အခန်း (၃၃) ဖျက်ဆီးခြင်း လက်ဝါးသိုင်း

355 37 0
                                    

ရဲ့ချန်နှင့် ချူးယွဲ့ချန်တို့ ဆယ့်ငါးမိနစ်လောက်ကြာအောင် စိန်ပြေးတမ်းကစားနေကြသည်။ ထိုအချိန်အတောအတွင်း ရဲ့ချန်တစ်ယောက် ချူးယွဲ့ချန်ကို ဖမ်းမိဖို့ မတက်နိူင်ခဲ့ချေ။

ချူးယွဲ့ချန်​၏အင်အားက သူ့ထက်သာသည်ဆိုတာ ရဲ့ချန် သိသွားချေပြီ။ ထို့ကြောင့် အရှုံးပေးပြီး မြက်ခင်းပြင်ပေါ်သို့ လှဲချလိုက်တော့သည်။

" ရဲ့ချန် ရှင်အရှုံးပေးပြီလား။ ဒါဆိုရင်တော့ ရှင်တက်နိူင်သလောက် အားပိုကောင်းလာဖို့ ကြိုးစားရမယ်ဆိုတာ သတိရပါ " ချူးယွဲ့ချန်က တိုက်တွန်းလိုက်သည်။

" ယွဲ့ချန် မင်း ဒီနေရာကနေ အပြင်ထွက်လို့ရလား " ရဲ့ချန်က မေးလိုက်သည်။

ချူးယွဲ့ချန် " ရှင့်မှာ ကျွန်မကို အပြင်ခေါ်ထုတ်နိူင်ဖို့ စွမ်းရည်မရှိမချင်း ကျွန်မအပြင်ထွက်လို့ မရဘူး "

ရဲ့ချန် " မင်း ဘာကို ဆိုလိုတာလဲ "

" ကျွန်မရဲ့ခန္ဓာကိုယ်ကို အပြင်ဘက်မှာထိန်းသိမ်းထားနိူင်ဖို့ ရှင့်ဆီက စွမ်းအင်တွေလိုအပ်တယ်။ ဒါကြောင့် ကျွန်မအပြင်ထွက်လိုက်တာနဲ့ ရှင့်စွမ်းအားတွေက တဖြည်းဖြည်းကုန်ဆုံးလာမယ်။ အားလုံးကုန်သွားတဲ့အခါကျရင်တော့ ကျွန်မ ဒီနေရာကို အလိုအလျောက် ပြန်ရောက်လာလိမ့်မယ် " ချူးယွဲ့ချန်က အသေးစိတ် ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

ရဲ့ချန် " ဆိုတော့ မင်းက ဘယ်အဆင့်ရောက်နေပြီလဲ "

" ဒါက လျှို့ဝှက်ချက်လေ။ နတ်ဘုရားခေတ် ပျက်စီးသွားတဲ့နောက်မှာတော့ နတ်ဘုံမှာ ကျွန်မနဲ့တိုက်နိူင်တဲ့သူ နည်းနည်းလေးပဲရှိမယ်လို့တော့ ယူဆလို့ရပါတယ် "

ရဲ့ချန်သာ ချူးယွဲ့ချန်ကို အပြင်သို့ ခေါ်ထုတ်နိူင်မည်ဆိုလျှင် နတ်ဘုံမှာရှိသော မည်သည့်တန်ခိုးရှင်ကိုမှ ကြောက်စရာမလိုတော့ပေ။

ရဲ့ချန် " ဒါက သိပ်ကောင်းတယ်။ ဒါပေမယ့် နတ်ဘုရားခေတ်ကို ကျော်လွန်သွားပြီဆိုတာ မင်းဘယ်လိုသိတာလဲ။ အရင်က ဒီနေရာကို တခြားဆရာတွေ ပိုင်ဆိုင်ခဲ့သေးတာလား "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now