အခန်း (၈၈) ကျောင်းပန်းလေးပွင့်

261 17 0
                                    

ကျန်းချောင် " ပထမသတင်းက ဆမ်တူရဲ့ သတင်းကွ၊ မနေ့က သူ့ရဲ့ အဓမ္မကျင့်တဲ့ အမူအရာက အင်တာနက်မှာ အတော်လေး ပြန့်သွားတာကြောင့် သူ့ကို ကျောင်းက ထုတ်လိုက်ပြီတဲ့ "

" ဒီတော့... အဲ့ကောင် ကျောင်းက ထွက်သွားပြီပေါ့၊ ကောင်းတယ်... ယမ်ယမ့်ကို နှောင့်ယှက်နေတဲ့ကောင် တစ်ယောက် လျော့သွားတာပေါ့၊ ပြောပါဦး... နောက်ထပ် သတင်းက ဘာလဲ " ရဲ့ချန်က မေးလိုက်သည်။

" အခု အကျော်ကြားဆုံး သတင်းက အလှဆုံး ကျောင်းပန်းလေးပွင့် စာရင်းပဲကွ၊ အဲ... ကျောင်းပန်းလေးပွင့် စာရင်းမှာပါမယ့် မိန်းကလေးတွေက အကုန် အချောတွေချည်းပဲနော် " ကျန်းချောင်က ဤအကြောင်းကို ပြန်လည် ပြောပြသောအခါ အလွန်တရာ စိတ်လှုပ်ရှားနေသည်။

" အလှဆုံး ကျောင်းပန်းလေးပွင့်... " ရဲ့ချန်က ရေရွတ်လိုက်သည်။ ရဲ့ချန်က နှစ်စဉ်နှစ်တိုင်း ကျောင်းက အလှဆုံး မိန်းကလေး လေးယောက်ကို ရွေးချယ်ပေးကြောင်း ကြားဖူးသည်။ ကျောင်းသား ကျောင်းသူများက တစ်ယောက်ကို တစ်မဲနှုန်းဖြင့် မဲပေးကြရပြီး မဲအများဆုံး လေးယောက်ကို ကျောင်း​၏အလှဆုံးအဖြစ် အားလုံးက တရားဝင် အသိအမှတ်ပြုကြသည်။

" သူတို့က ဘယ်သူတွေလဲ " ရဲ့ချန်က ကျောင်းပန်းလေးပွင့်က မည်သူနည်းဟု သိချင်စိတ် ဖြစ်လာသည်။ ပထမနှစ်က ကျောင်းသူ အသစ်ကလေးလော သို့မဟုတ် တခြားသူလော။

ကျန်းချောင်က ပြုံးလိုက်သည်။ " လေးယောက်မြောက် နေရာမှာ ရပ်တည်နေတာက ချမ်မုန့်ယမ် ပဲကွ၊ သူမက ဒုတိယနှစ် အတန်း A ကပဲ၊ သူမက လှရုံတင် လှတာ မဟုတ်ဘူး၊ အတော်လေးလည်း ဉာဏ်ကောင်းတယ်ကွ၊ နောက်ဆုံးနှစ်က စာမေးပွဲမှာ သင်ခန်းစာတိုင်းကို အမှတ်ပြည့်တာဟ "

ချောင်ယမ်ယမ်က ယခင်က ကျန်းချောင်​၏စကားများကို အလေးမထားပေ။ သို့သော် ထိုစကားကို ကြားပြီးနောက် ကျန်းချောင်ကို အပြစ်တင်သော အကြည့်ဖြင့် ကြည့်လိုက်တော့သည်။

ကျန်းချောင်က တံတွေးများကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။ ချောင်ယမ်ယမ်က သူ့ကို စူးစိုက်ကြည့်နေသော အမူအရာကိုကြည့်ရင်း သူ​၏စကားများကို ဆက်လက် မပြောဝံ့တော့ပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now