အခန်း (၈၁) မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်

282 19 0
                                    

" အလှကုန်အတွက်ကတော့ ကောင်းမယ်လို့ ငါထင်တယ်၊ နို့... နေပါအုံး၊ နင်က ဘာထုတ်ကုန်တွေ ရောင်းမလို့လဲ " လျှို့ယွဲ့က ရဲ့ချန် ရောင်းလိုသော အလှကုန်အား မေးမြန်းသည်။

" ငါ့မှာ အလှကုန်အမျိုးမျိုးအတွက် ဖော်စပ်နည်းတွေ အများကြီး ရှိတယ်၊ ပြီးတော့ ပါဝင်ပစ္စည်းတွေကလည်း ရှာဖွေဖို့ အရမ်းလွယ်တယ်၊ ဥပမာ တစ်ခုအနေနဲ့... " ရဲ့ချန်က နတ်သမီးတံခါးဝ​၏သိုလှောင်ခန်းမထဲမှ အလှဆီတစ်ဘူးကို ထုတ်ယူလိုက်သည်။

" ဒီအလှဆီရဲ့နာမည်က ချိချူလို့ ခေါ်တယ်၊ ဒီကောင်က ဝက်ခြံတွေကို လုံးဝ အရှင်း ပျောက်နိုင်တယ်၊ ဒါကြောင့် ဒီကောင်တွေက စျေးကွက်ထဲမှာဆို လုံးဝ မတွေ့နိုင်ဘူး " ရဲ့ချန်က ချိချူအလှဆီ​၏အကျိုးသက်ရောက်မှုကို ရှင်းပြလိုက်သည်။

လျှို့ယွဲ့က ချိချူအလှဆီ​၏အာနိသင်အကြောင်းကို ကြားရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ လောလောတယ် စျေးကွက်ထဲတွင်ရှိသော အလှဆီများက ဝက်ခြံများကို ၇၀% သို့မဟုတ် ၈၀% အထိသာ ပျောက်ကင်းနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ၎င်းကိုအသုံးပြုပြီးနောက် ဝက်ခြံအစက်များကို အနည်းငယ်တော့ မြင်နေရသေးသည်။ အမျိုးသမီးများက ထိုကဲ့သို့ ဝက်ခြံသေးသေးလေးနှင့်ပတ်သက်ပြီး အမြဲတမ်းလိုလို စိတ်ပျက်နေရသည်။ အမျိုးသမီးများက ဝက်ခြံများကို ၁၀၀% ပျောက်ကင်းနိုင်စွမ်းရှိသော ချိချူအလှဆီအကြောင်းအား ကြားလျှင် သေချာပေါက် ပျော်ရွှင်သွားကြပါလိမ့်မည်။

" နောက်ထပ် ဘာရှိသေးလဲ " လျှို့ယွဲ့က ရဲ့ချန်တွင် ရှိသော ပစ္စည်းများကို အမှန်ပင် စိတ်ဝင်စားသွားသည်။ ရဲ့ချန်​၏ပစ္စည်းကိုသာ စျေးကွက်ထဲတွင် ရောင်းချလိုက်မည်ဆိုလျှင် ဝယ်လိုအားက သေချာပေါက် မိုးထိုးနေပေလိမ့်မည်။

ထိုအချိန်တွင် ရဲ့ချန်က ခရင်တစ်ခုကို ထုတ်ပြလိုက်သည်။ " ဒီခရင်က အမျိုးသမီးတွေကို အသက်ဆယ်နှစ်လောက် ပြန်ငယ်သွားတယ်လို့ ထင်ရအောင် နုပျိုလာလိမ့်မယ်၊ ဒီခရင်ကိုသာ နေ့စဉ်သုံးစွဲမယ်ဆိုရင် အမြဲတမ်း ငယ်ရွယ်နုပျိုနေလိမ့်မယ် " ရဲ့ချန်က ထိုခရင်​၏အာနိသင်ကို ရှင်းပြလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now