အခန်း (၂၇) ဆရာမလင်းရို့ချီကို ကုသပေးခြင်း

396 37 0
                                    

ဆရာမလင်းရို့ချီက အအေးတစ်ခွက်ကို ယူလာပြီး ရဲ့ချန် ရှေ့ကစားပွဲပေါ်မှာ ချပေးလိုက်သည်။

" အရင်ဆုံး သောက်ပါအုံး " လင်းရို့ချီက ရဲ့ချန်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ပြောလိုက်သည်။

ရဲ့ချန်က တုန့်ဆိုင်းမှုမရှိဘဲ အအေးကို ချက်ချင်းသောက်လိုက်သည်။

" ရဲ့ချန် နင် ငါ့ရဲ့ရောဂါကို ဘယ်လိုကုမှာလဲ " လင်းရို့ချီက မေးလိုက်သည်။

ရဲ့ချန် " ဪ ဆရာမရဲ့ ရောဂါက ကုပေးဖို့ လွယ်လွယ်လေးပါ။ ဆရာမကို နှိပ်ပေးဖို့ပဲ လိုတယ်။ ဆရာမရဲ့ခန္ဓာကိုယ်ကြွက်သားတစ်ရှူးတွေက အအေးလွန်နေတာ။ အဲ့ဒါက ဆရာမရဲ့ခန္ဓာကိုယ်တစ်ခုလုံး ဆက်ပြီး ကူးစက်သွားမယ်ဆိုရင် အကြောတွေ အကုန်သေကုန်လိမ့်မယ် "

" အဲ့ဒါက စိုးရိမ်ရလား " ဆရာမလင်းရို့ချီ အမှန်ပင် ထိန့်လန့်လာရသည်။

" အင်း စိုးရိမ်ရတယ်။ အရင်ကဆိုရင်တော့ အဲ့ဒါက ပြဿနာတစ်ခုပေါ့။ ဒါပေမယ့် ဆရာမ ကျွန်တော်နဲ့တွေ့တာ အရမ်းကံကောင်းတယ် " ရဲ့ချန် လေးလေးနက်နက် ပြောလိုက်သည်။

" အဲ့ဒါဆိုရင်လည်း နင်က ဘာကိုစောင့်နေတာလဲ။ လာစလိုက်ကြစို့ " ဆရာမလင်းရို့ချီက အနည်းငယ်စိတ်မရှည်ဖြစ်နေသည်။

" ကောင်းပြီလေ။ ဘာတွေလောနေတာလဲ။ ပထမဆုံး ဆရာမရဲ့ဂါဝန်ကို ချွတ်လိုက်အုံး။ ဒါမှ ပေါင်တွေကို နှိပ်ပေးလို့ရမယ် " ဆရာမလင်းရို့ချီဆီမှ အတိတ်နိမိတ်မကောင်းသော အငွေ့အသက်များ ထွက်လာသည်။

" ရဲ့ချန် နင်က အတော်အရှက်မဲ့တဲ့အကောင်ပဲ။ နင်က ဒီဆရာမကို အမြတ်ထုတ်ချင်နေတာမလား။ ရတယ်လေ ငါမကုတော့ဘူး " လင်းရို့ချီ​၏ရင်ဘက်က နိမ့်လိုက်မြင့်လိုက်ဖြင့် အတော်ကို ဒေါသထွက်နေမှန်း သိသာသည်။ သူမက ရဲ့ချန်အပေါ်ယုံကြည်ခဲ့တာတောင်မှ အမျိုးသမီးတစ်ယောက်ကို ပြစ်မှားချင်နေသော တခြားယောက်ျားတွေနဲ့ အတူတူပဲဖြစ်နေလိမ့်မယ်ဟု မထင်ထားခဲ့ချေ။

ရဲ့ချန် " ကောင်းပြီလေ ဆရာမက မလိုချင်ဘူးဆိုလည်း ကျွန်တော့်အတွက်က ကိစ္စမရှိပါဘူး။ ဆိုတော့ ကျွန်တော်တို့က တွေ့ဆုံးဖို့ မလိုတော့ဘူး "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now