အခန်း (၄၈) ရီဒယမ် လည်ဆွဲ လော့ကတ်သီး

307 29 0
                                    

ဒုတိယမက်မွန်သီးဟာ ဒေါ်လာငါးသောင်းမှ ဒေါ်လာငါးသိန်းသို့ ချက်ချင်း ထိုးတက်သွားလေသည်။ ထို့ပြင် လေလံကြေးဟာ ဆက်လက်မြင့်တက်နေပြီး မကြာမီ ဒေါ်လာ ၂ သန်း သို့ ရောက်ရှိသွားတော့သည်။ နောက်ဆုံးမှာတော့ ရဲ့ချန်​၏ ကောင်းကင်မက်မွန်သီးတွေဟာ ဒေါ်လာ ၁၂ သန်းနှင့် ရောင်းချနိုင်သွားသည်။ ရဲ့ချန်လည်း ထိုမျှလောက် မြင့်မားသောစျေးဖြင့် ရောင်းချနိုင်မည်ဟု မျှော်လင့်မထားပေ။

ရဲ့ချန်​၏ တစ်နေ့နေ့မှာ အိပ်မက်များကို အကောင်ထည်ဖော်နိုင်ရမည်ဟူသော ရည်မှန်းချက်က ပြည့်စုံသွားပြီ ဖြစ်သည်။ သူက ယခုဆို မီလျံနာငယ်လေးတစ်ဦးပင် ဖြစ်နေချေပြီ။

ကောင်းကင်မက်မွန်သီးအား ရရှိသွားသော လူခမျာလည်း အင်မတန်မှ ပျော်ရွှင်နေပြီး ကျသင့်ငွေကို ချက်ချင်း ရှင်းကာ အသီးအား သူ့အတွက် အလွန် တန်ဖိုးရှိသော ပစ္စည်းတစ်ခုနှယ် ရင်ဝယ်ပိုက်ထားတော့သည်။

အသီးအား မရရှိသွားသော သူတွေကလည်း ဝမ်းနည်းစိတ်ပျက် ဖြစ်နေကြသည်။ သူတို့မှာ အစိတ်အပိုင်းသေးသေးလေးမျှသာ စားသုံးခဲ့ရသော်လည်း အသီး​၏အရသာအား တစ်သက်မေ့နိုင်တော့မည် မထင်ချေ။

" ရဲ့ချန် နင့်မက်မွန်သီးတွေကို သိမ်းထားလိုက်အုံး။ ဘာလို့လဲဆိုတော့ ဒီပုံစံအတိုင်းဆို နောက်ကျ စျေးမြင့်မြင့်နဲ့ ထပ်ရောင်းလို့ရမှာ "

ရဲ့ချန်​၏ဘေး၌ တစ်ချိန်လုံးထိုင်နေသော လျှို့ယွဲ့က လေလံပွဲ​၏အခြေအနေများအား သေချာ ဂရုတစိုက်လေ့လာနေသည်။ ထို့နောက် ရဲ့ချန်​၏သစ်သီးအား အောင်အောင်မြင်မြင် လေလံတင်ပြီးသွားတဲ့အတွက် ဂုဏ်ပြုစကား ဆိုလိုက်သည်။

" အခုလို ကျုပ်ကို ကူညီတဲ့အတွက် ဒီကလျှို့ယွဲ့ကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ဒါက ခင်ဗျားရဲ့ လေလံပွဲသာမဟုတ်ဘူးဆိုရင် ဒီမက်မွန်သီးတွေက ဒေါ်လာထောင်အနည်းငယ်လောက်ပဲ ရလိမ့်မယ် "  ရဲ့ချန်က သူမအား အမှန်ပင် ကျေးဇူးတင်မိရသည်။

" ဒါဆို ရှင် ကျွန်မကို မက်မွန်သီးတွေ ခဏခဏ အလကားပေးရမယ်။ ဟုတ်ပြီလား "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now