အခန်း (၆၇) လက်သီး တစ်ချက်

274 21 0
                                    

သုခွန်က အလွန်အမင်း ဒေါသထွက်လာပြီး သူ့တွင်ရှိသော စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်တော့သည်။

" ကောင်လေ... ငါ မင်းကို သေတာထက်ဆိုးတဲ့ နာကျင်မှုမျိုး ခံစားသွားရအောင် လုပ်ပြမယ် " သုခွန်​၏ခန္ဓာကိုယ်က နက်မှောင်လာသည်။ ယင်းက သုယောင်နှင့် အတူတူနီးပါး ရှိလေသည်။ ခြားနားချက်က အနက်ရောင်​၏ပြင်းထန်မှုတို့က ကွာခြားလှသည်။ သုခွန်​၏ခန္ဓာကိုယ်မှ အဆိပ်များက သုယောင်မှာရှိသော အဆိပ်များထက် အပျက်အသက် သာလွန်လေသည်။

ထို့နောက် သုခွန်က ရဲ့ချန်အား အဆိပ်လက်သည်းဖြင့် တိုက်ခိုက်လိုက်တော့သည်။ သုခွန်​၏ကျန်ရှိနေသော လက်တစ်ဖက်က တိရစ္ဆာန်တစ်ကောင်​၏လက်သည်းပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ သုခွန်က သူ​၏ခန္ဓာကိုယ်တွင်ရှိသော အဆိပ်များအားလုံးကို ထိုသိုင်းပညာအပေါ်တွင်သာ အိတ်သွန်ဖာမှောက် အသုံးပြုထားလေသည်။

" မိမစစ် ဖမစစ်ကောင် သေစမ်း... " သုခွန်က ကြုံးဝါးလိုက်ပြီး အဆိပ်လက်သည်းဖြင့် ရဲ့ချန်အား ဦးတည် တိုက်ခိုက်လိုက်တော့သည်။

မီးဓားဆယ်ချောင်းဟာ ရှေ့သို့ ရွေ့လျားလာပြီး ရဲ့ချန်အတွက် ဒိုင်းတစ်ခုသဖွယ် စက်ဝိုင်းပုံသဏ္ဌာန် လည်ပတ်နေတော့သည်။

" ဘမ်း... " အဆိပ်လက်သည်းနှင့် မီးဓားတို့ဟာ ထိပ်တိုက်တွေ့ဆုံမိကြလေသည်။ သုခွန်တစ်ယောက် နောက်သို့ မီတာအနည်းငယ်လောက်အထိ ဆုတ်ခွာလိုက်ရသည်။

သူ​၏ကျန်ရှိနေသော လက်တစ်ဖက်က လောင်ကျွမ်းနေသည်ကိုကြည့်ရင်း သုခွန် နာကျင်မှုကို ခံစားလိုက်ရသည်။ ရဲ့ချန်​၏ဓားသိုင်းက ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူလည်း မျှော်လင့်မထားပေ။

ထိုကဲ့သို့သော မီးဓားသိုင်းမျိုးကို သုခွန် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ သူက အဆင့်မြင့်ဂိုဏ်းများနှင့် ဆုံခဲ့ဖူးသော်လည်း ရဲ့ချန်လို ဓားသိုင်းမျိုးကို အသုံပြုသော တစ်စုံတစ်ယောက်ရှိသည်ဟု တစ်ခါမျှ မကြားဖူးပေ။

သူတို့​၏အဆိပ်ဂိုဏ်းက အောက်လမ်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့်အတွက်ကြောင့် တခြားအထက်လမ်းဂိုဏ်းများက မကြာခဏ လိုက်လံသတ်ဖြတ်လေ့ရှိသည်။ သူတို့က အဆိပ်ဂိုဏ်းဖြစ်သည့်အတွက် တခြားမကောင်းဆိုးဝါးဂိုဏ်းများနှင့်အတူ ပူးပေါင်းထားရသည်။ ထို့ကြောင့် အထက်လမ်းဂိုဏ်းသားများ​၏တိုက်ခိုက်မှုကို ရှောင်လွဲ၍ မရပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now