အခန်း (၆၆) ရဲ့ချန် စတိုက်ပြီ

279 22 0
                                    

" ဦးလေးခွန်... ကျုပ်ပေးထားတဲ့ မိန်းကလေးရဲ့ဓာတ်ပုံရော ဘယ်လိုလဲ။ အဲ့ထဲက မိန်းကလေးကို သဘောကျရဲ့လား " မိန်းမနှစ်သက်တတ်သော သုခွန်​၏ဝါသနာကို သုယောင် သိပါသည်။ ထို့ကြောင့် သုယောင်က သူ့ဦးလေးအတွက် လျှို့ယွဲ့အား လက်ဆောင်အဖြစ်ပေးရန် ရည်ရွယ်ထားခဲ့သည်။

သုယောင်​၏အဓိကတာဝန်က သူတို့ဂိုဏ်းအတွက် ဘဏ္ဍာငွေ ရှာဖွေရန်ပဲ ဖြစ်သည်။ လျှို့ကုမ္မဏီ​၏ငွေများဖြင့်ဆိုလျှင် သူတို့ဂိုဏ်း​၏ကျင့်ကြံမှုအဆင့်များကို အလျင်အမြန်တိုးတက်လာစေရန် ဆေးပင်များဝယ်ရာတွင် လုံလောက်ပြီ ဖြစ်သည်။

သုယောင်က ပိုင်ချုံးနှင့် ပိုင်ဆန်ကို ဂရုစိုက်ခြင်း အလျင်းမရှိခဲ့ပေ။ သူ့အတွက်က ထိုသားအဖနှစ်ယောက်ဟာ ကစားစရာ အရုပ်တစ်ရုပ်ထက် မပိုပေ။ သူတို့ဟာ သုယောင်​၏ ကြိုးဆွဲရာ က,ခဲ့ရသော ရုပ်သေးရုပ်များပမာ ဖြစ်ခဲ့ရ​၏ ။ လျှို့ကုမ္မဏီကို ချုပ်ထိန်း ရယူမည့် သူ​၏အစီအစဉ် အောင်မြင်သည်နှင့် သုယောင်က ထိုသားအဖနှစ်ယောက်ကို လက်စဖျောက်ဖို့ ကြံစည်းထားပြီးပြီ ဖြစ်သည်။

" ဟုတ်တယ် ညီလေး... မင်းပို့လိုက်တဲ့ ဓာတ်ပုံထဲက ကောင်မလေးကို ငါအရမ်းကြိုက်တယ်။ အခု ဒီနေရာမှ အရမ်းလှတဲ့ကောင်မလေးတွေကိုလည်း ငါ မြင်နေရသေးတယ်လေ။ ဟီး... ငါက ဘာဖြစ်လို့ မကျေနပ်ရမှာလဲ " သုခွန်က ကြမ်းပြင်ပေါ်တွင် လဲကျနေသော လော့ဘင်အား ရွံစရာကောင်းသောအကြည့်ဖြင့် ကြည့်နေလေတော့သည်။

လော့ဘင်က ထိုသက်လတ်ပိုင်းအရွယ်လူကြီးကို အလွန်တရာ စက်ဆုပ်ရွံရှာနေသည်။ သူမ ကြမ်းပြင်ပေါ်မှ ထရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် စိတ်သာဆောင်နေပြီး ခန္ဓာကိုယ်ကတော့ မလှုပ်ရှားနိုင်ပေ။ လော့ဘင်လည်း ကိုယ့်အခြေအနေကို ကိုယ်သတိပြုမိလိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ သုခွန်​၏အဆိပ်က ထိုမျှ မြန်မြန်ဆန်ဆန် အလုပ်လုပ်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားပေ။

" ဦးလေးက ဒီမိန်းကလေးကို ကြိုက်တယ်ဆိုတော့ ကျုပ်လည်း ဝမ်းသာပါတယ်ဗျာ။ ဒါပေမယ့် ကျုပ်အတွက် လက်ဆောင်တစ်ခုလောက်တော့ ပေးဖို့ မမေ့ပါနဲ့နော် " သုယောင်က သုခွန်ဆီမှ လက်ဆောင်ရရှိရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now