အခန်း (၉) ကုသမှုမှာ စွဲလမ်းနေသော အမျိုးသမီး

554 56 0
                                    

ရဲ့ချန် အမျိုးသမီးထံ လျှောက်လှမ်းလာသောအခါ ဖြူဖွေးပြီး လှပသောမျက်နှာရှိတဲ့ မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးဟာ နတ်ဆိုးကဲ့သို့ ခန္ဓာကိုယ်နှင့် E သို့မဟုတ် F ခွက်ရဲ့အရွယ်အစားလောက်ရှိသည်ဟု ခန့်မှန်းရသော ကြီးမားသော ယုန်နှစ်ကောင်လည်း ရှိသည်။

ရှည်လျားသောဆံပင်တွေက အနည်းငယ်ညစ်ပက်ရှုပ်ပွနေတာတောင်မှ သူမရဲ့အလှကို မဖုံးကွယ်နိူင်ပါချေ။ ထိုအမျိုးသမီးဟာ ရဲ့ချန် ၁၉ နှစ်တာအတွင်း တွေ့ခဲ့ဖူးသော မိန်းကလေးတွေအထဲမှာ အလှပဆုံးပါပဲ။ ရဲ့ချန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နုထွားသောအမျိုးသမီး​၏ စွဲမက်ဖွယ်ကောင်းသော လက်ကလေးကို ကိုင်လိုက်ပါတယ်။

မိန်းကလေးရဲ့ လက်က အမှန်ပင် နုညံ့လွန်းလှသည်။ သူ့ရဲ့ ညစ်ပက်တဲ့အတွေးတွေကို ဖယ်ရှားလိုက်ပြီး သူမရဲ့ရင်ဘက်က သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်မိသည်။ သွေးလည်ပတ်မှုက အလွန်ပဲ မြန်ဆန်နေပြီး သူမခန္ဓာကိုယ်တစ်ကိုယ်လုံး ပူလောင်နေပါတယ်။

ရဲ့ချန် သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သောအခါ အမျိုးသမီးရဲ့မျက်ခွံတွေက ပွင့်လာပြီး အလွန်ချောမောသော မျက်နှာတစ်ကို မြင်လိုက်ရသည်။ သူမရဲ့ခန္ဓာကိုယ်တစ်လျှောက် ပုရွက်ဆိတ်များဖြတ်ပြေးနေသလို တရွရွဖြစ်နေပြီး အလွန်ပဲ ပူလောင်နေတဲ့အတွက် ပထမဆုံးအရာက ရဲ့ချန်က သူမကို ထိကိုင်နေစေချင်သည်။ သူမအလွန်ပဲ စိတ်တွေ ရှုပ်ထွေးသွားပါတယ်။

ရုတ်တရက် အမျိုးသမီးက ရဲ့ချန်ကို မြေပြင်ပေါ်သို့ လဲကျစေရန် ပွေ့ဖက်ပြီး လှဲချလိုက်တာကို သိလိုက်ရပြီး ရဲ့ချန် မိန်းမောပြီး သတိလစ်လုမတက် ဖြစ်သွားရသည်။

ထို့နောက် တစ်စုံတစ်ယောက်က သူ့ရှပ်အင်္ကျီက ကြယ်သီးတွေကို ဖြုတ်ဖို့ ကြိုးစားနေသည်ဟု ခံစားလိုက်ရသည်။ နောက်ဆုံးမှာတော့ ရဲ့ချန် သတိပြန်လည်လာပြီး သူ့မရဲ့လက်ကို ဖမ်းကိုင်လိုက်ပြီး သူမကို ရပ်တန့်ဖို့ ကြိုးစားလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now