အခန်း (၃၈) ယင်ယန် ကျင့်ကြံခင်း (R18)

628 39 0
                                    

ရဲ့ချန်က ချောင်ယမ်ယမ့်ကို သူနေသောဟိုတယ်ဆီသို့ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဤအခြေအနေဖြင့် ကျောင်းသို့လည်း ပြန်မသွားလိုတော့ပေ။

ပထမဆုံးအနေနှင့် ချောင်ယမ်ယမ်ကို စိတ်အေးချမ်းသွားအောင် ဖြစ်စေဖို့က သူနေသောဟိုတယ်ကလွဲလျှင် တခြားနေရာကို သူမစဉ်းစားနိုင်သေးပေ။

ချောင်ယမ်ယမ်က ဤကဲ့သို့ ပျံသန်းနေရင်း အောက်ဘက်မှရှုခင်းများကို ကြည့်ရသည်က သူမအတွက် ပထမဆုံးအတွေ့အကြုံပင် ဖြစ်သည်။ ဤကား လေယာဉ်နှင့်မဟုတ်ဘဲ ရဲ့ချန်​၏ရင်ခွင်ထဲ၌ ပျံသန်းနေရခြင်း ဖြစ်သည်။

ချောင်ယမ်ယမ်က ဤသို့ လူတွေပျံသန်းနေသည့်ဖြစ်စဉ်အား ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာသာ မြင်ဖူးခဲ့သည်။ သို့သော် တကယ့်အစစ်အမှန်ဘဝ၌ ထိုအတွေ့အကြုံကို ခံစားရလိမ့်မည်ဟု စဉ်းတောင် မစဉ်းစားဖူးပေ။ ရဲ့ချန်ကို စူပါမန်းလားဟုတောင် မေးချင်စိတ်ပေါက်သွားရသည်။

ငါးမီးနစ်လောက် ပျံသန်းလာခဲ့ပြီး ရဲ့ချန်တို့နှစ်ယောက်စလုံး ဟိုတယ်ပြတင်းပေါက်မှနေ၍ အခန်းထဲသို့ ရောက်လာကြသည်။

" ရဲ့ချန် နင့်မှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များများတောင် ရှိနေတာလဲ " ချောင်ယမ်ယမ်က မေးလိုက်သည်။

ရဲ့ချန် " ယမ်ယမ် ငါ့မှာ အဲ့ဒါနဲ့ပတ်သက်ပြီး မင်းကို ဖုံးကွယ်ထားချင်တဲ့စိတ် မရှိပါဘူးဟာ။ ဒါပေမယ့် မင်းလက်မခံနိုင်ဖြစ်မှာကို ငါစိုးရိမ်တယ်လေ "

" မပြောတော့နဲ့။ ငါ အဲ့ဒါကို ကြိုက်တယ်။ နင်ကဘာပဲဖြစ်နေနေ ငါ သေချာပေါက် လက်ခံနိုင်တယ် " ချောင်ယမ်ယမ်က ပြောလိုက်သည်။

ချောင်ယမ်ယမ်​၏စကားတွေက ရဲ့ချန်​၏နှလုံးသားထဲ နွေးထွေးသွားစေသည်။ ရဲ့ချန်က ချောင်ယမ်ယမ်​၏လက်ကလေးကို ဆွဲယူလိုက်ပြီး သူ​၏လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ " ယမ်ယမ် ငါလည်း မင်းဘာပဲဖြစ်နေနေ သေချာပေါက် လက်ခံပါတယ်ကွာ "

သူတို့နှစ်ဦးစလုံး​၏အကြည့်တွေက ဆုံစည်းမိလိုက်ကြသည်။ ရဲ့ချန်က မျက်လုံးရွေ့၍ ချောင်ယမ်ယမ်​၏ ချယ်ရီရောင် နုတ်ခမ်းဖျားလေးကို မြတ်မြတ်နိုးနိုး ငေးကြည့်လိုက်ပြီး ထိုနုတ်ခမ်းလေးဆီသို့ တဖြည်းဖြည်း တိုးကပ်သွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now