အခန်း (၁၅၀) စုဝမ်ဆန် ချမှတ်သော အဆုံးအဖြတ်

333 15 0
                                    

နောက်တစ်နေ့ နံနက်တွင် ရဲ့ချန်တစ်ယောက် အလွန်တရာ ရွှင်လန်းသော ခံစားချက်များနှင့်အတူ နိုးထလာခဲ့သည်။ သူ​၏ရင်ခွင်ထဲတွင် ချောင်ယမ်ယမ် နှင့် စုမန်ချီက တစ်ဖက်တစ်ချက်စီ အိပ်ပျော်နေကြသည်။

ရဲ့ချန် လှုပ်ရှားလိုက်သောအခါ ချောင်ယမ်ယမ်က ချက်ချင်း နိုးလာတော့သည်။ " ယောက်ျား ဂွတ်ဒ်မောနင်း " ချောင်ယမ်ယမ်က သန်းဝေးရင်း ရဲ့ချန်ကို နှုတ်ဆက်လိုက်သည်။

ချောင်ယမ်ယမ်သည် ယခုချိန်ထိ ရဲ့ချန်နှင့် ညလုံးပေါက် အချစ်ပွဲနွှဲခဲ့သည့် ဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေဆဲ ရှိသေး​၏။ ချောင်ယမ်ယမ်သာ ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့လျှင် ရဲ့ချန်​၏ဖွားဖက်တော်ကြီး အောက်တွင် အသက်ပင် ထွက်သွားလိမ့်မည် ဖြစ်​၏။

" ယောက်ျား ငါအရင်ဆုံး ရေသွားချိုးလိုက်ဦးမယ်၊ အမမန်ချီကို နှိုးကြည့်လိုက်ဦး " ထို့နောက် ချောင်ယမ်ယမ်က သူမ​၏အဝတ်အစားများကို ကောက်ယူပြီး ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။

ရဲ့ချန်က စုမန်ချီကို တစ်ချက် စိုက်ကြည့်လိုက်သည်။

စုမန်ချီက ယခုထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲသာ ရှိသေးသည်။ သူမ မနေ့ညက တစ်ညလုံး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သောကြောင့် အလွန်တရာ ပင်ပန်းသွားပုံ ရ​၏။

ယခု စုမန်ချီသည် ယခင်ကထက် ပိုမို လှပနေပြီ ဖြစ်​၏။ ကျောက်စိမ်းရောင် အသားအရည်တို့သည်လည်း ပိုမို နူးညံ့ပြီး ကျန်းမာလတ်ဆတ်နေတော့သည်။

ရဲ့ချန်က စုမန်ချီ​၏ပါးလေးကို အသာ ဆွဲဆိတ်လိုက်သည်။ " မန်ချီ ထတော့၊ မိုးတောင် လင်းနေပြီလေ " စုမန်ချီသည် အိပ်ရာကထရန် အလွန်အမင်း ပျင်းရိနေလေသည်။

သူမ​၏ပုံစံက အချိန်ကြာကြာ အိပ်စက်လိုဟန် ပေါက်နေသည်။ " ယောက်ျား ငါနည်းနည်းလောက် အိပ်ပါရစေနော်၊ ငါတအား အိပ်ချင်နေလို့ပါ " ထိုသို့ပြောပြီးနောက် စုမန်ချီက အိပ်ရာပေါ်ပြန်လှဲပြီး မျက်လုံးများကို မှိတ်လိုက်တော့သည်။

" ဟူး ... နင်က အရမ်းအပျင်းကြီးတဲ့ ငန်းမလှလှလေး တစ်ကောင်လိုပါပဲလား " ရဲ့ချန် အကူညီကင်းမဲ့စွာ ခေါင်းကို ခါယမ်းလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now