အခန်း (၁၇၁) ရွှေကြာပန်း

193 12 0
                                    

“ ဟင် … အဲ့ဒါ ဘာရတနာလဲ “ ရဲ့ချန်သည် ချူးယွဲ့ချန် ပြောပြသော ရတနာက မည်သည့်ရတနာမှန်း သိချင်စိတ် ဖြစ်လာ၏။
“ ဟိုမှာ ဟိုတောင်ကို မြန်မြန် သွားဖြိုလိုက်၊ နောက်ပြီးကျရင် တွေ့လိမ့်မယ် “ ချူးယွဲ့ချန်က အဆိပ်ဂိုဏ်း၏ အနောက်ဘက်က တောင်တစ်တောင်ကို ညွှန်ပြလိုက်သည်။
ချူးယွဲ့ချန် ညွှန်ပြသော တောင်က အဆိပ်ဂိုဏ်း၏တည်နေရာနှင့် အနည်းဆုံး နှစ်ကီလိုတာမီခန့် အကွာအဝေးတွင် တည်ရှိပေသည်။ ထိုတောင်ကြီး၏၀န်းကျင်တွင် ဥမင်ပါးစပ်ပေါက်များ များစွာ ရှိလေသည်။ ထိုဥမင်ပါးစပ်ပေါက်များက အဆိပ်ဂိုဏ်းသားတို့ လေ့ကျင့်ရန် ဖောက်လုပ်ထားခြင်း ဖြစ်ဟန် ရ၏။
ရဲ့ချန်က ထိုနေရာသို့ သွားပြီး ချူးယွဲ့ချန် ညွှန်ပြသော နေရာကို ဖြိုချလိုက်သည်။
ရဲ့ချန်က ထိုနေရာကို ဖြိုချလိုက်သောအခါ သူဖြိုခဲ့သော နေရာတွင် ရွှေဝါရောင် အလင်းတန်းများ ဖြာထွက်လာလေသည်။
ထိုအရာကို မြင်ပြီးနောက် ရဲ့ချန်တစ်ယောက် ပိုမို စပ်စုလိုစိတ်ပင် ပေါက်လာတော့သည်။ ထို့နောက် သူက ထိုရွှေဝါရောင် အလင်း ထွက်ပေါ်လာရာ နေရာသို့ တရွေ့ရွေ့ ချည်းကပ်သွားလေသည်။
ထိုနေရာသို့ ရောက်လာသောအခါ ရဲ့ချန်တစ်ယောက် ရွှေရောင်အလင်းများ တလက်လက် တောက်ပနေသည့် ပန်းတစ်ပွင့်ကို မြင်လိုက်ရပြီး အတော်လေး အံ့အားသင့်သွားလေသည်။
ပန်းပွင့်က ထုတ်လွင့်နေသော ရွှေရောင်အလင်းတန်းများက အလွန်တရာ သန့်စင်လှချေသည်။ ထိုပန်းပွင့်က ထုတ်လွင့်သော အော်ရာကို ကြည့်ခြင်းအားဖြင့် ၎င်းက နှစ်သုံးရာအထက်တွင် ရှိကြောင်း သိနိုင်ပေသည်။
“ ဒါက … “ ရဲ့ချန်သည် ထိုအလွန်တရာ ရှားပါးသည့် ဆေးဖက်၀င်အပင်ကို တွေးလိမ့်မည်ဟု မျှော်လင့်မထားပေ။
အဆိပ်ဂိုဏ်းက သူတို့ဂိုဏ်း၏နောက်ကျောတွင် ရှားပါသည့် ရတနာတစ်ခုရှိနေသည်ကို အဘယ်ကြောင့် မသိရသနည်း။
“ ဆရာ၊ ဘာဖြစ်လို့ ဒီလောက်ထိ အံ့သြတကြီး ဖြစ်နေရတာလဲ၊ ငါ နင့်ကို ဒါက အရမ်း ရှားပါးတဲ့ ရတနာတစ်ခု ဖြစ်မယ်လို့ ပြောပြီးပြီပဲ ဥစ္စာ “ ချူးယွဲ့ချန်က အလွန်အရာ ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။
ချူးယွဲ့ချန် ဂုဏ်ယူမည်ဆိုလည်း ဂုဏ်ယူလောက်ပါပေ၏။ သူမ၏အကူအညီသာ မပါခဲ့လျှင် ရဲ့ချန်က ထိုပန်း၏တည်ရှိမှုကို ရှာဖွေ တွေ့ရှိမည် မဟုတ်ပေ။
ချူးယွဲ့ချန်က ဤရွှေကြာပန်းကို မည်သို့ ရှာတွေ့ခဲ့သနည်း။ ဤဆေးပင်ကိုသာ ဆေးလုံးအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်လျှင် အလွန်တရာ ကောင်းမွန်သော အာနိသင်များက အသုံးပြုသူအပေါ် သက်ရောက်မှု ရှိမည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် ရွှေကြာပန်းကို ဆေးလုံးအဖြစ် ပြောင်းလဲနိုင်သောသူသည် ကောင်းကင်နယ်ပယ် အထွတ်အထိပ် သို့မဟုတ် အင်ပါယာနယ်ပယ်သို့ ချိုးဖြတ်တက်ရောက် နိုင်မည်ဟု ဆိုလိုသည်။
ထိုဆေးပင်ကို ရှာတွေ့ခဲ့သည့်အတွက် ရဲ့ချန်တစ်ယောက် အတော်လေး ပျော်ရွှင် သွားလေသည်။ ၎င်းက သူ၏မိန်းမများအတွက် သေချာပေါက် အသုံး၀င်မည့် ပစ္စည်း ဖြစ်နေသည် မဟုတ်ပါလား။
ရဲ့ချန်က ရွှေကြာပန်းကို သေသေချာချာ ဂရုတစိုက် နှုတ်ယူလိုက်သည်။ ရွှေကြာပန်းတွင် ပါ၀င်သော မည်သည့်အရာကိုမဆို သူ နည်းနည်းလေးမျှ အထိခိုက် မခံလိုပေ။
ရွှေကြာပန်းကို နှုတ်ယူပြီးနောက် ရဲ့ချန်က ၎င်းကို နတ်သမီးတံခါး၀၏ သိုလှောင်ခန်းမထဲသို့ ထည့်သိမ်းထားလိုက်သည်။
ရွှေကြာပန်းကို နှုတ်ယူ သိမ်းဆည်းနေစဉ် အတောအတွင်း မည့်သည့်အနှောက်အယှက်မျှ မတွေ့ရသောကြောင့် ရဲ့ချန်တစ်ယောက် စိတ်သက်သာရာရသွားသည်။
ထို့နောက် ရွှေကြာပန်းကိုလည်း နှုတ်ယူပြီးပြိမို့ ရဲ့ချန်က လျှို့ယွဲ့ ရှိနေသော နေရာသို့ ထွက်လာခဲ့သည်။
ရဲ့ချန်က အဆင်ပြေပြေဖြင့် ပြန်လာသည်ကို မြင်ပြီး လျှို့ယွဲ့က အော်ခေါ်လိုက်သည်။ “ ယောက်ျား … “ သူမက ရဲ့ချန်ကို ပွေ့ဖက်လိုက်လေသည်။
“ ယွဲ့၊ လာ အိမ်ပြန်ရအောင် “ ရဲ့ချန်က လျှို့ယွဲ့ကို မြို့သို့ ပြန်ခေါ်လာခဲ့သည်။ သူတို့နှစ်ယောက်အတွက် ဤနေရာက သင့်တော်သည့် နေရာ မဟုတ်ပေ။
ရဲ့ချန်၏သဘောထားကိုပင် မစောင့်တော့ဘဲ လျှို့ယွဲ့က ရဲ့ချန်၏ ခန္ဓာကိုယ်ကို ဖက်တွယ်ထားလိုက်သည်။ ရဲ့ချန်က သူမကို ပျံသန်ပြီး ခေါ်မည်ဟု သူမ သိနေသည် မဟုတ်ပါလား။
“ ဒိန်း … ဒိန်း … “ အထိအတွေ့ နှစ်ခု၏အသံဖြစ်ပေသည်။ ရဲ့ချန်သည လျှို့ယွဲ့က သူ၏ရင်ခွင်ထဲသို့ ၀င်ရောက်လာသောအခါ တောင်ဘို့ကြီး နှစ်လုံးက သန်မာလွန်းသည်ဟု ခံစားလိုက်ရ၏။
“ ဒီမိန်းကလေးက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ ဖြစ်ရမယ် “ ရဲ့ချန်က သူ့ကို နူးညံ့စွာ ပြုံးပြနေသော လျှို့ယွဲ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
ရဲ့ချန်က လျှို့ယွဲ့၏ခါးလေးကို ပွေ့ဖက်လိုက်သည်။ “ မိန်းမယွဲ့၊ နင် ငါ့ကို သက်သက်မဲ့ စနေတာ မလား “
ရဲ့ချန်၏လက်များက လျှို့ယွဲ့၏ တောင်ဘို့ကြီး နှစ်လုံးကို စတင် ဆုပ်နယ်တော့သည်။
“ အမလေးတော့ … ယောက်ျား၊ နင်ဘာလိုက်တာလဲ “ လျှို့ယွဲ့ တစ်ချက် ညည်းညူသွားသည်။ ရဲ့ချန်က သူမ၏အားအနည်းဆုံး နေရာကို ထိကိုင်လိုက်သောကြောင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး ပျော့ခွေ သွားလေသည်။ လျှို့ယွဲ့နှင့် ထပ်တလဲလဲ ယင်ယန် လေ့ကျင့်ခြင်း စီးကူးပြီးနောက် ယခုတော့ ရဲ့ချန်က လျှို့ယွဲ့၏ခန္ဓာကိုယ်က အားအနည်းဆုံး နေရာကို သိရှိသွားပြီး ဖြစ်သည်။ ရဲ့ချန်က ထိုအားအနည်းဆုံး နေရာကို ထိကိုင်လိုက်သည့် တစ်ခဏအတွင်း လျှို့ယွဲ့က ရမ္မက်ထန်သော မိန်းမတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည် မဟုတ်ပါလား။
ရဲ့ချန်က လျှို့ယွဲ့၏အင်္ကျီကို ချွတ်ပစ်လိုက်သည်။ “ ဟာ … “ ရဲ့ချန်က သူ၏အင်္ကျီကို ချွတ်လိုက်သည်အား မြင်ပြီး လျှို့ယွဲ့တစ်ယောက် အံ့အားသင့်သွားလေသည်။
ဤနေရာက သစ်တောတစ်တော ဖြစ်သည်။ ရဲ့ချန်က ဤကဲ့သို့ ပွင့်လင်းမြင်သာသော နေရာကြီးတွင် အရှက်မရှိသော အရာများကို အဘယ်ကြောင့် လုပ်ချင်နေရသနည်း။
“ ယောက်ျား ခဏနေဦး၊ ဒီနေရာက သစ်တောကြီးထဲမှာလေ၊ သစ်တောထဲမှာ ဒီလိုဟာတွေကို ငါတို့ မလုပ်သင့်ဘူးလေ “ လျှို့ယွဲ့က ရဲ့ချန်ကို တားဆီးလိုက်သည်။
ရဲ့ချန်သာ ဤသို့ ဆက်လုပ်နေမည်ဆိုလျှင် သူမသည်လည်း သမာဓိကို ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။
“ နင်က ငါနဲ့ ဒီလို မလုပ်ချင်တော့ဘူးလား “ ရဲ့ချန်က မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
“ အဲလိုလည်း မဟုတ်ဘူးလေဟာ၊ ကုမ္ပဏီက ပြဿနာတွေကလည်း အရမ်းကို ရှုပ်ယှက်ခတ်နေသေးတာ၊ အဲဒီက ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းချင်သေးတယ်လေ၊ ငါ နင့်ကို ညကျတော့ပေးပါ့မယ်၊ အခုတော့ ငါ့ကို ခွင့်လွှတ်ပေးလေ … နော် “ လျှို့ယွဲ့က အသံချိုချိုလေးဖြင့် ရဲ့ချန်ကို နားလည်အောင် ရှင်းပြလိုက်လေသည်။
သူမက ဤသို့ နူးနူးညံ့ညံ့လေး ရှင်းပြလာသောအခါ ရဲ့ချန် မငြင်းဆန်ရက်တော့ပေ။ “ အင်းပါ၊ ငါ နားလည်ပါပြီ “ ရဲ့ချန်က လျှို့ယွဲ့၏ ချယ်ရီရောင် နှုတ်ခမ်းလေးကို ချက်ချင်း အနမ်းပေးလိုက်တော့သည်။ လျှို့ယွဲ့ကလည်း ရဲ့ချန်၏အနမ်းကို ပြန်လည်တုန့်ပြန် လိုက်တော့သည်။ လူနှစ်ဦး၏သည် အနမ်း၏ရေယဉ်ကျောတွင် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အချိန်အတော်ကြာ ကုန်ဆုံးသွားလေသည်။
လျှို့ယွဲ့က ၀င်သက်ထွက်သက်ကိုပင် အနိုင်နိုင် လုရှူနေ၇သည့် အချိန်ကျမှ ရဲ့ချန်က သူမကို လွှတ်ပေးလိုက်သည်။
လျှို့ယွဲ့က အသက်ကို အမောတကော ရှူလိုက်ပြီး အ၀တ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လိုက်သည်။
“ မြို့ကို ပြန်ရအောင် “ ဤတစ်ကြိမ်တွင်တော့ ရဲ့ချန်က လျှို့ယွဲ့ကို မြို့သို့ အမှန်တကယ် ပြန်ခေါ်လာခဲ့သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသော် ရဲ့ချန် နှင့် လျှို့ယွဲ့တို့က မြို့သို့ ပြန်ရောက်လာပြီ ဖြစ်သည်။
“ ယောက်ျား၊ ငါ့ကို ကုမ္ပဏီမှာပဲ ချပေးခဲ့တော့ “ လျှို့ယွဲ့က စံအိမ်သို့ ပြန်မလိုက်လိုသေးပေ။ ပထမဆုံးအနေနှင့် သူမက ကုမ္ပဏီက ပြဿနာများကို ဖြေရှင်းလိုသေးသည် မဟုတ်ပါလား။
ရဲ့ချန် နားလည်ပါသည်။ သူသည်လည်း ကုမ္ပဏီတွင် ရှိနေသော အဆိပ်များကို ဖယ်ရှားပေးရဦးမည် ဖြစ်သည်။
အကယ်၍ ထိုအဆိပ်များကိုသာ မဖယ်ရှားလျှင် ရဲ့ချန်က သောက်ရန်ခိုင်းထားသော ဆေးများက လုံး၀ အသုံး၀င်တော့မည် မဟုတ်ပေ။
ရဲ့ချန် နှင့် ှလျှို့ယွဲ့တို့က ကုမ္ပဏီအဆောက်အဦ၏ အပေါ်တွင် ဆင်းသက်လိုက်ကြသည်။ ရဲ့ချန်သည် ထိုအပေါ်ဘက် နေရာကနေ အောက်ဘက်တွင် ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို ကောင်းစွာ မြင်နေရသည်။
အောက်ဘက်က အခြေအနေများသည် အတော်လေး ရှုပ်ယှက်ခတ်နေဆဲသာ ရှိသေး၏။ လူအမြောက်အမြားက အဆိပ်မိသွားသော လူနာများကို ကူညီပေးရန် အပြေးအလွှား ၀င်ချည်ထွက်ချည် ပြုလုပ်နေကြပေသည်။
“ ယွဲ့၊ နင်က အောက်ထပ်က လူတွေကို ဂရုစိုက်ပေးလိုက်၊ ငါက ဒီအဆောက်အဦမှာ ရှိတဲ့ အဆိပ်တွေကို သန့်ရှင်းရေး လုပ်လိုက်မယ် “ ရဲ့ချန်က တာ၀န်များကို အပိုင်းခွဲရန် ဆုံးဖြတ်လိုက်သည်။ လျှို့ယွဲ့၏တာ၀န်က ကုမ္ပဏီ ၀န်ထမ်းများကို ဂရုစိုက်ရန်ဖြစ်ပြီး သူ၏တာ၀န်က အဆိပ်များကို သန့်ရှင်းပေးရန် ဖြစ်ပေသည်။
လျှို့ယွဲ့က ဖြစ်ပွားလျှက် ရှိသော ရှုပ်ထွေးမှုများကို ဖြေရှင်းရန် အောက်သို့ ပြေးဆင်းသွားလေသည်။ ထို့နောက် ရဲ့ချန်ကလည်း အဆိပ်များကို ရှင်းလင်းရန် အောက်သို့ ဆင်းလာခဲ့သည်။
ဤအဆောက်အဦကို သန့်ရှင်းရေး ပြုလုပ်ပြီးနောက် ရဲ့ချန်က လျှို့ယွဲ့ ပိုင်ဆိုင်သော အခြား ရုံးခွဲတစ်ခုသို့ ထွက်လာခဲ့သည်။
လျှို့ယွဲ့ ပိုင်ဆိုင်သော ရုံးခွဲတိုင်းတွင် ရှိသည့် အဆိပ်များကို ရှင်းလင်းရန် ရဲ့ချန် အတော်လေး ကြိုးစားပြီး လုပ်ဆောင်လိုက်ရ၏။
နောက်ဆုံးတော့ တစ်နာရီခန့် ကြာပြီးနောက် သုဂွန် ပတ်ဖြန်းခဲ့သော အဆိတ်များ အားလုံးကို ရှင်းလင်းပြီးပြီ ဖြစ်သည်။
“ တင်းတောင် … တင်းတောင် “ ရဲ့ချန်၏ဖုန်းက မည်လာသည်။ ရဲ့ချန်က ဖုန်းခေါ်သောလူကို ချက်ချင်း ကြည့်လိုက်သည်။
ဖုန်းခေါ်သည့်လူက စီအီးအို ရှားချင်ယု ဖြစ်သည်။ “ စီအီးအို၊ ဘာကိစ္စ ရှိလို့လဲ “ ရဲ့ချန်သည် ရှားချင်ယု သူ့ကို ဖုန်းခေါ်သည့် အကြောင်းရင်းကို ချက်ချင်း မေးမြန်းလိုက်သည်။
“ ရဲ့ချန်၊ နင်ဘယ်မှာလဲ၊ ကုမ္ပဏီကို အခု လာခဲ့ပါဦး “ ဖုန်းထဲတွင် ရှားချင်ယု၏အသံလေးက အလွန်တရာ နူးညံ့လှပေသည်။ ဤကဲ့သို့ စကားပြောခြင်းက ရှားချင်ယုအတွက် ပုံမှန်မဟုတ်ပေ။
“ ကျုပ် မကြာခင် လာခဲ့မယ် “ ရဲ့ချန်က ပြန်ဖြေလိုက်သည်။ ထို့နောက် ရှားချင်ယုက ဖုန်းချသွားလေသည်။
လျှို့ယွဲ့၏ကုမ္ပဏီက ပြဿနာကလည်း ဖြေရှင်းပြီးပြီ ဖြစ်သောကြောင့် ရဲ့ချန်က သူ၏ကုမ္ပဏီသို့သာ ထွက်လာခဲ့သည်။
ရဲ့ချန်သည် ကုမ္ပဏီသို့ ရောက်လာသောအခါ ရှားချင်ယု၏အခန်းသို့ ချက်ချင်း ထွက်လာခဲ့သည်။
ရှားချင်ယု၏ အခန်းထဲသို့ ရောက်လာသောအခါ ထိုနေရာတွင် အသက် လေးဆယ့်လေး၊ လေးဆယ့်ငါးနှစ် ၀န်းကျင်ခန့် ရှိသော လူတစ်ဦးက ရှာချင်ယု၏ရှေ့တွင် ထိုင်နေကြောင်း ရဲ့ချန် မြင်လိုက်ရ၏။ ထိုလူ နှင့် ရှားချင်ယုတို့က တစ်စုံတစ်ခုဖြင့် ပတ်သက်ပြီး စကားများနေကြခြင်း ဖြစ်သည်။
“ ကျွန်မ ရှင့်ကို ပြောပြီးပြီပဲ၊ ဂျမ်မော့ရှီနဲ့ လက်ထပ်ဖို့ ဆန္ဒမရှိပါဘူးလို့၊ ဘာဖြစ်လို့ နားမလည် ရတာလဲ “ ရှားချင်ယု၏ပုံစံက ထိုစကားကို ပြောနေစဉ် အလွန်တရာ ဒေါသထွက်နေပုံ ပေါ်နေ၏။
“ ချင်းယု၊ ဒီလက်ထပ်ပွဲ ကမ်းလှမ်းချက်က ငါတို့ မိသားစုအတွက် အရမ်း အရေးကြီးတယ်၊ မင်းသာ ဂျမ်မော့ရှီနဲ့ လက်ထပ်မယ်ဆိုရင် ငါတို့မိသားစု ကိုယ်ပိုင် ဆေးကုမ္ပဏီက ဒီ့ထက်ပိုပြီး တိုးတက်လာမှာ သေချာတယ် “ ထိုဦးလေးကြီးက ရှားချင်ယုကို ဂျမ်မော့ရှီ နှင့် လက်ထပ်ရန် ဆက်လက် တိုက်တွန်းနေတော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now