အခန်း (၁၃၃) ကုမ္ပဏီသို့ အလည်သွားခြင်း

231 13 0
                                    

" ဒါဆို ဟူဂျီရဲ့အကိုရင်းက အမရို့ချီကို ပိုးပန်းနေတဲ့သူပေါ့ " ထိုသတင်းကို ချောင်ယမ်ယမ်လည်း ယခုမှ သိပုံပေါ်သည်။

" ငါလည်း သေချာမသိဘူး " ရဲ့ချန်ကလည်း သူတို့က ညီအကိုအရင်းလော ဝမ်းကွဲလော ရေရာစွာ မသိပေ။ သူက ယနေ့အဖြစ်အပျက်အပေါ် အခြေခံ၍ ထင်မြင်ချက် ပေးလိုက်ခြင်းသာ ဖြစ်သည်။

ချောင်ယမ်ယမ်က ခေါင်းညိတ်ပြသည်။

ထို့နောက် ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့သည် စံအိမ်ကြီး​၏ရှေ့သို့ ရောက်လာကြ​၏။ ရဲ့ချန်က အရင်ဆုံး ကားကို ပါကင်ထိုးပြီး ချောင်ယမ်ယမ်နှင့်အတူ အိမ်ထဲသို့ လျှောက်လာသည်။

သူတို့နှစ်ယောက်စလုံး အိမ်ထဲသို့ ရောက်လာသောအခါ တစ်အိမ်လုံး သန့်ရှင်းတောင်ပြောင် နေသည်ကို မြင်လိုက်ရ​၏။ ယင်းက သူတို့ မနက်က ထွက်လာသော အခြေအနေနှင့် လားလားမျှ မဆိုင်တော့ချေ။

" အကိုကြီး ရဲ့ချန်၊ အမ ယမ်ယမ် အိမ်ပြန်လာပြီလား " ရှောင်လုလုက မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားပြီး သန့်ရှင်းရေးကိရိယာများ ကိုင်ကာ သန့်ရှင်းရေး လုပ်နေခြင်း ဖြစ်​၏။

" ငါတို့ ပြန်လာပြီ " ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့က ပြိုင်တူ ဖြေလိုက်သည်။

ရဲ့ချန်သည် ဆိုဖာဆီသို့ လျှောက်သွားပြီ လှဲချလိုက်​၏။ ချောင်ယမ်ယမ်ကတော့ အဝတ်စားလဲရန် အပေါ်ထပ်သို့ တက်သွားသည်။

" လုလု လျှို့ယွဲ့ နဲ့ ဖူလန်လင်းရော " ရဲ့ချန်က မေးလိုက်​၏။

" သူတို့ နောက်ဘက်ခြံဝင်းထဲမှာ " ရှောင်လုလုက လျှို့ယွဲ့ နှင့် ဖူလန်လင်းတို့ရှိသော နေရာကို ချက်ချင်း ဖြေကြားလိုက်သည်။

ရဲ့ချန်သည် ခြံနောက်ဘေးတွင် လျှို့ယွဲ့ နှင့် ဖူလန်လင်းတို့ မည်သည့်အရာများ ပြုလုပ်နေမှန်း သိချင်စိတ် ဖြစ်လာ​၏။

ရဲ့ချန် ခြံနောက်ဘေးသို့ ရောက်ရှိလာသောအခါ သူမတို့နှစ်ဦးက သိုင်းလေ့ကျင့်နေကြောင်း မြင်လိုက်ရ​၏။

လျှို့ယွဲ့က ဖူလန်လင်းကို လက်ဝါးနှစ်ဖက်ဖြင့် အဆက်မပြတ် တိုက်ခိုက်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now