အခန်း (၁၂၆) အင်အားအတွက် ပေးဆပ်ရသော တန်ကြေး

231 13 0
                                    

" တောက်ကွာ အား ... နာလိုက်တာ လွန်ပါရော " ရဲ့ချန်​၏ ရှေ့က ပေါင်မန်သည် ညည်းတွားသံ တစ်ချက် ပြုလိုက်သည်။

ရဲ့ချန်သည် ရှေ့တူရူသို့ လှမ်းကြည့်လိုက်သောအခါ ပေါမန်က အသက်ရှင်နေသေးကြောင်း မြင်လိုက်ရ​၏။ သူ​၏ခန္ဓာကိုယ်သည် ရဲ့ချန်​၏ မီးတောက်ဖြင့် လောင်ကျွမ်းထားသောကြောင့် ၆၀% ခန့် ပျက်စီးနေပြီး အသားအရည်များက မည်းတူးနေပြီ ဖြစ်​၏။

ပေါင်မန်​၏ခန္ဓာကိုယ်က နည်းနည်းချင်း နည်းနည်းချင်း ပြန်လည် ကောင်းမွန်လာသည်။ စက္ကန့် ၃၀ မပြည့်မီ ပေါင်မန်​၏ခန္ဓာကိုယ်က အကောင်းပကတိအတိုင်း ပြန်ဖြစ်သွား​၏။ ယခုတော့ ပေါင်မန်​၏ခန္ဓာကိုယ်တွင် ဒဏ်ရာ အနာတရဖြစ်သော အရိပ်အယောင်ပင် မရှိတော့ချေ။

ရဲ့ချန်သည် ပေါင်မန်က သူ​၏တိုက်ခိုက်ခြင်းကို ခံပြီးသည့်တိုင် အသက်ရှင်နေသေးသည်ကို မြင်ပြီး အလွန်တရာ အံ့အားသင့်သွား​၏။

ရဲ့ချန်​၏အင်အားကလည်း ကုန်ခမ်းသွားပြီ ဖြစ်သောကြောင့် ပေါင်မန်နှင့်ရင်ဆိုင်ရန် အလွန်တရာ ခက်ခဲသွားပြီ ဖြစ်​၏။

ပေါင်မန်​၏ခန္ဓာကိုယ်တွင် လျှပ်စီးများက စတင် ပေါက်ကွဲလာသည်။ ပေါင်မန်​၏ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်လာသည်သာမက အင်အားများကလည်း ပိုမို အားကောင်းခဲ့သည်။

ရဲ့ချန်က အသင့်အနေအထား တစ်ခုကို ပြင်ဆင်ပြီး ပေါင်မန်နှင့်တိုက်ခိုက်ရန် ဟန်ပြင်ထားလိုက်သည်။

" ဟဟဟ ဒီတစ်ကြိမ်တော့ မင်းက သေချာပေါက် ... အဟွတ် အဟွတ် " ရုတ်တရက် အင်အားများ ပြန်လည် ပြည့်ဖြိုးလာသော ပေါင်မန်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ​၏ခန္ဓာကိုယ်တွင် ပေါက်ကွဲနေသော လျှပ်စီးများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား​၏။

ထို့နောက် ပေါင်မန်​၏ခန္ဓာကိုယ်က စတင် ညှိုးနွမ်းလာပြီး အလောင်းကောင်ကြီးအလား ခြောက်သွေ့သွားတော့သည်။ " ဒါ ... ဒါက ... ဘာဖြစ် ... ဖြစ်တာလဲ ... ငါ ... ငါ " ပေါင်မန်သည် စကားအထစ်ထစ်ဖြင့် သူ​၏ခန္ဓာကိုယ်က အိုမင်းရင့်ရော်လာပြီး အလောင်းကောင်းကြီးအလား ခြောက်သွေ့လာသည်ကို ငုံ့ကြည့်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now