အခန်း (၁၅၈) ရှောင်လုမန်

247 18 0
                                    

ထိုလူငယ်က ရှောင်လုမန် ဖြစ်သည်။ သူက ဤကျောင်း၏ သိုင်းပညာအခန်း ခေါင်းဆောင်လည်း ဖြစ်သည်။

ရှောင်လုမန်က ကျောင်းတော်၏ ဂုဏ်ဆောင်ဟုဆိုက မမှားပေ။ သူက မြို့အဆင့် ကျောင်းပေါင်းစုံပြိုင်ပွဲတွင် အကြိမ်များစွာ အနိုင်ယူပေးခဲ့သည် မဟုတ်ပါလား။

ရှောင်လုမန်က ဤကျောင်းတွင် အလွန်တရာ ကျော်ကြားသော လူတစ်ယောက်ပင် ဖြစ်သည်။ ကျောင်းတော်တွင် ရှောင်လုမန်၏အချစ်ကို မျှော်လင့်နေကြသော ကျောင်းသူများစွာလည်း ရှိနေပေသည်။ သ်ု့သော် ရျောင်လုမန်က ထိုမိန်းကလေးများ အားလုံးကို ငြင်းဆန်ခဲ့သည်သာ ဖြစ်၏။ သူ၏ရင်ထဲတွင် အမြဲတမ်း နတ်ဖုရားမလေး တစ်ယောက်သာ နေရာပေးထားလေသည်။ သူမက လီချင်းကျူပင် ဖြစ်သည်။

လီချင်းကျူက အခြားယောက်ျားလေးတစ်ယောက် နှင့် အစားအစာ လာစားနေသည်ကို ကြည့်ရင်း ရှောင်လုမန်တစ်ယောက် အတော်လေး ဘ၀င်မကျ ဖြစ်သွားလေသည်။ ယင်းက လီချင်းကျူအတွက် သာမန် ဖြစ်ရိုးဖြစ်စဉ်ကိစ္စ မဟုတ်ပေ။

ရှောင်လုမန်သည်လည်း လီချင်းကျူကို နေ့တိုင်းနီးပါး အစားအစာ အတူတူစားရန် ဖိတ်ခေါ်ခဲ့ဖူး၏။ သို့သော် သူမက သူ၏ဖိတ်ခေါ်မှုကို အမြဲတမ်း ငြင်းဆန်ခဲ့သည် မဟုတ်ပါလား။

“ ကျွန်မရဲ့သူငယ်ချင်းနဲ့ အစားအစာ အတူတူ စားနေတာလေ “ လီချင်းကျူက ရှောင်လုမန်၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

လီချင်းကျူ နှင့် ရှောင်လုမန်တို့ အကြားက ဆက်ဆံရေးသည် သာမန် အတန်းဖော် အဆင့်မျှသာ ဖြစ်၏။

“ မင်းက ငါနဲ့အတူကျတော့ အစားအစာ မစားချင်ဘူးလို့ ငြင်းခဲ့တယ် မို့လား “ ရှောင်လုမန်က ဒေါသထွက်စွာ လီချင်းကျူကို မေးလိုက်သည်။

ရှောလုမန်က လီချင်းကျူ နှင့် နီးစပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သို့သော် လီချင်းကျူကတော့ ရှောင်လုမန်ကိ်ု သူမအနားသို့ ချဉ်းကပ်ခွင့် မပေးချေ။

“ ကျွန်မ ရှင်နဲ့အတူ လိုက်ဖို့ တကယ် ဆန္ဒမရှိဘူး၊ အဲဒါ ဘာဖြစ်လို့လဲ “ လီချင်းကျူ၏စကားသံက အလွန်တရာ အေးစက်လာလေသည်။ သူမတို့နှစ်ယောက်က ဘာမျှ မပတ်သက်ဘူး မဟုတ်လား။ သို့သော် လီချင်းကျူ၏ ငြင်းဆန်လိုက်သော စကားကြောင့် ရှောင်လုမန်၏ရင်ထဲတွင် ဒဏ်ရာ ဖြစ်သွားလေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now