အခန်း (၁၃၈) လီချင်းကျူနှင့် ပြန်ဆုံခြင်း

255 16 0
                                    

ရဲ့ချန်က ရှားချင်ယုကို ခေါ်ပြီး ကုမ္ပဏီသို့ ပြန်လာခဲ့သည်။

ကားထဲတွင် ရှားချင်ယုက ရဲ့ချန်ကို စပ်စပ်စုစုဖြင့် စိုက်ကြည့်နေသည်။ ရဲ့ချန်က အမှန်တကယ် မည်သူမှန်း သူမသိလိုသည်။ ထိုလူက ကြယ်နီအဆောက်အဦး ပိုင်ရှင်ကိုပင် ထိတ်လန့်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည် မဟုတ်လား။

သို့သော် အခြေအနေက ယခင်ကအတိုင်း အတူတူပင် ဖြစ်​၏။ ရှားချင်ယုက ရဲ့ချန်ကို စကားတစ်ခွန်းမျှပင် မပြောချေ။

ရဲ့ချန်သည်လည်း ရှားချင်ယု​၏ အပျိုစင်ယင်ချီများကို အာရုံစိုက်ပြီး စုပ်ယူနေခဲ့သည်။

နောက်ဆုံးတော့ ရဲ့ချန် နှင့် ရှားချင်ယုတို့သည် ကုမ္ပဏီသို့ ပြန်ရောက်လာပြီ ဖြစ်​၏။

" ကိစ္စတစ်စုံတရာ ရှိရင် ဆက်သွယ်ဖို့ ကျွန်မကို ဖုန်းနံပါတ်ပေးထားခဲ့ " ရှားချင်ယုက ရဲ့ချန်​၏ဖုန်းနံပါတ်ကို တောင်းယူလိုက်သည်။

ရဲ့ချန်ကလည်း သူ​၏ဖုန်းနံပါတ်ကို ရွတ်ပြလိုက်သည်။

" ရှင့်ရဲ့တာဝန် ပြီးပြီ၊ ရှင် အခု အိပ်ပြန်ချင်ရင် ပြန်လိုရပြီ " ဖုန်းနံပါတ်များ ဖလှယ်ပြီးနောက် ရှားချင်ယုက သူမ​၏အခန်းထဲသို့ ချက်ချင်း ပြန်ဝင်သွားသည်။

ရှားချင်ယု အနားသို့ ကပ်ရန် အတော်လေး ခက်ခက်ခဲခဲ ဖြစ်နေပုံကို မြင်ပြီး ရဲ့ချန်တစ်ယောက် အနည်းငယ် စိတ်အလိုမကျ ဖြစ်သွား​၏။

သို့သော် သူ​၏ကုမ္ပဏီသို့ အလည်အပတ်လာခြင်းက ဤမျှသာ ဖြစ်၍ ရဲ့ချန် အိမ်သို့ ပြန်လှည့်လာခဲ့သည်။

ယနေ့နံနက်ခင်းမှ စပြီး ယခုချိန်ထိ သူ့ကို လူတစ်ယောက်က စောင့်ကြည့်နေသည်ဟု ရဲ့ချန် ခံစားနေရ​၏။ ရဲ့ချန်သည် သူ့ကို စောင့်ကြည့်နေသောသူကလည်း ကျင့်ကြံသူတစ်ဦးဖြစ်မှန်း သတိထားမိသည်။ ကံမကောင်းစွာပင် သူ​၏အဆင့်က အလွန်တရာ နိမ့်ကျနေသည်။ ထိုလူသည် စိတ်ဝိညာဉ် တည်ထောင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်မျှသာ ရှိသော ကျင့်ကြံသူတစ်ဦးပင် ဖြစ်​၏။

ရဲ့ချန်သည် မနက်က လော့ဘင် ပြောပြခဲ့သော စကားများကို ပြန်လည် အမှတ်ရလာသည်။ ယွင်မိသားစုက ယွင်ဟောက် သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် လူတစ်ယောက် လွှတ်လိုက်သည် မဟုတ်ပါလား။ ထို့ကြောင့် စောင့်ကြည့်နေသောသူ​၏ ပစ်မှတ်က သူဖြစ်နေပုံ ပေါ်​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now