အခန်း (၁၇၆) ဒါက ငါ့ဇနီးလောင်း

258 15 0
                                    

“ ဘိုးဘိုး ဘာဖြစ်လို့ ကျွန်မကို ဖုန်းခေါ်တာလဲ၊ ကျွန်မ အလုပ်ရှုပ်နေတယ်လေ “ တစ်ဖက်က မိန်းကလေးက အဘိုးရှားတျန်၏ ဖုန်းကောကို ပြန်ဖြေလိုက်၏။
“ ဘိုးဘိုးရဲ့အိမ်ကို လာခဲ့ဦး၊ မြေးနဲ့ အဘိုး ကိစ္စတစ်ခုအကြောင်း ဆွေးနွေးစရာ ရှိတယ် “ အဘိုးရှားတျန်က မြေးဖြစ်သူကို အိမ်သို့ ချက်ချင်း လာခဲ့ရန် ပြောလိုက်သည်။
“ ဒါပေမဲ့ ဘိုးဘိုးရယ်၊ မြေး ဒီမှာ အလုပ်ရှုပ်နေတဲ့ဟာကို “ တစ်ဖက်က မိန်းကလေးသည် အိမ်သို့ ပြန်မလာနိုင်သေးကြောင်း ပြောလိုက်၏။
“ အဟွတ် … အဟွတ် … အဟွတ် … ဒီကို မြန်မြန် ပြန်လာခဲ့ပါ၊ အဘိုး နေမကောင်းသလို ခံစားနေရတယ် “ မြေးဖြစ်သူက အိမ်ပြန်မလာချင်ပုံ ဖြစ်နေသည်ကို သိပြီး အဘိုးရှားတျန်က ဗျူဟာကို ပြောင်းလဲလိုက်သည်။ သို့မှသာ သူမက ပြန်လာမည် မဟုတ်ပါလား။
“ ဘိုးဘိုး ခဏလောက် စောင့်ပါ၊ မြေး အခုချက်ချင်း ပြန်လာခဲ့ပါမယ် “ တစ်ဖက်က မိန်းကလေးသည် အထိတ်တလန့် ပြောလိုက်၏။
မြေးဖြစ်သူအား အောင်အောင်မြင်မြင် အယုံသွင်းပြီးနောက် ရှားတျန်က ဖုန်းချလိုက်သည်။
“ ငါ့မြေးမလေးက မကြာခင် ရောက်လာလိမ့်မယ်၊ မင်း ခဏတော့ စောင့်ဦး … ဟဟဟ “ အဘိုးရှားတျန်က ကျေကျေနပ်နပ်ဖြင့် ရယ်မောနေတော့၏။
ရဲ့ချန်ကလည်း စိတ်ပျက်စွာ ပြုံးပြလိုက်၏။ အဘိုးရှားတျန်က မြေးဖြစ်သူကို လိမ်လည်ရာတွင် အတော်လေး ဆရာကျလှပေသည်။
ထို့နောက် ရဲ့ချန်သည် အဘိုးရှားတျန်၏ နှလုံးရောဂါနှင့် သွေးကြောပိတ်ရောဂါတို့က သူ့ကို ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်အောင် လုပ်ထားခြင်းဖြစ်ကြောင်း သတိထားမိလိုက်၏။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသော် ခြံ၀င်းထဲသို့ ကားမောင်း၀င်လာသည့် အသံတစ်သံကို ကြားလိုက်ရ၏။ ယင်းသည် အဘိုးရှားတျန်၏မြေးဖြစ်သူက အိမ်သို့ ရောက်လာခဲ့ပုံ ပေါ်၏။
ခြေသံတစ်သံက အခန်းတံခါး၏ရှေ့သို့ အပြေးအလွှား ရောက်လာတော့သည်။ “ ဘမ်း … “ အခန်းတံခါးက ကျယ်လောင်စွာ ပွင့်ထွက်လာတော့သည်။
“ ဘိုးဘိုး ဘယ်နေရာမှာလဲ “ ထိုမိန်းကလေးက အဘိုးရှားတျန်နှင့် ပတ်သက်ပြီး အတော်လေး စိုးရိမ်နေဟန် ပေါက်နေ၏။
ရဲ့ချန်သည် အဘိုးရှားတျန်၏ မြေးမလေးက မည်သည့်ပုံစံရှိမှန်း သိချင်စိတ် ဖြစ်လာ၏။ ထို့ကြောင့် ရဲ့ချန် နောက်သို့ လှည့်ကြည့်လိုက်သောအခါ အတော်လေး အံ့အားသင့်သွားလေသည်။ တံခါးဖွင့်ညပီး ၀င်လာသည့် မိန်းကလေးက ရဲ့ချန်က မစိမ်းသက်ပေ။
“ ဒီတော့ သူက ငါ့ရဲ့ ဇနီးလောင်းပေါ့ “ ရဲ့ချန်က တီးတိုး ရေရွတ်လိုက်၏။
သူမက အေးစက်စက်နိုင်သည့် စီအီးအို ရှားချင်ယု ဖြစ်ပေသည်။ ရှားချင်ယုက အဘိုးဖြစ်သူ၏ဘေးသို့ အပြေးတစ်ပိုင်း ရောက်လာခဲ့သည်။
“ ဘိုးဘိုး ဘိုးဘိုးအဆင်ပြေရဲ့လား၊ ဘယ်နေရာက မသက်မသာ ဖြစ်တာလဲ၊ မြေးကို ပြောပါ “ ရှားချင်ယုက အဘိုးဖြစ်သူ၏အခြေအနေကို ချက်ချင်း စစ်ဆေးလိုက်၏။
“ ချင်းယု ဘိုးဘိုး အဆင်ပြေပါတယ်၊ ဘာမှ မစိုးရိမ်ပါနဲ့ “ ရှားတျန်က သူ၏အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်မနေရန် ပြောလိုက်သည်။
“ ဒါပေမဲ့ နေမကောင်း ဖြစ်နေတယ်လို့ ဘိုးဘိုးပဲ ပြောပြီးတော့၊ ဘိုးဘိုးက မြေးကို ထပ်လိမ်ပြန်ပြီလား “ ရှားချင်ယုသည် အဘိုးဖြစ်သူက သူမကို လိမ်ညာနေပြီဖြစ်ကြောင်း ယုံကြည်သွားလေသည်။
“ ဟဟဟ … ဘိုးဘိုးသာ ဒီလို မလုပ်ဘူးဆိုရင် မြေးက ဒီကို လာမှာမဟုတ်တာ သေချာတယ်လေ “ အဘိုးရှားတျန်သည် ရှားချင်ယု ပြန်လာသည့်အတွက် အတော်လေး ပျော်ရွှင်သွားလေသည်။
“ ဟွန့် … ဘိုးဘိုးက ဒီလိုတွေ ထပ်လုပ်ပြန်ပြီလား “ ရှားချင်ယု၏ပုံစံသည် အဘိုးဖြစ်သူက သူမကို လိမ်ညာခဲ့သည့်အတွက် အတော်လေး စိတ်ဆိုးသွားပုံ ရ၏။
ရှားချင်ယုက ဘေးသို့ လှည့်ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရဲ့ချန်ကို မြင်လိုက်ရ၏။ “ ရဲ့ချန် နင် ငါ့အဘိုးရဲ့အိမ်ကို ဘာလာလုပ်တာလဲ “ ရှားချင်ယုက ရဲ့ချန်ကို ချက်ချင်း လှမ်းမေးလိုက်၏။
“ ငါ ဒီကိုလာတာ တိုက်ဆိုင်သွားတာပါ “ ရဲ့ချန်က နဖူးကို တစ်ချက်ကုတ်လိုက်သည်။ ရှားချင်ယုက သူ၏ဇနီးလောင်း ဖြစ်နေသည့်အတွက် သူ နောင်တ မရတော့ပေ။
“ မင်းတို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား “ ရဲ့ချန် နှင့် ရှားချင်ယုတို့က အတော်လေး ရင်းနှီးနေသည်ကို ကြည့်ရင်း ရှားတျန်သည် သူတို့က တစ်ဦးကိုတစ်ဦး သိနေကြမည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
“ သိပါတယ် … မသိပါဘူး “ ရဲ့ချန် နှင့် ရှားချင်ယုတို့၏ အဖြေက လုံးလုံး ကွဲပြားနေပေသည်။
ရဲ့ချန်က ရှားချင်ယုနှင့် သိပါသည်ဟု ဖြေလိုက်ခြင်း ဖြစ်သည်။
ရှားချင်ယု၏ အဖြေကတော့ ရဲ့ချန်နှင့် လုံး၀ မသိပါဟု ပြောလိုက်ခြင်း ဖြစ်သည်။
ထိုအဖြေများကို ကြားပြီး အဘိုးရှားတျန်တစ်ယောက် ဇဝေဇ၀ါ ဖြစ်သွားလေသည်။ ရဲ့ချန် နှင့် ရှားချင်ယုတို့ အကြားတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပုံ ပေါ်၏။
“ ထားပါတော့၊ ချင်းယု မြေးကို ဒီခေါ်ရတဲ့ အကြောင်းရင်းကို ရှင်ပြပေးမယ်၊ သူကတော့ မြေးရဲ့ခင်ပွန်းလောင်းဖြစ်တဲ့ ရဲ့ချန်ပဲ “ ရှားတျန်သည် ရဲ့ချန်က သူမ၏ ခင်ပွန်းလောင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။
“ ရှင် … … “ ရှားချင်ယုခမျာ လန့်ဖြန့်ပြီး အော်ဟစ်လိုက်မိ၏။ အဘိုးဖြစ်သူ ပြောခဲ့သည့် စကားများသည် သူမ နားကြားမှားခြင်း မဟုတ်ပေ။ ရဲ့ချန်က သူမ၏ခင်ပွန်း ဖြစ်သည်တဲ့လော။ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
“ အဘိုး ရှင်းပြပါ့မယ်၊ ရဲ့ချန်က မြေး ငယ်ငယ်လေးကတည်းက ရွေးချယ်ထားခဲ့တဲ့ စေ့စပ်ထားသူ တစ်ယောက်ပဲ “ ရှားတျန်က ရဲ့ချန်က ငယ်စဉ်ကတည်းက သူမနှင့် စေ့စပ်ထားသူတစ်ယောက် ဖြစ်ကြောင်း ရှင်းပြလိုက်၏။
“ ဘိုးဘိုး ဘာတွေ ဖြစ်ပျက်သွားတာလဲ၊ ဒီကိစ္စတွေ မြေးလည်း ဘာမှ မသိရပါလား၊ အခုချိန်ကျမှ မြေးတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး စေ့စပ်ထားတဲ့သူတွေ ဖြစ်သွားတာလဲ “ ရှားချင်ယုသည် ယခုချိန်ကျမှ ဗြုန်းဆိုင်းကြီး စေ့စပ်ထားသူတစ်ယောက်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။ ယခင်က အဘိုးဖြစ်သူက အဘယ်ကြောင့် မပြောပြရသနည်း။
“ အဲဒါတွေကို စောစောစီးစီး မပြောပြခဲ့တာ အဘိုးရဲ့အမှားတွေပါ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မြေးတို့နှစ်ယောက်က စေ့စပ်ထားပြီးသားတွေပဲလေ၊ ရဲ့ချန် ငါ့မြေးမလေးက ဘယ်လိုနေလဲ၊ အရမ်း အရမ်းကို လှတယ် မဟုတ်လား “ ရှားတျန်းက မေးလိုက်၏။
“ အဘိုး ရှားချင်ယုက အတော်လေး လှပါပေတယ်၊ ကျွန်တော် အရမ်း ကျေနပ်တယ် “ ရဲ့ချန်က လုံး၀ မငြင်းဆန်ပေ။ သူက သန့်စင်သော ယင်ခန္ဓာကိုယ်ရှိသည့် ရှားချင်ယုကို အဘယ်ကြောင့် ငြင်းဆန်ရမည်နည်း။
ယင်းသည် ကောင်းကင်ပေါ်မှ ရွှေတုံးကြီး ပြုတ်ကျလာသလိုပင် ဖြစ်၏။ ရဲ့ချန်ကလည်း ထိုပြုတ်လာသည့် ရွှေတုံးကြီးကို သေချာပေါက် လက်ခံရပေမည်။
“ အဘိုး မြေး လုံး၀ သဘောမတူနိုင်ဘူး၊ မြေး အဲဒီလူရဲ့ ဇနီးလောင်း မဖြစ်ချင်ဘူး “ ရှားချင်ယုက ရဲ့ချန်ကို ဖောက်ထွက်လုမတက် အကြည့်တစ်ခုဖြင့် လက်ညှိုးထိုး ပြောလိုက်၏။ ရဲ့ချန်လို အကျင့်ပုပ်သည့် လူတစ်ယောက်ကို မည်သူက လက်ထပ်ချင်မည်နည်း။
“ ချင်းယု အဘိုးရဲ့ဆုံးဖြတ်ချက်ကို မကန့်ကွက်နဲ့၊ အဲဒါကို ပြောင်းလဲဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး “ ရှားတျန်သည် ရှားချင်ယုက ဤစေ့စပ်ပွဲကို ငြင်းဆန်နေသောကြောင့် စိတ်ဆိုးသွားလေသည်။
“ ဘိုးဘိုး၊ ဘိုးဘိုးကလဲ “ အဘိုးဖြစ်သူက ရှားချင်ယုကို ဆူပူသည်က မရှိသလောက်ပင် ရှားပါးလှ၏။ ဤအရာအားလုံးသည် ရဲ့ချန်၏အမှားများသာ ဖြစ်ပေချိမ့်။
ရှားတျန် သက်ပြင်းချလိုက်သည်။ “ ချင်းယု၊ အဘိုး ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲဆိုတာ မြေးသိသင့်ပါတယ်၊ ရဲ့ချန်ရဲ့အဘိုးကြောင့်သာ မဟုတ်ဘူးဆိုရင် ခုချိန်မှာ မြေးရယ် မြေးရဲ့အမေရယ်က ဒီလောကကြီးထဲမှာတောင် တည်ရှိနေမှာ မဟုတ်ဘူး၊ အဘိုးတို့ မိသားစုက ရဲ့ချန်ရဲ့အဘိုးပေါ်မှာ အကြွေးတွေ အများကြီး တင်နေတယ်၊ ဒါလေးက ရဲ့ချန်ရဲ့အဘိုးဆီက တောင်းဆိုချက် သေးသေးလေးတစ်ခုပါပဲ၊ ဘိုးဘိုးက ဒီသေးငယ်တဲ့ တောင်းဆိုချက်လေးကိုတောင် မဖြည့်ဆည်းပေးနိုင်ရင် ရဲ့ဟန်နဲ့ တမလွန်မှာပြန်တွေ့ရင် ဘယ်လို မျက်နှာပြရတော့မှာလဲ “ အဘိုးရှားတျန်က ရှားချင်ယုကို အမှန်အတိုင်း ရှင်းပြလိုက်သည်။
ရှားချင်ယုက ဘာမျှ ထပ်မပြောတော့ပေ။ အဘိုးဖြစ်သူ ခံစားနေပုံကို ကြည့်ရင်း သူမက ထိုကိစ္စကို လက်ခံရန် ဆုံးဖြတ်လိုက်တော့သည်။ အဘိုးဖြစ်သူက ဤကဲ့သို့ ဆက်လက် ခံစားနေမည်ဆိုလျှင် အဘိုး၏နှလုံးရောဂါက ပိုမို ဆိုးဝါးလာမည် မဟုတ်ပါလား။
ရှားချင်ယုသည် ဤစေ့စပ်ပွဲကို ဖျက်သိမ်းရန် နည်းလမ်းတစ်ခုကို တွေးမိလိုက်သည်။ နောက်ဆုံးတော့ သူမက ရဲ့ချန်ကို လက်မထပ်ရန် နည်းလမ်းတစ်ခုကို ရရှိသွားပြီ ဖြစ်၏။
“ မင်းတို့ နှစ်ယောက် ဓီမှာ ခဏစောင့်ဦး၊ အဘိုး မင်းတို့ရဲ့ စေ့စပ်စာချုပ်ကို သွားယူလိုက်ဦးမယ် “ အဘိုးရှားတျန်က ဝှီးချဲကို ရွေ့လျားပြီး နောက်သို့ ဦးတည် ထွက်ခွာသွား၏။
ရဲကချန်က အပြုံးကလေးဖြင့် ရှားချင်ယုကို စိုက်ကြည့်လိုက်သည်။
“ ဘာဖြစ်လို့ ငါ့ကို ပြုံးပြုံးကြီး ကြည့်နေတာလဲ၊ ကြည့်ရတာ အတော်လေး ကျေနပ်နေတယ်နဲ့တူတယ် ဟုတ်လား “ ရှားချင်ယုက အေးစက်စက် ပြောလိုက်သည်။
“ ဟီဟီဟီ … ဒါပေါ့၊ ငါပျော်တာပေါ့၊ ငါ့မှာ အရမ်းလှတဲ့ ဇနီးလောင်းလေး ရှိနေပြီပဲ ဥစ္စာ၊ အဲဒါကို သိပြီးတော့ ငါက ဘယ်လိုလုပ်ပြီး မပျော်ဘဲ နေနိုင်မှာလဲ “ ရဲ့ချန်က တခွိခွိ ရယ်မာရင်း ပြန်ဖြေလိုက်သည်။
“ နင် ဘယ်သူ့ကို ဇနီးလောင်းလို့ ခေါ်လိုက်တာလဲ၊ နင့်လို့ အကျင့်မကောင်းတဲ့အကောင်ကို ဘယ်သူက လက်ထပ်ဖို့ ဆန္ဒရှိမှာလဲ “ ရှားချင်ယု၏ မျက်လုံးထဲတွင် ရဲ့ချန်က အကျင့်မကောင်းသည့် အကောင်ဟုသာ မြင်နေ၏။
“ ငါ အရင်က ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူးနဲ့ တူတယ် “ ရဲ့ချန်က မတ်တပ် ထရပ်ပြီး ရှားချင်ယု၏ဘေးသို့ လျှောက်လာသည်။
“ ရဲ့ချန်၊ နင် နင် ဘာလုပ်မလို့လဲ “ ရဲ့ချန်က သူမအနားသို့ ချဉ်းကပ်လာသည်ကို ကြည့်ရင်း ရှားချင်ယု ထိတ်လန့်လာတော့သည်။
ရဲ့ချန်က ဘာမျှ ပြန်မပြောဘဲ ရှားချင်ယု၏ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်လေသည်။ “ ဇနီးလောင်း ခပ်ဆိုးဆိုးမလေး တစ်ယောက်ကို သင်ခန်းစာ ပေးမလို့ “ ရဲ့ချန်က ရှားချင်ယု၏ တောင်ဘို့ကြီး နှစ်လုံးကို စတင် ဖျစ်ညှစ်လိုက်တော့သည်။
“ အင်း … “ ရှားချင်ယုက ညင်သာစွာ ညည်းညူလိုက်၏။ သူမ၏ခန္ဓာကိုယ်က အလွန်တရာ နူးညံ့သည့် ခံစားချက်တစ်ခုကို ရရှိနေကြောင်း သတိထားမိလိုက်၏။
နောက်ထပ်တစ်ကြိမ် ရှားချင်ယုက ရဲ့ချန်၏ အထိအတွေ့အောက်တွင် မငြင်းဆန်နိုင်သည့် အခြေအနေ ဖြစ်သွားလေသည်။ သူမ၏ခန္ဓာကိုယ်က သစ္စာဖောက်သွားပြီဖြစ်ကြောင်း ရှားချင်ယု ခံစားလိုက်ရလေသည်။
“ ရဲ့ချန်၊ ရပ်ပါတော့ဟာ၊ တစ်ယောက်ယောက် လာရင် ငါတို့ကို မြင်သွားလိမ့်မယ် “ ရှားချင်ယုသည် ရဲ့ချန်ကို လွှတ်ပေးရန် တောင်းပန်လိုက်တော့သည်။
ယခုတော့ သူမက ရဲ့ချန်ကို ရန်စခြင်းက မကောင်းမှန်း သိသွားပြီ ဖြစ်၏။
“ ငါ နင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး “ ရဲ့ချန်က ရှားချင်ယု၏ နားရွက်ကလေးကို ကိုက်ပြီး ကျီစယ်လိုက်လေသည်။
“ အ … “ ရှားချင်ယု၏ခန္ဓာကိုယ်က အနည်းငယ် ပျော့ခွေလာပြီး ရဲ့ချန်ပေါ်သို့ လဲပြိုသွားလေသည်။
ရဲ့ချန်သည် အသစ်တစ်ခုခုကို ရှာတွေ့လိုက်သည်။ သူက ရှားချင်ယု၏ အားနည်းချက်ကို ရှာတွေ့သွားသည့်ပုံ ပေါ်လေသည်။ ထို့ကြောင့် ရဲ့ချန်ကို အချိန်ကို မဖြုန်းတော့ဘဲ ဘုရင့်နှလုံးသား ကျင့်စဉ်ကို အသုံးပြုလိုက်၏။ ထိုကျင့်စဉ်ဖြင့် ဆိုလျှင် မိန်းမတစ်ယောက်၏ အားနည်းချက်များကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now