အခန်း (၁၃၂) အနည်းငယ် ပြသခြင်း

236 17 0
                                    

ရဲ့ချန်က အနားရောက်လာသောကြောင့် ချောင်ယမ်ယမ် နှင့် ယွိထန်တို့​၏စကားများကို ကြားလိုက်ရ​၏။

" နင့်ရဲ့ရည်းစား ရဲ့ချန်က ဒီကျောင်းရဲ့အလှဆုံး ဆရာမလေး လင်းရို့ချီနဲ့ ချိန်းတွေ့နေတယ်လို့ ငါကြားခဲ့ရတယ်၊ သူက နင့်ကို ပစ်သွားပြီနဲ့ တူပါတယ် " ယွိထန်က အပြုံးကလေးဖြင့် ချောင်ယမ်ယမ်ကို့ စကားနာထိုးလိုက်​၏။

ယွိထန်က ချောင်ယမ်ယမ့်ကို သက်သက်မဲ့ အပူလာပေးခြင်း ဖြစ်​၏။ သို့မှသာ ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့​၏ဆက်ဆံရေးက ပျက်သွားမည် ဖြစ်​၏။ ရဲ့ချန်က သူမထက်သာသော မိန်းကလေးတစ်ယောက် ရသွားသည့်အဖြစ်ကို ကြည့်ရင်း ယွိထန် လုံးဝ မနာလို မရှူစိမ့်ဖြစ်နေ​၏။

" အဲ့ဒါက ဘာဖြစ်လို့လဲ၊ ဆရာမလင်းရို့ချီကို ငါ့ရဲ့အမရင်းတစ်ယောက်လို သတ်မှတ်ပြီးသား၊ ငါတို့က ညီအမတွေ ဖြစ်သွားမယ်ဆိုရင် အဲ့ဒါက ဘယ်လိုပြောရမလဲ၊ ကောင်းတာပေါ့ " ချောင်ယမ်ယမ်က ယွိထန်​၏တောင်စဉ်ရေမရ စကားများကို လုံးဝ စိတ်မဆိုးချေ။ ချောင်ယမ်ယမ်က တွေးတောဆင်ခြင်တတ်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ ယွိထန် ဤသို့ ပြောနေသော ရည်ရွယ်ချက်က ရဲ့ချန် နှင့် သူမတို့ကို သွေးခွဲလိုခြင်း ဖြစ်ကြောင်း သူမ သိသည်။

ကံမကောင်းစွာ ယွိထန်က ချောင်ယမ်ယမ်​၏သဘောထားကို မသိချေ။ အစကတည်းက ချောင်ယမ်ယမ်က လင်းရို့ချီကို ရဲ့ချန်​၏မိန်းမ ဖြစ်လာစေရန် ဆန္ဒရှိနေသည် မဟုတ်ပါလား။

" နင် ဘယ်လိုဖြစ်နေတာလဲ၊ နင့်ရည်းစားက ဒီလို တခြားမိန်းမတစ်ယောက်နဲ့ ချိန်းတွေ့နေတာကို ဘာဖြစ်လို့ ဒေါသမထွက်တာလဲ " ဤအစီအစဉ်က အလုပ်မဖြစ်သောကြောင့် ယွိထန်တစ်ယောက် ချောင်ယမ်ယမ်ကို ဒေါသထွက်သွားပြီ ဖြစ်​၏။

ထိုစကားများကို ကြားရသည်တွင် ချောင်ယမ်ယမ်က ယွိထန်​၏မေးခွန်းများကို အဖြေမပေးဘဲ ပြုံးရုံသာ ပြုံးနေသည်။

ယွိထန်​၏တစ်ဖက်တွင် ဟူဂျီက နတ်ဖုရားမလေးလို လှပသော ချောင်ယမ်ယမ့်ကို ကြည့်ပြီး သွားရည်ယိုနေသည်။

" ချောင်ယမ်ယမ် အဲ့ဒီ့ကောင်က လူဆင်းရဲတစ်ယောက်ဆိုတာ မမေ့ပါနဲ့၊ ငါ့မိန်းမ လုပ်တာကမှ ပိုကောင်းဦးမယ် " ဟူဂျီသည် ချောင်ယမ်ယမ့်ကို သူ​၏မိန်းမ လုပ်ရန် အရှက်မဲ့စွာ ပြောလိုက်​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now