အခန်း (၃၇) ချောင်ယမ်ယမ် ပြန်ပေးဆွဲ ခံရခြင်း

451 36 0
                                    

ရဲ့ချန် အနောက်ဘက်ပန်းခြံသို့ ရောက်ရှိလာသောအခါ ချောင်ယမ်ယမ်ကို လိုက်လံရှာဖွေလိုက်သည်။ သို့သော် သူမကို ဘယ်နေရာမှာမှ ရှာမတွေ့ပေ။ ရဲ့ချန် မကောင်းတာတွေဖြစ်လာတော့မည်ဟု ခံစားနေရသည်။

ရဲ့ချန် တစ်နေရာသို့ အကြည့်ရောက်သွားသောခါ ချောင်ယမ်ယမ် အမြဲတမ်းအသုံးပြုတတ်သော လိပ်ပြာဖဲကြိုးလေး မြေပြင်ပေါ်မှာ ကျနေသည်ကို မြင်လိုက်ရသည်။ ရဲ့ချန် ချက်ချင်းပဲ ထိုလိပ်ပြာဖဲကြိုးလေးကို ကောက်ယူလိုက်သည်။ ကြည့်ရတာတော့ တစ်စုံတစ်ယောက် အန္တရာယ်နဲ့တွေ့ပြီး ရုန်းရင်းဆန်ခက်ဖြစ်နေစဉ် ကျကျန်ခဲ့ပုံပေါ်သည်။

ရဲ့ချန် စိတ်ဝိညာဉ်အသိဖြင့် ငါးမိုင်လောက် အကွာအဝေးထိ ချောင်ယမ်ယမ်ကို ရှာဖွေသော်လည်း သူမ​၏အရိပ်အယောင်ကိုတောင် မမြင်ရပေ။ ရဲ့ချန် စိုးရိမ်စိတ်တို့က လှိုက်၍တက်လာသည်။

ရဲ့ချန် ထပ်မံ သူ့ရဲ့စိတ်ဝိညာဉ်အသိ​၏ အမြင့်ဆုံးအကျယ်အဝန်း ဆယ်မိုင်လောက်ထိ ရှာဖွေလိုက်သည်။ သို့သော် ရလဒ်ကတော့ ယခင်ကနဲ့အတူတူ ချောင်ယမ်ယမ်​၏အရိပ်အယောင်ကို မတွေ့ရချေ။

" ယွဲ့ချန် ငါ့ကို ချောင်ယမ်ယမ့်ကိုရှာဖို့ ကူညီပေးပါလား " ရဲ့ချန်လည်း မတက်သာတော့ဘဲ ချောင်ယမ်ယမ်ကို ရှာဖွေပေးဖို့ ချူးယွဲ့ချန်အား အကူအညီတောင်းလိုက်ရတော့သည်။

ချူးယွဲ့ချန် " ရတယ် ရဲ့ချန်။ ငါကူညီပေးမယ်။ ဒါပေမယ့် ရှင့်ရဲ့ စွမ်းအင်အဆီအနှစ်တွေကိုတော့ သုံးရလိမ့်မယ် "

ရဲ့ချန် " ကောင်းပြီ "

ထို့နောက် ရဲ့ချန် သူ​၏ကောင်းကင်စွမ်းအင်များကို အလွန်လျင်မြန်သောနှုန်းဖြင့် စုပ်ယူနေသည်ကို ခံစားလိုက်မိသည်။ ထိုအရာက အချိန်အတော်ကြာမှ ပြီးဆုံးမည်ဆိုလျှင် သူ​၏ကောင်းကင်စွမ်းအင်များ ပြက်လပ်သွားပါလိမ့်မည်။

ချူးယွဲ့ချန်က သူမ​၏စိတ်ဝိညာဉ်အသိဖြင့် ချောင်ယမ်ယမ်ကို နေရာတိုင်းမှာ လိုက်လံရှာဖွေလိုက်သည်။

ချူးယွဲ့ချန် " ရဲ့ချန် ချောင်ယမ်ယမ်က ဒီနေရာကနေ မြောက်ဘက် ၂၅ မိုင်အကွာအဝေးမှာ ရှိတယ်။ သူမက ဒီမြို့ကနေ အမြန်ဆုံး ထွက်ခွာနေတဲ့ပုံပေါ်တယ်။ ချောင်ယမ်ယမ့်ဘေးမှာ လူကိုးယောက်ရှိတယ်။ အဲ့ထဲကတစ်ယောက်ကတော့ ကျင့်ကြံသူတစ်ဦးပဲဟ "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now