်က အမြီးကိုးချောင်း မြေခွေးကို အပြစ်တင်နေသော ချောင်ယမ်ယမ့်ကို ချော့မော့ ပြောဆိုလိုက်သည်။

ရဲ့ချန်က ပြောနေသောကြောင့် ချောင်ယမ်ယမ်က ထို ချစ်စဖွယ်ကောင်းသော မြေခွေးလေးကို ခွင့်လွှတ်ပေးလိုက်သည်။

ဖူလန်းလင်းက အမြီးကိုးချောင်း မြေခွေးအနားသို့ တိုးကပ်လာပြီး စတင် စူးစမ်းတော့သည်။ " ထူးဆန်းလိုက်တာ ဘာဖြစ်လို့ ဒီမြေခွေးရဲ့ အမွေးတွေက အဖြူရောင် ဖြစ်နေတာလဲ၊ အမြီးကိုးချောင်း မြေခွေးတွေရဲ့ အမွေးရောင်က အမြဲတမ်း အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင်ပဲ ရှိတတ်တာကို " ဖူလန်လင်းက အမြီးကိုးချောင်း မြေခွေး​၏ အမွေးအရောင်နှင့် ပတ်သတ်ပြီး ထူးဆန်းသည်ဟု ခံစားနေရသည်။ သူမသည်လည်း အမြီးကိုးချောင်း မြေခွေးများကို မြင်ဖူးခဲ့သည်။ သို့သော် အမွေးအရောင်များကတော့ ဤမြေခွေးကဲ့သို့ မဟုတ်ပေ။

" အဲ့ဒါက ဘာဖြစ်လို့လဲ၊ အရောင် မတူတာပဲ ဟာကို၊ ဟုတ်တယ်မလား " ရဲ့ချန်က အမြီးကိုးချောင်း မြေခွေးကို ပွတ်သပ်နေရင်း ပြန်ဖြေလိုက်သည်။

" အင်းလေ နင်ပြောတာလည်း မှန်ချင် မှန်မှာပေါ့၊ ဒါနဲ့ ဒီမြေခွေးက အထီးလား အမလား " ဖူလန်လင်းက မေးလိုက်သည်။

" ဪ ... အေး ခဏလေး၊ ငါ ကြည့်လိုက်မယ် " ရဲ့ချန်က အမြီးကိုးချောင်း မြေခွေးအား အထီး အမ စစ်ဆေးရန် ဟန်ပြင်လိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now