အခန်း (၇၁) ချောက်နှုတ်ခမ်းပေါ်က ပိုင်ချုံး

320 17 0
                                    

" ပိုင်ချုံး... ရှင့် လုပ်ရပ်ကို ရှင်သိတယ်မလား " လျှို့ယွဲ့က အင်မတန် ဒေါသထွက်နေသည်။ သူမ​၏ ရဲရဲတောက်သော ဒေါသများအား ရှယ်ယာဝင်များတောင်မှ အလိုလိုခံစားမိလာသည်။

" ဒါရိုက်တာ လျှို့... ကျုပ် အမှားသေးသေးလေးတစ်ခု လုပ်မိသွားပါတယ်၊ သုယောင်က ကျုပ်ငှားထားတဲ့ ကိုယ်ရံတော်တစ်ယောက်ပါ၊ ကျုပ် သူနဲ့ လုံးဝ မရင်းနှီးပါဘူးဗျာ " သူတို့အားလုံး သတိလည်မလာခင် သုယောင်က ထွက်ပြေးသွားသည့်အတွက် ဆင်ခြေတစ်ခုကို အလျင်အမြန် ရှာပေးလိုက်ရတော့သည်။

" သုယောင်... မိမစစ် ဖမစစ်ကောင်၊ ဒီလိုအချိန်ကြီးမှာ မင်းက ဘယ်ကိုသွားနေတာလဲ " ပိုင်ချုံးက စိတ်ထဲမှ ပြစ်ပြစ်နှစ်နှစ် ကျိမ်ဆဲတော့သည်။

" ရှင်က ရဲ့ချန်ကို အပ်နဲ့ထိုးလိုက်တဲ့လူနဲ့ မသိတာ သေချာလား " လျှို့ယွဲ့က ပိုင်ချုံးကို မေးလိုက်သည်။

အမှန်စင်စစ် လျှို့ယွဲ့က မနေ့က ရဲ့ချန်ပြခဲ့သော ဗွီဒီယိုအားကြည့်ပြီး သုယောင်နှင့်ပိုင်ချုံးတို့​၏ဆက်ဆံရေးကို ကြိုသိနေပြီဖြစ်သည်။ လျှို့ယွဲ့က ပိုင်ချုံးအား မည်သည့်အရာမျှ ပြန်လည်ငြင်းဆန်နိုင်ခြင်း မရှိရလေအောင် ဗွီဒီယိုပြမည့်အချိန်ကို စောင့်စားနေခြင်းဖြစ်သည်။

" တကယ်တော့... ကျုပ်က အမှန်တရားတစ်ခုကို ပြောတာပါ၊ အဲ့ဒီ့လူကို အလုပ်ခန့်တဲ့ကုမ္မဏီကို ဖုန်းခေါ်ပြီး ဒီပြဿနာကို ချက်ချင်း တိုင်ကြားလိုက်ပါ့မယ် " ပိုင်ချုံးက ဆင်ခြေတစ်ခုကို ရှာဖွေနိုင်သောကြောင့် အတော်လေး ကျေနပ်သွားသည်။

" ကောင်းပြီလေ... ရှင့်စကားကို ကျွန်မတို့ မှတ်ထားပါ့မယ်၊ ရဲ့ချန် ဗွီဒီယိုကို ဖွင့်ပြလိုက် " လျှို့ယွဲ့က ရဲ့ချန်အား သုယောင်နှင့်ပိုင်ချုံးတို့​၏စကားဝိုင်းအား သက်သေအဖြစ် ချပြရန် ပြောလိုက်တော့သည်။

ရဲ့ချန်ကလည်း တုံ့ဆိုင်းမနေဘဲ သူ​၏အင်္ကျီအိတ်ကပ်ထဲမှ ဖုန်းကို ချက်ချင်း ထုတ်ယူလိုက်ပြီး သုယောင်နှင့် ပိုင်ချုံးတို့​၏စကားပြောနေပုံတို့ကို ဤနေရာရှိ လူတိုင်း မြင်သာစေရန် ဖွင့်ပြလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now