အခန်း (၁၁) အပြင်ထွက်ဖို့ လမ်းရှာရအောင်

484 45 0
                                    

ရဲ့ချန် " ဪ..ဟုတ်သားပဲ...အဲ့ဒီ့ကြေးစားတွေက မင်းကို ဘာဖြစ်လို့ ပြန်ပေးဆွဲဖို့ ကြိုးစားနေတာလဲ..."

စုမန်ချီ ထိုအခါမှ ပြန်အမှတ်ရလာသည်။ " ငါမှတ်မိသေးတယ်...ငါ ပါတီတစ်ခုကို တက်ရောက်နေတာ...ဒါပေမယ့် လူတွေအများကြီးက ငါ့ကို မသိမသာ ဝိုင်းထားကြတယ်...အဲ့ဒါက သက်သောင့်သက်သာဖြစ်စေတဲ့ လေထုမဟုတ်ဘူး...အဲ့ဒါကြောင့် ငါလည်း လက်ဆက်တဲ့လေထုကို ရဖို့ အပြင်ကိုထွက်လာလိုက်တယ်...ဒါပေမယ့် ငါ့နောက်မှ တစ်ယောက်ယောက်က အိပ်ဆေးအမှုန့်တွေပါတဲ့ လက်ကိုင်ပဝါနဲ့ အုပ်လိုက်တယ်...ငါနိုးလာတဲ့အခါမှာတော့...လက်နက်ကိုင်လူတွေအများကြီးနဲ့ ကွန်တိန်နာကားကြီးတစ်စီးပေါ်ရောက်နေတာပဲ..."

ရဲ့ချန် " အိုး...ငါသိပြီ...အဲ့လူတွေက ဘာရည်ရွယ်ချက်နဲ့ မင်းကို ပြန်ပေးဆွဲတာလဲ သိလား..."

စုမန်ချီ " ငါမသိဘူး...သူတို့က ငွေ ဒါမှမဟုတ် ပစ္စည်းတစ်ခုခု လိုချင်လို့ နေမှာပေါ့..." သူမရဲ့အဖြေက မသေချာ မရေရာပေ။

" ငါနားလည်ပြီ...အခုတော့ မင်းဆာနေပြီ...ရော့..ဒီကြက်ကင်ကို စားလိုက်..." ရဲ့ချန်ရဲ့ လက်ထဲမှာရှိတဲ့ တခြားအသားပိုင်းတစ်ခုကို စုမန်ချီဆီ ပေးလိုက်သည်။

စုမန်ချီ ကြက်ကင်ကို ယူလိုက်သည်။ သို့သော် ကြက်ကင်ကို ကြည့်ရင်း သူမ စားသင့်လား မစားသင့်ဘူးလားဟု သံသယအနည်းငယ်ဝင်နေသည်။ တုံ့ချည်တုံချဖြစ်ပြီး ကြက်ကင်ကို ကြည့်နေသော စုမန်ချီကို ကြည့်ရင်း ရဲ့ချန် သူမကို အနံ့အရသာနှင့် ဆွဲဆောင်ဖို့ ကြိုးစားလိုက်သည်။

စုမန်ချီ​၏ရယ်စရာဖြစ်နေပုံကို ကြည့်ရင်း ရဲ့ချန် ကြက်ကင်ကိုပဲ အာရုံစိုက်ပြီး စားနေလိုက်သည်။ ထို့နောက် ကြက်ကင်​၏အနံ့က လေထုထဲတွင် သင်းပျံ့၍ ကြိုင်လှိုင်လာသောကြောင့် စုမန်ချီ မနေနိူင်တော့ဘဲ အပိုင်းသေးသေးလေးတစ်ခုကို ဖဲ့စားလိုက်သည်။

စုမန်ချီ ကြက်ကင်​၏ သဘာဝလွန်အရသာကို ခံစားမိလိုက်ပြီး နောက်ထပ် အပိုင်းကြီးကြီးတစ်ခုကို ဆက်ဖဲ့စားလိုက်သည်။ ရဲ့ချန် စုမန်ချီ​၏ ကျက်သရေရှိစွာ စားသောက်နေပုံကို ကြည့်လိုက်သည်။ ဒါက သူမရဲ့ပုံရိပ်ကို ဂရုစိုက်နေတဲ့ ပုံတောင် မပေါ်တော့ပါချေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now