အခန်း (၁၁၁) ကိုင်တွယ်ရန် ခက်ခဲသော ကိစ္စများ

244 13 0
                                    

ရဲ့ချန်သည် လီချင်းကျူကို တတ်နိုင်သလောက် အလုံခြုံဆုံး နေရာတစ်ခုသို့ ပျံသန်း၍ ခေါ်ဆောင်လာသည်။

ထို့နောက် ဖြတ်သွားဖြတ်လာ လူမရှိသော လမ်းကျဉ်းလေးထဲတွင် ဆင်းသက်လိုက်သည်။ " အခု သွားလို့ရပြီ၊ ဪ... ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြန်မပြောဖို့တော့ မှတ်ထားပါ " ရဲ့ချန်က ထွက်ခွာရန် နောက်သို့ လှည့်လိုက်သည်။

" ဆာ... ခဏ နေပါဦး " လီချင်းကျူက တားလိုက်သည်။

" ဘာကိစ္စ ရှိလိုလဲ " ရဲ့ချန်က ပြန်မေးလိုက်သည်။

" ကျွန်မ ရှင့် နာမည်ကို သိလို့ရမလား " လီချင်းကျူက သရဲနက်ကြီး​၏နာမည်ကိုတော့ သိလိုသည်။ မည်သို့ဆိုစေ သူက သူမကို ကူညီခဲ့သောလူ ဖြစ်နေသည် မဟုတ်ပါလား။ ထိုလူကသာ သူမကို မကူညီခဲ့လျှင် သူမက ယခုအချိန်ဆို ယွင်ဟောက်​၏လက်ထဲတွင် ဒုက္ခရောက်ကောင်း ရောက်နေမည် ဖြစ်သည်။

" ငါ့ နာမည်ကို မပြောပြနိုင်ဘူး၊ နောက်ကျ ပြန်တွေ့ကြတာပေါ့ " ထို့နောက် ရဲ့ချန်သည် ဤနေရာမှ ပျောက်ကွယ်သွားတော့သည်။

လီချင်းကျူသည် ထို သရဲနက်ကြီး​၏ တည်ရှိမှုနှင့် ပတ်သတ်ပြီး အလွန်တရာ သိချင်စိတ် ပြင်းပြသွားသည်။ ယင်းက သူတို့နှစ်ယောက်အတွက် ပထမဆုံးနှင့် နောက်ဆုံး တွေ့ဆုံမှုလည်း ဖြစ်တန်ရာ​၏။

လီချင်းကျူက လမ်းကျဉ်းလေးထဲက လှည့်ထွက်လာပြီး သူမလည်းပဲ အိမ်သို့ ပြန်သွားတော့သည်။

အဆောက်အဦးတစ်ခု​၏ ထပ်ဖျားကနေ ရဲ့ချန်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော လီချင်းကျူကို ငေးမော ကြည့်ရှုနေသည်။ ရဲ့ချန်က သူ​၏အိမ်ကို ချက်ချင်း ပြန်လိုသော်လည်း လီချင်းကျူအတွက် နောက်ဆံတင်းနေသောကြောင့် ဤနေရာက စောင့်ကြည့်နေခြင်း ဖြစ်သည်။

ထို့နောက် ရဲ့ချန်သည်လည်း ထိုနေရာက ထွက်ခွားသွားတော့သည်။ သူ ထွက်သွားပြီးနောက် ယွင်ဟောက် သေဆုံးနေသော နေရာတွင် ရဲများက လုံးခြုံရေးများ တင်းကြပ်စွာ ချလိုက်တော့သည်။

ထိုကိစ္စကို တာဝန်ယူသော ရဲက ရဲမေ လောဘင် ဖြစ်သည်။ လောဘင်က ဤအခင်းဖြစ်ပွားမှု နေရာမှ သက်သေများကို ရှာဖွေနေသည်။ ကံမကောင်းစွာ ထိုနေရာတွင် ယွင်ဟောက် ပြုတ်ကျလာသည့် အဖြစ်ကို မြင်သော မျက်မြင်သက်သေ တစ်ဦးမျှ ရှိမနေပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now